တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့………တည်းခိုခကို တစ်ည ၃၀၀၀ဝ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့…..မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀ဝ တောင်းသတဲ့…. ……မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့……… မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀ဝဆိုတော့…ခက်တော့တာပေါ့……… မန်နေဂျာက ဒီလိုရှင်းပြသတဲ့…….. ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာရာအိုကေတွေ……..ဘားတွေ……..ရှိတယ်…. အဲ့ဒီအတွက်က ၃၀၀၀ဝယူတယ် …..ဆိုတော့.. မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့………. မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……လို့ပြောလိုက်သတဲ့….. နောက်ထပ် ၃၀၀၀ဝ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့……….. မင်းတို့ရေကူးတာမကူးတာ….ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ..ရေကူးကန်အတွက် အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့….. […]