kotun winlattMay 21, 20122min1946
ကျနော့်နာမည်က အောင်အောင်ပါ…။ဒီနှစ်ကျနော် ပဉ္စမတန်းအောင်လို့ ဆဋ္ဌမတန်း တက်ရမှာလေ…။ ဪ….ဟုတ်ကဲ့ ..ကျောင်းတွေဖွင့်တော့မယ်လေ..။ ကျနော်ကျောင်းတက်ရဖို့ မသေချာသေးပါဘူး။ ကျောင်းအပ်ခရှိပေမယ့်..စာအုပ်ဘိုးတွေ တခြားစရိတ်တွေကို အိမ်ကတတ်နိုင်ပါ့မလား မသိသေးဘူး။ အဖေလား..ရှိတယ်ဗျ..အလုပ်အကိုင်ကဝိုင်းဆရာပါ။ ဝိုင်းဆရာဆိုတာ စာသင်တဲ့ဆရာကို ပြောတာမဟုတ်ဘူးနော်.. သစ်စက်မှာ လွှဝိုင်းကြီးကို ကိုင်ရတဲ့ဆရာပါ။ ဟုတ်ကဲ့ … ဝင်ငွေကတော့ ပုံမှန်ဘယ်ရှိပါ့မလဲ။ သစ်စက်လည်ရရင်တော့ ငွေဝင်တာပေါ့..။ အမေကတော့ဆုံးသွားပါပြီ။ အခု အမေလေးနဲ့ နေရပါတယ်။ အမေလေးဆိုတာကတော့ အဖေ့ရဲ့ နောက်မိန်းမ ကျနော့်ရဲ့ မိထွေးလေ..။ အမေဆုံးတော့ ကျနော်တို့ မောင်နှမသုံးယောက်ကျန်ထားခဲ့တယ်။ ကျနော်က အကြီးဆုံးပေ့ါ။ အငယ်နှစ်ယောက်ကတော့ ညီမလေးတွေပါ။ သူတို့တွေကတော့ အမေဆုံးပြီး သိပ်မကြာခင်မှာ အဖေနောက်အိမ်ထောင်ပြုတော့ ကြီးကြီးက လာခေါ်သွားတယ်လေ။ ကြီးကြီးဆိုတာက အဖေ့ရဲ့ အစ်မကိုပြောတာပါ..။ အမေဆုံးတော့ ကျနော်ဒုတိယတန်းပါ။ ညီမလေးတွေကတော့ တော်တော်ငယ်သေးတယ်။ […]


kotun winlattMay 19, 20123min35610
ကျနော်တို့တောင်ခြေရောက်တော့ အတက်တုန်းကနားခဲ့ရတဲ့ ဆိုင်လေးမှာပဲ ထိုင်နားကြတယ်… ကိုစိန်သော့နဲ့ကျနော်က အရင်ရောက်နှင့်တာမို့ အအေးတစ်ဘူးစီကိုယ်တိုင်ယူစနစ်နဲ့ ယူပြီး သောက်နေလိုက်ကြတာ… ကိုစိန်သော့နဲ့ ကျနော် စကားပြောရင်း ကျနော်မသိတာတွေ မေးရင်းပါ…။ တော်တော်လေးကြာမှ လေးပေါက်တို့ တူဝရီး ရောက်လာကြတာ…။ ဖရဲကတော့ ရောက်မလာသေးပါဘူး။ လေးပေါက်က ဖရဲရော ဘယ်မှာလဲလို့ မေးပါတော့တယ်…. လေးပေါက်မေးပြီး မကြာခင်ပဲ ဖိနပ်မပါ ခြေဗလာနဲ့ဖရဲ ရောက်လာတော့တာ.. ဖရဲက ကျနော် ထိုင်နေတဲ့ ခုံရဲ့ ဘေးမှာဝင်ထိုင်ပြီး အအေးသောက်လေဆိုတော့ မသောက်ပဲ ရေသန့်ဘူးပဲ ယူပြီး သောက်နေရှာတယ်… ဖရဲထိုင်နေတဲ့ ခုံရဲ့ အောက်မှာ ဘယ်သူကျန်ထားမှန်းမသိတဲ့ ဖိနပ်တစ်ရံရှိနေတာလေ…ဒါကို ကျနော်နဲ့ ကိုစိန်သော့က “ဖရဲရေ အဲ့ဖိနပ်လေးစီးခဲ့လေ”လို့ ပြောတော့ ဖရဲက ဖိနပ်ဆိုရင် ဂျော်ဒါနိုးတံဆိပ်လောက်ကို အနိမ့်ဆုံးထားစီးတာဆိုပဲ…။ ကျနော်တို့တွေ နားရင်း […]


