ကာရံApril 23, 20131min32411
ငြိမ်သက်နေတဲ့ အခန်းငယ်ထဲမှာ အခုတော့ တစ်ယောက်ထဲ ဆွေးကျန်ရင်း ပြင်းရှရှ ဝိုင်တစ်ခွက်အလည်မှာ ငါ့ ဦးနှောက်တွေ ယစ်မူးနေရောပေါ့ အဖော်မဲ့နေတဲ့ ဂစ်တာလေးလဲ ဟောင်းနွမ်းအတိနဲ့ ယိုင်နေတဲ့ သံဇဉ်တွေကြားမှာ ငါရဲ့အသံကို ဘယ်လိုအစပျိုးရတော့မလဲချစ်သူ လွမ်းနေရော့မလား စန်းရေတွေအောက်မှာ အပန်းမဖြေနိုင်တော့တဲ့ ငါ့ရဲ့ နွမ်းနေတဲ့ နှလုံးသားလေးလဲ အခုတော့ အနမ်းမဝေနိုင်တော့ပါလားလေ ချစ်သူရယ် ငါလွမ်းတိုင်း တစ်ခါ ငိုရတော့မယ်ဆိုရင် အခုဆို မိုးစက်တွေဆိုရင်လေ ငါ့အသည်းတွေပါလားလို့ မင်းတွေးလောက်ပြီပေါ့နော် အထီးကျန်နေတဲ့ ထိုအခန်းငယ်လေးရဲ့ နောက်မှာ မင်းလောက်တစ်ယောက် ရောက်နှင့်နေမယ်ဆိုရင် အဖော်ပြုနေတဲ့ဝိုင်လေးလဲ ပြိုလုလုဖြစ်တည်နေပြီပေါ့…………….                                            ပိတောက်မိုး