အဖအမည်…။။။။ ဒီစည်းကမ်းကြီးကိုဘယ်သူ သတ်မှတ်လိုက်တာလဲတော့မသိဘူးဗျ သိတဲ့လူများပြောကြပါအုံး ကျွန်တော်တို့ တစ်ခြားတိုင်းပြည်တွေတော့မသိဘူးဗျာ ကျွန်တော်တို့မြန်မာပြည်မှာတော့ …………….. လူတစ်ယောက်ဟာ ကိုယ်ရဲ့ ကိုယ်ပိုင်အမည်နာမတစ်ခုထဲနဲ့တော့ လုံးဝ မရပ်တည်နိုင်ဘူးဗျ ကိုဘာသာ ဘယ်လောက် ချမ်းသာချမ်းသာ အာဏာဘယ်လောက်ရှိရှိ အဲဒီ ကိုယ်ပိုင်နာမည် တစ်ခုထဲနဲ့တော့ ဘာမှလုပ်လို့မရနိုင်ဘူး….လေ.. ပြီးတော့ ယောက်ျား/မိန်းမ အတူတူပဲဗျ။။။ အခုတော့ဗျာ ။။။။။ဟိုး….မွေးလာပြီဆိုကတည်းကနေ သေပြီး မီးသင်္ဂြ ိုလ် ခံရမယ့်အချိန်ထိ အမေးအဖြေလုပ်နေရတုန်း ဒီဟာကြီးကို လိုက်ပြီးဖြည်စွက်နေရတုန်းဗျ လူ့လောကကြီးကို့ လူတစ်ယောက်ရောက်လာတာနဲ့ အဲဒီလူကိုခေါ်ဝေါ် ရမယ် ပညတ် နာမ နဲ့အတူ ဒီဟာကြီးပါ တစ်တွဲထဲထည့်ပြောနေရတယ် ဥပမာ.။။မောင်ဖြူ ….မောင်ဖြူဆိုတာနဲ့ မပြည်စုံဘူး ဗျ အဲဒီ အဖအမည် ဆိုတာကြီးကနောက်ကကပ်ပါလာရောဗျို့။။။ အူဝဲဆိုပြီးမွေးဖွားလာတာနဲ့ …..အဖေနာမည်ပြောပါ မွေးစာရင်းလုပ်ရအောင်က…..စလာပြီ ကိုယ့်နာမည်တောင်ဘာမှန်းမသိသေးပေမယ့် ကျွန်တော်တို့ကို အဖအမည် […]