kotun winlattMay 18, 20125min2279
ဒုဋ္ဌဝတီမြစ်ရေကကြည်လင်စိမ်းမြနေတာပါပဲ….မြစ်ဆိုပေမယ့် အကျယ်ကြီးတော့မဟုတ်ဘူးရယ်။ နေကလည်းပူနေတော့ ကျနော်မြစ်ထဲကို ဒိုင်ဗင်ပစ်ချပြီး ရေကူးချင်စိတ်တောင်ပေါ်လာရပါတယ်။ တစ်ဘက်ကမ်းကို ကူးသွားတဲ့စက်လှေက ဒီဘက်ကမ်းကို ပြန်လာတဲ့ အချိန် ကမ်းနားကပ်ခါနီး လေးပေါက်က စက်လှေဆရာကို ရေထဲနစ်နေတဲ့ ပန်ကာကို ရေအပေါ်ယံနားကို ရောက်စေပြီး ရေဖွေးဖွေးလေးတွေဖျာထွက်အောင် စက်လှေဆရာကိုလုပ်ခိုင်းပြီး ဓာတ်ပုံရိုက်ကြသေးတာပေါ့။ အဲ့အချိန်မှာပဲ မြစ်ဆိပ်ဆီကို ကလေးတစ်သိုက်နဲ့ အဖွားအို ရေချိုးဆင်းလာကြပါတယ်။ ကလေးလေးတွေကတော့ အပြစ်ကင်းစင်လိုပေါ့…ရေချိုးကြမှာမို့ မိမွေးတိုင်းဖမွေးတိုင်းလေးတွေ နဲ့ပါ…။သူတို့လေးတွေကိုမြင်တော့ ကျနော်ငယ်ငယ်က အဲ့လိုရေချိုးကောင်းလို့ ရေနစ်ခဲ့ရတဲ့ အဖြစ်လေးကို တွေးမိပြီး ပြုံးလိုက်မိပါသေးတယ်..။ ကလေးတွေက ကမ်းကိုကပ်ထားတဲ့ စက်လှေနားကနေ ရေချိုးဖို့တာစူနေကြတာပေါ့..။ စက်လှေမောင်းတဲ့ဆရာလေးက နည်းနည်းမူးနေတယ်ထင်ပါရဲ့…ကလေးတွေကလည်း ကင်မရာကြီးတွေတရွယ်ရွယ်နဲ့ လူကြီးတွေရှိနေတော့ ရှက်သယောင်ကြောက်သယောင်ပေါ့..ဒါကိုလေးပေါက်က ကလေးတွေကို စက်လှေပေါ်ကနေဒါမှမဟုတ် ကမ်းဘေးသစ်ငုတ်တိုပေါ်ကနေ ဒိုင်ဗင်ထိုးကြဖို့ မြောက်ပေးနေသေးတာရယ်…။ကလေးတွေကလည်း လူလည်လေးတွေ မြောက်တိုင်းမမြောက်ကြပါဘူး…။ဒါကိုစက်လှေဆရာက သူ့နားရှိတဲ့ ကလေးတစ်ယောက် ကို […]


kotun winlattMay 11, 20123min37513
ကျနော်တောသားစိတ်ပြေလက်ပျောက် ခရီးသွားလိုက်တာ တစ်လကြာသွားသဗျာ… ဘယ်တွေရောက်ခဲ့ပါသလဲဆိုတာ သိချင်ကြမလားပဲ….. ပြောပြချင်တယ်ဗျာ…. ရောက်ခဲ့တဲ့နေရာလေးတွေအကြောင်း တွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ အကြောင်း အစုံပေါ့… ဒါပေမယ့်လည်း ကျနော်ဖတ်ကောင်းအောင်ရေးနိုင်ပါ့မလားလို့လည်း တွေးနေမိတယ်…. ဘာပဲဖြစ်ဖြစ် အမှတ်တရခရီးစဉ်အကြောင်း သူငယ်ချင်းတွေအကြောင်း ရေးပါရပါစေ…။ ကျနော်ရွာကနေ မန္တလေးရွှေမြို့တော်ကြီးဆီ မီးရထားကြီးစီးပြီးသွားခဲ့တာပေါ့ဗျာ…။ မီးရထားစီးရတဲ့ဒုက္ခဆိုပြီး စာတစ်ပုဒ်လောက်ကောင်းကောင်းရေးလို့ရပေမယ့် … မရေးတော့ပါဘူး…။ထားလိုက်ကြပါစို့ …. ဒီလိုနဲ့ ကျနော်မန္တလေးရွှေမြို့တော်ကြီးဆီရောက်လာခဲ့တယ်ပေါ့…. အရိုးရေးပြီးဆင်ပေါက်ဆိုတဲ့ သီချင်းထဲက ရွှေခြေကျင်းနဲ့မန္တလေးသီချင်းလေးကို ညာဉ်းလိုက်မိသေးရဲ့ ….