အာဂMarch 20, 20121min1725
။ ကျုပ်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ အဘွားရဲ့အဖေ၊ ဘိုးကြီး အဘိုးရဲ့အမေ ဘွားကြီးတို့နဲ့ တောင်နေခဲ့ဖူးသဗျ။ အဲဒီ အဘိုး- အဘွား ဘိုးကြီး ဘွားကြီးတွေက ရှေးလူကြီးတွေမဟုတ်လား၊ ရှေးရိုးဆန်တာပေါ့ဗျာ။ အဲဒီတော့ သူတို့နားဝင်ဆိုးတဲ့ စကားမျိုး ကြားလိုက်ရရင် သူတို့လက်သုံးစကားနဲ့ပဲ တွင်တွင်ကြီးတုံ့ပြန်တော့တာပေါ့။ သူတို့ လက်သုံးစကားက ´ကြားရ- ကြားရ နားဝမချမ်းသာလိုက်လေကွယ်´တဲ့။ အခု ကျုပ်ကိုယ်တိုင်လည်း ရှစ်ဆယ်ကျော် အဘိုးကြီးဖြစ်လာတော့ နားခါးတဲ့စကားသံတွေ၊ ပြောသံ-ဆိုသံတွေ ကြားလာရရင် အဘိုးကြီးနည်းနဲ့ တုံ့ပြန်မိလာတယ်ဗျာ၊ ကြားရ- ကြားရ နားဝမချမ်းသာလိုက်တာလေသကွယ်။ ကျုပ်နားခါးနေတဲ့ စကားက ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်းဗျ။ ခင်ဗျားတို့ အားလုံးလည်း အဲဒါတွေကြားနေကြရမှာ ပေါ့ ။ကြားတိုင်းလည်း နားခါးနေကြမှာပေါ့ ။ ပြည်သူတွေအားလုံးလည်း နားခါးနေကြမှာပေါ့ ။ ဒီချုပ်အဖွဲ့ဝင်တွေ အားလုံးလည်း နားခါးကြမှာ […]