Shwe Zin USeptember 13, 20101min1886
ဆရာနီကိုရဲ ဆုံးတဲ့ နေ့က ဒီစာလေး ရေးခဲ့ပါတယ်…။ ဒီနေ့မနက်စာရေးဆရာ နီကိုရဲ ဆုံးသွားကြောင်း e-mail ထဲကသတင်းရတော့ စိတ်မကောင်းဖြစ်မိတယ်။ မျှဝေချင်တဲ့စိတ်ကြောင့် အနီးအနားမှာ ရှိတဲ့ ကိုယ့် customers တွေကိုပြောမိတယ်၊ သိတော့ သိတယ် သိပ်မသိဘူးတဲ့။ ဘာမှခံစားချက်မရှိဘူး။ ကိုယ့်ဝန်ထမ်းကလေး တွေကိုပြောမိတော့လည်း ဒီအတိုင်းဘဲ။ ဩ ပိုပိုပြီးတော့ စိတ်မကောင်း ဖြစ်မိရပါလား။ ဘယ်လို လူတွေနဲ့များ တွေ့နေရပါ့လည်းနော်။ ဒီနေ့တော့ဗျာ ကျနော်တို့ ရွှေမန်းတလေးက မဟာဆန်သော၊ အပြောအဆို ယဉ်ကျေးသိမ့်မွေ့သော၊ customers  များအားယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်သော ဆိုင်ရှင်မမ၊ အရောင်းဈေးသည်မမ တို့အကြောင်းဖောက်သည်ချ ပါရစေဗျာ။ ထမင်းစားမကောင်းလို့ ထမင်းဆိုင်သွားပြီး ဟင်းဝယ်မိပါတယ်။ ဟိုဟင်းလေးကောင်းနိုးနိုး၊ ဒီဟင်းလေး ကောင်းနိုးနိုးနဲ့ ဟိုရွေးဒီရွေးဆိုတော့ ဆိုင်ရှင်မမ ကလည်းသနားသွားတယ် ထင်ပါတယ်။ အကြံကောင်း […]


Shwe Zin USeptember 12, 20101min1361
ကျနော် သိပ်နေမကောင်းတာ ဒီနေ့နဲ့ ဆိုရင် ၃ရက်လောက် ရှိပြီဗျ..၊ ဒါပေမဲ့ ကျနော်က အားနာ တတ်တော့ ဘယ်သူ့မှ မပြောဘူး..၊ တော်ကြာ ကျနော် နေမကောင်းတဲ့ သတင်း ပေါက်ကြားသွားရင် ဆရာဝန်က လိမ္မော်ရည်လေး၊ စပြစ်ရည် လေးသောက်ပါ..၊ အဲဒါလေး နဲ့ တည့်ပါတယ် လို့များ ပြောလိုက်ရင် ကျနော့် ကို ချစ်သူများက လိမ္မော်တခြံ နဲ့  စပြစ်တခင်း များ လက်ဆောင် လာပေးနေရင် အခက်ဘဲ ဆိုပြီး အသာငြိမ် နေရတယ်..။ ကျနော့် တို့ စီမှာက သိပ်ချစ်တတ် သိပ်သိတတ် ကြတာကိုးဗျ..၊ မင်္ဂလာ လေးတခါ ဆောင်လိုက် ပါတယ်..၊ တိုက်တွေ၊ကားတွေ၊ စိန်တွေ ၁ဝသက်စာလောက် ဖူလုံသွားတဲ့ ရာဇဝင် တွေက […]


Shwe Zin USeptember 11, 20101min1492
ကျနော် ဒီပို့စ် မှာ ကျနော် ငယ်ငယ်က စားခဲ့တဲ့ အညာစာ လေးတွေ အကြောင်း နဲနဲ ရေးချင်ပါတယ်..၊ အညာ စာ ဖြစ်တဲ့ အပြင် တကယ့် အညာ ရွာက အညာသူ-အညာသား တွေ သိပ်ကြိုက်တဲ့.. ထမင်း သိပ် မြိန်တဲ့ ဟင်းလေး ပါဘဲ..။ ကျနော် ငယ်ငယ် က အကြောင်းတွေ ရေးတဲ့ အခါမှာ ကျနော် တို့ အိမ်က စာတော်ဖတ် မမ တွေအကြောင်း ရေးပြ ပြီးပါပြီ…၊ အဲဒီ စာတော်ဖတ် မမ တွေဟာ ကျနော် တို့ အိမ်မှာ သိပ်ပျော်ပါတယ်..၊ မေမေ ကလည်း သဘောကောင်းတော့ အိမ်မှာ နေရတာ အဆင်ပြေတော့ အားလုံး […]


