တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်တို့ ငယ်စဉ်က တစ်ရပ်တည်းနေခဲ့ဖူးသော ကိုပီတာဆိုသော လူကြီးတစ်ဦး ရောက်လာလေ၏။ ထိုလူကြီးသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ကို တွေ့လျှင် တွေ့ချင်း ထိုလူကြီးက .. “ ဟေ့… အောင်ထွန်း၊ဂွတ်ဒ်မော နင်း၊ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လိုက်လေ၏။ “ကိုပီကြီးကတော့ လုပ်ပြီး ဂွတ်ဒ်မောနင်းဆိုလည်း ဂွတ်ဒ်မော နင်းပေါ့မောနင်းပေါံ၊ ဂွတ်ဒ်နိုက်ဆိုလည်း ဂွတ်နိုက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ၎င်းက.. “ မနေ့ညက တည်းက ကိုယ့်လူဆီလာဖို့ စိတ်ရောက်နေတာ၊ အဲဒါကြောင့် ဂွတ်ဒ်နိုက်လို့ပြောတာ၊ ရောက်လာတာက ခုမှ ရောက်လာတာ၊ အဲဒါကြောင့် ဂွတ်ဒ်မောနင်းလို့ နှုတ်ဆက်တာ၊ နားရှင်းအောင် နားထောင်စမ်းပါ ကိုယ့်လူရာ” ဟု ကျွန်ုပ်အား အပြစ်တင်သောလေသံဖြင့် ပြောလိုုက်လေ၏။ ထို့ကြောင့် […]