တကယ်ကျတော့ ရွှေခြေကျင်းနဲ့ မန္တလေးမဟုတ်ဘူးပဲဗျ… စကတ်တိုတို ဘောင်းဘီတိုတိုနဲ့ မန္တလေးပါ…. ရောက်ရောက်ခြင်းနေ့မှာပဲ ရွှေမန္တလေးသား လေးပေါက်ဆီဖုန်းဆက်လိုက်တော့ တိုက်တိုက် ဆိုင်ဆိုင် လေးပေါက်နဲ့အတူ ကိုစိန်သော့ ကိုဖရဲပြီးတော့ လေးပေါက်တူမလေးတို့ မန္တလေး နဲ့ တော်တော်လေးလှမ်းတဲ့ ရဲရွာသွားတဲ့ လမ်းက ဒီးဒုတ်ရေတံခွန်ဆီကို ဓာတ်ပုံရိုက်ထွက်ကြမယ် ပြောသဗျ… ကျနော်ကိုလည်း […]


kotun winlattApril 29, 20121min2278
သို့သော် အမတ်အပေါင်းတို့သည် ကံဆိုးပေသည်. ကြိုးစားထားသမျှကို ပြသခွင့်မရလိုကြချေ။ ငါးဇင်ရိုင်း ဘုရင်ကြီးသည် ချမ်းသာရေးစီမံကိန်းအကြောင်း မေးမြန်းရန်ပင်အချိန်မရှိ… ထိုစီမံကိန်းစပြီး မကြာမီပင် ဘုရင်ကြီး၏မယ်တော်သည် နာမကျန်းဖြစ်၏ ကိုယ်ခန္ဒာတွင် အကွက်အကွက်များပေါ်၍ တစ်ကိုယ်လုံးနုံးချိကာ ပျော့ခွေနေပေသည်။ “ခေါင်းမူးလိုက်တာ”ဆိုသည်ကိုပင် ပီပီပြင်ပြင်မငြီးနိုင်ရှာ…။ အနယ်နယ်အရပ်ရပ်မှ အထူးကုသမားတော်များသည် ဝင်ခလုတ်ထွက်ခလုတ်ပင်တိုက်ကြ၏။ ဘုရင်ကြီးသည် ကနဦးတွင် “အနာကြီး” များလားဟုထင်ကာလန့်သွားသေး၏။ နောင်မှ သမားတော်က “ပြဒါးအဆိပ်သင့်တာပါဘုရား” ဆိုမှစိတ်အေးရ၏။ ပြီးလျှင်ချက်ချင်းပင် “အစာကိုအဆိပ်မည်သူခတ်သနည်း”ဟုတွေးကာ ကြောင့်ကြမှုဖြစ်ပြန်သည်။ ထို့ကြောင့် ရေလည်းရဲရဲမသောက်ဝံ့…အစာလည်းရဲရဲမစားဝံ့….“တရားခံဘယ်သူလဲ”ဟုသာ နေ့စဉ်နှင့်အမျှဟစ်ကာဟစ်ကာ မေးသည်. ထို့နောက်တရားခံရှာမရသည့်အဆုံးတွင် “စားဖိုမှူးများအားလုံးအား အချုပ်တွင်ထည့်စေ”ဟုအမိန့်ချ လေသည်။ ထိုရက်များတွင် ဘုရင်ကြီးသည် အေးအေးလူလူမနေရ… ပူပန်ကာနေရပေသည်။ ထိုသို့ဖြင့် လွန်ခဲ့ပြီးသော တစ်မနက်တွင် တောင်တောင်အီအီတွေးနေရင်း “ငါဘုရင်ပင်မိခင်မကျန်းမာသည်ကို ဒီမျှပူပင်ရလျှင် သာမန် ပြည်သူပြည်သားတို့သည် ပို၍ပူပင်ကြရပေလိမ့်မည်”ဟုတွေးမိကာ မှူးကြီးမတ်ရာအပေါင်းတို့အား […]


kotun winlattApril 27, 20121min29111
