alinsettApril 27, 20151min92922
    .တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ကိုယ် လာခဲ့သည်။ ကိုယ်၏ ခြေဦး တည်ရာသည်ကား ချင်းတောင်တန်းတနေရာ။ ကိုယ်၏ ချစ်သူရှိရာ မြူတွေရစ်ဆိုင်းနေသည့် ချင်းတောင်တန်းမြေပေါ်သို့ ဆွေးမြေ့လွမ်းလျသော တမ်းတစိတ်တို့ဖြင့် ကိုယ် လာခဲ့ပြီ။ ကိုယ့်ချစ်သူသည် ”အမိကောင်းကင် ကြယ်စင်မောင်နှမ” နာမည်ဖြင့် အများသိကြသော ဇာတ်လမ်းထဲမှ စေတနာ့ဝန်ထမ်း ဆရာမလေးသာဖြစ်သည်။ ကိုယ့်ချစ်သူသည် ရုပ်ရှင်မင်းသမီး သက်မွန်မြင့်နှင့် နည်းနည်းကလေးမှ မလွဲ တထေရာတည်းဖြစ်သည်။ ဟိုအချိန်တခါကဖြင့် ကိုယ့်ချစ်သူရှိရာ တောင်ပေါ်ဒေသသို့ ကိုယ် သွားရောက် ခေါ်ငင်ခဲ့ဖူးသည်။ ထိုစဉ်ကတော့ ကိုယ့်ချစ်သူလေးခမျာ တောင်ပေါ်ဒေသမှ လူမည်ခွင့် အပြည့်အဝ မရရှာသော လူမမည်ကလေးများ၏ ဘဝများကို သနားလွန်း၍ဆိုကာ သူမဘဝကို ကလေးများအတွက် မြှုပ်နှံပစ်တော့မည်ဟု ဆုံးဖြတ်ကာ နေရစ်ခဲ့သည်။     […]