ဆူးMarch 16, 20111min2253
ခရီးခဏခဏ ထွက်လို့ဘဲ ပြောရမလားဘဲ။ ဟိုတယ်တွေမှာ သရဲ ခြောက်တာ ခဏခဏ ကြုံဘူးပါတယ်။ ကိုရီးယား က ဟိုတယ် တခုမှာ ဟိုတယ်နာမည်တော့ မေ့သွားပြီး ခရီးထွက်တာ တညကို ဟိုတယ် တခု အိပ်တာ ဆိုတော့ ၂ရက်ဆက်တိုက် သရဲ ခြောက်တဲ့ ခံစားမှုကို ခံစားခဲ့ရတယ်။ ဟိုတယ်တွေကတော့ အကောင်းစားတွေကြီးဘဲ အခန်းတွေကလည်း ဖွဲ့စည်းပုံက တော်တော် ကျယ်တယ်။ လူနေတိုက်ခန်း တခုလောက်နီးပါးကျယ်ပါတယ်။ ဟိုတယ် ရဲ့ အောက်ဘက် မြေအောက်ထပ်မှာ စူပါမားကတ် တွေ ရှိတတ်ပါတယ်။ အခန်းထဲမှာ ကုတင် ၂ခု အပြင် ရိုးရာ ပုံစံ ခင်းအိပ်လို့ရအောင် အခန်းသီးသန့် တခန်းပါသေးတယ်။ သူ့လူမျိုးတွေ ဓလေ့ အကြိုက် လုပ်ထားလို့ တော့ ပြောတာဘဲ။ […]