အခြားသောချောင်းများကဲ့သို့ပင် ရွှေလေးတန် အမည်ရှိသောချောင်းသည် မြောက်မှ တောင်သို့ စီးဆင်းနေပေသည်။ ထိုရွှေလေးတန်ချောင်းကြီးအတွင်းတွင် ငါးရံ့၊ ငါးဖယ်၊ ငါးပြေမ၊ လိပ်၊ ပုစွန်၊ ကဏန်း၊ မိကျောင်း အစရှိသည့် ရေသတ္တဝါမျိုးစုံတို့သည် ပျော်ပျော်ရွှင်ရွှင် ကျက်စားလျှက်ရှိကြ ၏။ အနှီရေသတ္တဝါ အစုအပေါင်းတို့ကိုမူ ငါးဇင်ရိုင်းဘုရင်ကြီးက အုပ်ချုပ်တော်မူသည် ဟူသတတ်။ အခါတစ်ပါးတွင် ငါးဇင်ရိုင်းဘုရင်ကြီးသည် သူ၏ရွှေလေးတန်ချောင်းကြီး ဖွံဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် စဉ်းစားမိပြီး ငါး၊ လိပ်၊ ပုစွန်စသော မှူးမတ်အပေါင်းကိုဆင့်ခေါ်ကာ“အဘယ်သို့လုပ်ရမည်နည်း”ဟု မေးသည်။ ထိုအခါ ငါး၊ လိပ် အမတ်အပေါင်းတို့သည် အချင်းချင်းကျွတ်စီ ကျွတ်စီ တိုင်ပင်ကြ၏။ လက်သီးလက်မောင်းတန်း၍ အော်ကြီးဟစ်ကျယ်ဆွေးနွေးကြ၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဟစ်ကာ ရန်ဖြစ်ကြကုန်၏။ ဤသို့လျှင် သုံးပတ်ခန့်အခြေအတင် ဆွေးနွေးပြီးသကာလ ငါးဇင်ရိုင်းဘုရင်ကြီးနှင့် ဆွေမျိုးနီးစပ်လည်းတော်သော အမတ်ဗိုလ်ပါအလယ်တွင်လည်း ရာထူးကြီးသော ငါးပူတင်းတစ်ကောင်၏ […]


kotun winlattMarch 16, 20123min38018
ကိုဘမှိုင်းတစ်ယောက် ခုတစ်လော စိတ်ချဉ်ပေါက်နေသည်။ အဘယ်ကြောင့်နည်း..။ သူ၏ သောတအာရုံ  အမြင်အာရုံများတွင် ထော်လော်ကန့်လန့်တွေများနေသော ကြောင့်ပင် ..။ အဘယ်သို့သော သောတအာရုံ အမြင်အာရုံများက ကိုဘမှိုင်းအား အနှောင့်အယှက်ပေးနေကြပါသနည်း။ ခေတ်ရေစီးဟုခေါ်သော ဂီတသံတွေ အဝတ်အစားတွေ အဆင်အပြင်တွေက နှောင့်ယှက်နေကြပါသည်ဟု ဆိုလျှင် ကိုဘမှိုင်းတစ်ယောက် ခေတ်မမှီရာများကြနေမလား…။ မည်သို့ပင်ဖြစ်စေ ကိုဘမှိုင်း ကတော့ တော်တော်လေးကို မြင်ရ ကြားရတာတွေကို မကျေမနပ်ဖြစ်နေတာတော့ အမှန်ပင် … ပိုပြီးဆိုးသည်က ခေတ်ရေစီးကြောင်းထဲတွင် မျောနေသော ဒါမှမဟုတ် ဖလမ်းဖလမ်းထ ( ဒီစကားလုံးကား ကိုဘမှိုင်း ခေတ်မှီလို၍ သုံးကြည့်ခြင်းပင်) လူငယ် တွေထဲတွင် သူ၏ သမီးသုံးယောက်ပါနေခြင်းကို ပို၍ မကျေနပ်…။ မြန်မာလူမျိုးဖြစ်သော ဖခင်ဖြစ်သူနှင့် မြန်မာလူမျိုးဖြစ်သူမိခင် (သူ၏ ဇနီး)မှ မွေးဖွားလာသော သမီးကညာ […]