Shwe Zin USeptember 10, 20101min960
ကျနော်တို့ ပတ်ဝန်းကျင်မှာ ဘယ်လို လူမျိုးတွေ အများဆုံးရှိနေပါသလည်း၊ လူတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ တချို့က ဒီလို ခွဲခြားကြပါတယ်တဲ့၊ နံပါတ်     (၁) အမျိုးအစားက ဉာဏ်ကောင်းပြီး တက်ကြွတဲ့သူတွေ၊ intelligent and eager ပေါ့၊ သူက အကောင်းဆုံး၊ နံပါတ်     (၂) အမျိုးအစားကတော့ ဉာဏ်ကောင်းပြီး ပျင်းတဲ့သူတွေပေါ့၊ intelligent and lazy၊ သူကလည်း ဘာပြသာနာမှ မရှိဘူး၊ နံပါတ် (၁) လောက်တော့မကောင်းဘူးပေါ့။ နံပါတ်     (၃) အမျိုးအစားကတော့ ဉာဏ်လည်း မကောင်းဘူး ပျင်းလည်းပျင်းတယ်၊dull and lazy (ဉာဏ် မကောင်းဘူး ဆိုတဲ့နေရာမှာ ရိုးရိုးဉာဏ်မကောင်း ရုံမဟုတ်ဘူး၊ ဉာဏ်မရှိတဲ့ သဘောပိုသက် ရောက်တယ်)၊ […]


Shwe Zin USeptember 9, 20101min1220
ဓမ္မပဒ ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက် လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ထို အကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ် သည် နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်၊ပေါ်ပေါက် ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။ ထိုု အနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ထို တရားပုုဒ်ကလေးများကို ရှေးယခင်က ရဟနာ္တအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ သံဂါယနာတင်ထားခဲ့ကြ၏။ တစ်ဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ၊ စာရွက်အက္ခရာ တင်ခဲ့ကြ၏။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြ၏။ ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က ဓမ္မပဒဟူသည့် တရားအနှစ်ချုပ် စာပုဒ်ကလေး […]


Shwe Zin USeptember 8, 20101min2127
ကျနော့် ဆောင်းပါးထိပ် ခေါင်းစဉ်စာသားလေး က ကျနော်တို့ရွာမှာ တခါက အမှန် တကယ်ဖြစ်ခဲ့ တာလေးပါ၊ ရွာကလေးကတော့ ပေါစိန် မလာနဲ့ ပိုင်စိ လာ ဆိုတဲ့ စကားလေးကြားလိုက်ရင် ဘာကို ရည်ရွယ် သလည်း ဆိုတာ သိကြပါတယ်။ ဥပမာဗျာ..ကျနော်တို့ နိုင်ငံမှာ ကူညီပါရစေ ဆိုရင် အားလုံး သိကြပါတယ်နော်၊ ကျနော်တို့ ကတော့  ဟဲ…ဟဲ အကူအညီ မတောင်းရဲ ပါဘူးဗျာ၊  ( ကြောက်.. ကြောက်တတ် လို့ပါ) အခုလည်း အဲဒီလိုပါဘဲ။ ကျနော် ရွာပြန်ရင်းနဲ့ ကြုံ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် လေးပါ၊  ပြန်လည် တင်ပြလိုက် ရပါတယ် ခင်ဗျား။ မှတ်မှတ်ရရ အဲဒီနှစ် ဆောင်းတွင်း က နှင်းကျချက် ကတော့ […]


Shwe Zin USeptember 7, 20101min1451
ကျနော်တို့ မန္တလေးသားတွေဟာ တခြားမြို့သူမြို့သားတွေထက်စာရင် ကိုယ့်မြို့ကိုယ် အစွဲအလန်း တော်တော်ကြီး ကြတာတွေ့ရတယ်။ နောက်ပြီး မန္တလေးသား ဖြစ်ရတဲ့အတွက် ဂုဏ်ယူကြတယ်၊ ဘယ်ရောက်ရောက် မန္တလေးသား ဆိုတာကို မမေ့ကြဘူး၊ ကျနော်လည်း မန္တလေးသားဖြစ်တဲ့အတွက် အရင်တုန်းကတော့ ဂုဏ်ယူဘူးတယ်။ နောက်တော့ လူမျိုးစွဲ၊ ဒေသစွဲ တွေကြောင့် ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ပတိပက္ခတွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲတွေကို တတ်နိုင်သလောက် ဖျောက်ပြစ်ရမယ်ဆိုပြီး ကျနော် မန္တလေးသား ဖြစ်တာကို မေ့ထားတာတောင် အတော်ကြာခဲ့ပြီ။ ကျနော်တို့ မြန်မာပြည်မှာ မန္တလေးဟာ အရင်တုန်းကထိတော့ ဒုတိယမြို့တော် အခုတော့မသိတော့ဘူးဗျာ၊ ဘာမြို့တော် လည်းဆိုတာ၊ ဟား ဟား ခင်ဗျားတို့သိရင်တော့ ပြောကြအုန်းပေါ့။ တကယ်တန်း မန္တလေးဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ ရှိတဲ့ အညာရွာကြီးတရွာပါဘဲ၊ နိုင်ငံခြား […]