မိုးတွေရွာပြီ…။ ငယ်ငယ်က မိုးရွာရင်ဖြင့် ဘယ်သူပျော်ပျော်မပျော်ပျော် ကောင်းကင်ပြာတော့ သိပ်ပျော်တာပဲ…။ နွေအပူဒဏ်ကလွန်ပြီး ခေါင်မိုးပေါ်မိုးကျသံတဖြောက်ဖြောက်အောက်မှာ အိပ်ရတာလောက် အပျင်းထူလို့ ကောင်းတာမရှိ…။ ကော်ဖီပူပူခွက်လေးကိုင်၊ ပြတင်းပေါက်ဘေးရပ် အပြင်ကိုကြည့်ရင်း မိုးရွာတာကြည့်ရင်း မိုးနံ့ပါတဲ့ လေကိုရှုရတာလဲ သဘောကျတယ်….။ အဲ့ဒီကော်ဖီခွက်လေးနဲ့ အိပ်ယာပေါ်တက်၊ စောင်လေးလွှားထား၊ ခေါင်းအုံးလေးမှီပြီး စာအုပ်ဖတ်ရတာလဲ နတ်ပြည်စည်းစိမ်လို…။ မိုးရာသီဆို သူငယ်ချင်းတွေ ညည်းတတ်ပေမယ့် ကောင်းကင်ပြာတော့ မိုးရွာတာကို အတော်သဘောကျခဲ့ဖူးတယ်..(Invertebrate တွေကို ကြောက်တာကလွဲရင်..)။ ငယ်ငယ် စက်ဘီးလေးစီးရင်း မိုးရွာထဲ အဆောင်းအကာမပါဘဲ ကျူရှင်သွားဖူးတယ်..။ ကတ္တရာလမ်းတွေက မညီတော့ ကားလမ်းဘေးစက်ဘီးစီးလို့ ထီးကိုင်ဖို့အတွက် လက်တစ်ဖက်လွှတ်စီးရရင် မတော်တဆဖြစ်မှာစိုးတာနဲ့ ထီးတောင်မကိုင်ခဲ့။ မိုးရေထဲ ကျူရှင်သွားပြီး ကျူရှင်စာသင်ချိန် ၁နာရီခွဲ ၂နာရီက ခေါင်းစုတ်ဖွား အဝတ်ရေစိုနဲ့ပေါ့..။ ဆရာမက သူ့အဝတ်တွေ ပေးဝတ်ပေမယ့်..အမြဲငြင်းခဲ့တာပဲ…။ ခေါင်းသုတ်ဖို့ […]