kotun winlattMarch 13, 20123min1996
ညသည် တိတ်ဆိတ်လျှက် … တစ်ချက်တစ်ချက် ပေါ်ထွက်လာသော ပုရစ်လေး များနှင့် အခြားအကောင်ငယ်လေးများ၏ အသံကို ကြားနေရသည်…။ လမ်းမီးတို့ သည် ထိန်ထိန်လင်းလျှက် … လမ်းဘေးဝဲယာမှ အိမ်တို့သည် ပြတင်းတံခါးများကို စေ့စေ့ပိတ်ကာ ငြိမ်သက်နေကြချေပြီ …။ ဆောင်းအကုန်အအေးဓာတ်လေးကို နွေ လေရူးလေးက ကူညီအားဖြည့်ပေးနေသဖြင့် စိမ့်တိမ့်တိမ့်ဖြစ်လာ၍ ကျနော် အကျင်္ီဇစ်ကို အပေါ်ရောက်အောင်ဆွဲတင်ကာ လက်နှစ်ဘက်ကို အကျင်္ီအိတ်ထဲ နှိုက်လျှက် ရွာလမ်းမ တစ်လျှောက် ကုတ်ချောင်း ကုတ်ချောင်းနှင့်ပြန်လာနေမိသည်…။ အချိန်ကား ည ၁၁နာရီခွဲ ချေပြီ..။ ကျနော်အလုပ်ရှိရာနှင့် ကျနော်၏နေအိမ် ( နေအိမ်ဆိုသော်လည်း အခန်းဟုပြောက ပို၍ မှန်ကန်ပေလိမ့်မည်။) ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်ရ၏။ ကျနော်လမ်းမီးများ လင်းနေသော လမ်းမကြီးအတိုင်း မှန်မှန်လျှောက်လာနေရင်း မှောင်နေသော လမ်းကြားလေးအတွင်းသို့ ကွေ့ဝင်မိရာ ကျနော့်အရှေ့ […]


kotun winlattMarch 7, 20123min1463
ကျနော် အလုပ်ကိစ္စလေးနဲ့ ခရီးတစ်ခုကို ထွက်ခဲ့ရတယ်… ခရီးဆိုပေမယ့် ကျနော်တို့ရွာနဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ ရွာလေးကိုပါ … ဘာနဲ့သွားလည်းဆိုတော့ ထော်လာဂျီနဲ့ သွားတာပါ..။ ထော်လာဂျီဆိုပေမယ့် ..ထော်လာဂျီအသေးစားမဟုတ်ပါဘူး ..ကုန်တင်ကား အငယ်စား ကားလို့ပဲ မှတ်ယူကြပါ… ဒရိုင်ဘာ၊ စပယ်ယာနှစ်ယောက်၊ ကျနော်နှင့် ကျနော့်ဦးလေး အားလုံးပေါင်း လူငါးယောက်ပါပါတယ်… ကျန်တာကတော့ ပစ္စည်းတွေပေါ့……… ကျနော်တို့ ရွာကနေမနက် ကိုးနာရီလောက်မှာ စထွက်လာကြပါတယ်…. ကျနော်တို့ရွာကနေထွက်လာပြီး .. လယ်ကွင်းတွေရဲ့ အလယ်က ဖောက်ထားတဲ့ မြေသား ကျောက်ခင်းလမ်းလေးပေါ်မှာ ကားလေးတရိပ်ရိပ်ပြေးနေပါတယ်… ကျနော်က ကားရှေ့ခန်း မှာ ဒရိုင်ဘာရယ် စပယ်ယာတစ်ယောက်ရယ်နဲ့ ကျနော်ပါလာပြီး နောက်ခန်းမှာတော့ ကျနော့် ဦးလေးနဲ့ စပယ်ယာတစ်ယောက်ပါလာတယ်ခင်ဗျ… ကျနော် ဘေးမှ စပယ်ယာလေးနဲ့ ထွေရာလေးပါးပြောရင်း လိုက်လာပါတယ်..။ သူနဲ့ စကားစပြတ်တော့ […]


kotun winlattMarch 1, 20121min28811
