‘ဟုတ်တယ်….ယွန်း ကိုယ်ဆုံးဖြတ်ပြီးသွားပြီ’ မောင့်ဆီက စကားသံကြားလိုက်ရတဲ့အချိန်မှာ ကျွန်မလက်ထဲက ကော်ဖီခွက်က ရုပ်ရှင်တွေထဲကလို တော့ ပြုတ်ကျမသွားပေ။ တင်းတင်းကြပ်ကြပ်တော့ ဆုပ်ကိုင်ထားမိသည်။ ဟန်မပျက်ဘဲ ကော်ဖီခွက်ကို နှုတ်ခမ်းဖြင့်တေ့ရင်း မောင့်ကိုတစ်ချက်မော့ကြည့်မိသည်။ မောင့်မျက်နှာပေါ်တွင် ပြတ်သားသည့် အမူအရာမှ တစ်ပါး ထူးခြားသည့် အရိပ်အယောင်တစ်ခုမတွေ့ပေ။ အခန်းထဲတွင် ရေနွေးဆူသံပင် ကြားရသည်အထိ တိတ်ဆိတ်လွန်းလှသည်။ ဘလက်ခ်ကော်ဖီတစ်ခွက်ဖျော်ဖို့ သကြားအနည်းငယ်နှင့် သံပုရာသီးတစ်စိတ်ကို ထည့်လိုက်သည်။ တိတ်ဆိတ်မှုအား ကျွန်မမှစတင် ပြန်လည်ဖြိုခွင်းလိုက်သည်။ ‘မောင်….သေချာပြီပေါ့’ ကျွန်မထပ်မေးလိုက်တဲ့ စကားတစ်ခွန်းမှာ မောင်ကခေါင်းတစ်ချက်သာ ငြိတ်ပြရုံသာငြိတ်ပြသည်။ ကျွန်မ မောင့်ကိုတစ်ချက်ပြုံးပြလိုက်သည်။ ကျွန်မမောင့်ကိုကြည့်တော့ မောင်သိပ်စိတ်ကျဉ်းကြပ်နေပုံရသည်။ ‘ဘလက်ခ်ကော်ဖီ သောက်မလား…မောင်’ ကျွန်မအမေးကို မောင်ခေါင်းသာခါပြသည်။ ‘တစ်ခုခု သောက်ပါမောင်ရဲ့ မောင့်အတွက် ယွန်း […]