နေ့စဉ်ဘဝတွမှာ အချိန်တွေကို လွဲချော်မှုများစွာနဲ့ ကျနော်ဖြတ်ကျော်နေရဆဲ။ အချိန်တွေက ကျနော့်ကိုဖြတ်ကျော်သွားတာမျိုးလည်း ရှိနေပြန်ရဲ့ … အသိတရားများကိုဖြန့်ကျက်တွေးရင်း ခံစားချက်တို့သည် နူးညံ့တဖန် ခက်ထန်တစ်လှည့် အနိမ့်အမြင့်များသော ဒေသတစ်ခုကဲ့သို့ပင် ။ ဒုက္ခဟု အမည်ရသော ဆင်းရဲမှုကိုကား မသိကျိုးကျွံပြုမရပေ။ သူကားအပေါင်းအပါများပါ ခေါ်ဆောင်လာတတ်သောကြောင့်ဖြစ်ချေ၏။ မည်သို့ပင်ဖြစ်စေဟု ရေရွတ်ရင်း ပူလောင်မှုကို အသာဝှက်ထားရမည်လော။ သို့သော်ကြာရှည်ကား ဖုံးကွယ်မရနိုင်ပါ။ အတွေး ၊ စိတ်ကူး ၊ အိမ်မက် ၊ ပစ္စုပ္ပန်တွေထဲကမှ ကျနော့်အနာဂတ်ခြေလှမ်းတို့သည် ယိမ်းထိုးလျှက် … ဖြစ်တည်မှုများဆီသို့ ဦးတည်ပါသော်လည်း ပြိုပျက်ယိုယွင်းမှုများကြောင့် ကျနော်မှ ကျနော်ကူးပြောင်းရင်း နားမလည်နိုင်သောစကားလုံးများကြား မြှုပ်တစ်ခါ ပေါ်လာ တစ်လှည့်ဖြင့် မဗေဒါလို အံကိုခဲကာ ရပ်တည်နေရဆဲ။ ပြည့်သိပ်လာသော အနာတရတွေကိုစကားလုံးများအဖြစ်သို့ ပစ်ပေါက်လိုက်လေသောအခါအစီစဉ်ကျနမှုကင်းစွာ ခုန်ပေါက်လျှက်ပင် … မျှော်လင့်ချက်ဆိုသောစကားလုံးကို […]


kotun winlattFebruary 28, 20122min1976
မနေ့က ကျနော် ရွာတစ်ရွာကိုရောက်ခဲ့တယ်… ကျနော်တို့ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ရွာလေးပါ …။ ရွာလေးကတော့ အိမ်ခြေ တစ်ရာလောက်ရှိပါလိမ့်မယ်….။ ရွာလေးဆီရောက်တော့ ရွာခံ လူတစ်ဦးနဲ့ စကားပြောဖြစ်တယ် .. တောင်ပြော မြောက်ပြော ပေါ့ဗျာ…။ ဒီလိုပြောနေရင်း ကျနော်က စာပေဟောပြောပွဲ အကြောင်းလေး စပြောမိတယ်.. ဒီတော့ ရွာခံလူက သူလည်း သူ့ရင်ထဲမှာ စာရေးဆရာတွေလိုပဲ ပြောစရာ စကားတွေ အများကြီးရှိတယ်ဆိုပဲ … စာရေးဆရာတွေနဲ့ အပြင်မှာတွေ့ပြီး သူ့ရဲ့ အတွေ့အကြုံ သူ့ခံစားချက်တွေကို ပြောပြချင်လိုက်တာဆိုပဲ … ကျနော်ကလည်း သိတဲ့အတိုင်း မိကျောင်းသား လျှာကခပ်ရှည်ရှည်ဆိုတော့… လုပ်စမ်းပါဦးဗျ … အစ်ကို့ရဲ့ ပြောပြချင်တဲ့ ဇာတ်လမ်းလေးဆိုတော့ ..သူက ကျနော့်ကို အရင်မေးခွန်း ထုတ်ပါတယ်.. မင်း  အသက်ဘယ်လောက်ရှိပြီလဲ .. […]


kotun winlattFebruary 27, 20121min39018
ကျနော်ကွန်ပျူတာရှေ့မှာ ထိုင်နေချိန်တွင် အခန်းအပြင်ဘက်မှာ ဒက်ဒီနှင့်မာမီ စကားများနေကြတယ်ခင်ဗျ….။ အကြောင်းကတော့ ဒက်ဒီက ပန်ကာဖွင့်ထားတာကို မာမီက မီတာခတက်တယ် ဆိုပြီးပြောတယ်ခင်ဗျ….။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်းပြောနေကြတယ်ခင်ဗျ….။ လိုအပ်လို့တွေရော မလိုအပ်ပဲ ငွေကုန်တာတွေရောပေါ့…..။ ဒီလိုနဲ့ ကျနော်ဘက်ကို ပြဿနာက ဦးလှည့်လာပါတယ်…။ ဒက်ဒီက မီတာခတက်တာ ကျနော်ကွန်ပျူတာကိုသုံးလို့ပါတဲ့လေ….။ ဪ… မီတာခတွေတိုးတက်လာတဲ့ ဂယက်ပေါ့ခင်ဗျာ…။ ဒါနဲ့ ပြောရဦးမယ်ဗျို့…. အရင်လက ကျနော်တို့ရွာမှာ လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာသုံးစွဲရေးဆိုပြီး လျှပ်စစ်ငှာနက စာတွေဝေတယ်….။ ကျနော့်တို့ အိမ်ကိုလည်းဝေသပေါ့..။ ပြီးတော့လျှပ်စစ်ငှာနက ဝန်ထမ်းလေးကပြောတယ်… အစ်ကိုရေတဲ့ မီးလေးသုံးပေး ပါဦးတဲ့.. အစ်ကိုမီတာက ယူနစ်မတက်လို့ဆိုပဲ…. ဒါနဲ့ ကျနော်လည်းး အေးလေကွာ..မင်းတို့ကချွေတာသုံးစွဲဆိုလို့ ချွေတာထားတာလေလို့ ပြန်ပြောသပေါ့…။ ဒီတောဝန်ထမ်းလေးက ဟုတ်တော့ဟုတ်ပါတယ် အစ်ကို ဒါပေမယ့် လည်း ယူနစ်တွေကွာနေလို့ပါတဲ့… ကျနော်နားရှုပ်သွားပါတယ်… […]


kotun winlattFebruary 24, 20123min28310
ကျနော့်မှာ တစ်ခါတစ်လေ ကလေးထက်ဆိုးတဲ့ အကျင့်လေးတွေ ရှိနေတတ်သဗျ… ခင်ဗျားတို့မှာရော အဲ့လိုအကျင့်လေးတွေရှိကြပါသလား …. အစကတော့ ကျနော်ဒီအကျင့်တွေကို သတိထားမိခြင်းမရှိခဲ့ပါဘူးးးးးးး ဒီအကျင့်လေးတွေကို ကျနော့်တူလေးတွေနဲ့ ဆက်ဆံပြောဆိုနေထိုင်ရင်းနဲ့မှ သိလာရတာပါ … ကလေးဆိုပေမယ့် အထင်တော့သေးမရတာအမှန်ပါ … ကျနော့်မှာ တူလေးနှစ်ယောက်ရှိပါတယ်…. အကြီးကောင်ကတော့ ဒီနှစ် ဂရိတ် စစ်ခေါ်တဲ့ ပဉ္စမတန်းကို ဖြေဆိုမှာဖြစ်ပြီး … အငယ်ကောင်ကတော့ ဂရိတ်ဝမ်းဖြစ်တဲ့ သူငယ်တန်းကို ဖြေဆိုမှာဖြစ်ပါတယ်…. အကြီးကောင်ကတော့ ကျောင်းမနေကတည်းက ကျနော်တို့နဲ့ အတူနေထိုင်ပါတယ်… ကျနော်တို့ဆိုတာကတော့ ကျနော့်ရဲ့ မွေးမိခင် နဲ့ ကျွေးဖခင်ဖြစ်တဲ့ သူ့အဖိုးအဘွားများနှင့်နေထိုင်ခြင်းကို ဆိုလိုပါတယ်…. ဒီနှစ်မှ သူ့မိဘတွေနဲ့ အတူနေထိုင်ပါတယ်… နွေကျောင်းပိတ်ရက်တွေမှာ ကျနော့်တူလေး တွေနဲ့ ကျနော်ဆုံတွေ့ရလေ့ရှိပါတယ်… သူတို့နဲ့ ကျနော်ထွေးလုံးရစ်ပတ် ဆော့ကစားကြရင်း နဲ့မှ ကျနော့်မှာ […]