alinsettNovember 24, 20135min139575
သတင်း နေပြည်တော်၊ နိုဝင်ဘာလ (၁၆) ရက်။ ————————- ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၁၂ ခုနှစ် အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။ ဝတ္တုရှည်စာပေဆုတွင် ထက်နိုင် (တလုပ်မြို့) ရေးသားသည့် မပြောဖြစ်ခဲ့တဲ့စကား၊ ဝတ္တုတိုပေါင်းချုပ် စာပေဆု တွင် ခင်မြဇင် ရေးသားသည့် ကောင်းကင်မိုးတိမ် ဝတ္တုတိုများ၊ ကဗျာပေါင်းချုပ်စာပေဆုတွင် ကို (တက္ကသိုလ်) ရေးသားသည့် မြကန်သာ ကဗျာပေါင်းချုပ်၊ စာပဒေသာစာပေဆုတွင် ဒေါက်တာခင်လက်ျာ ရေးသားသည့် ဖေဖေဗိုလ်လက်ျာ၊ မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာစာပေဆုတွင် စတီဗဲန်နီကိယို ရေးသားသည့် ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ကလေးစာပေဆုတွင် ရွှေမြိုင်ပြုံးလဲ့မော် ရေးသားသည့် […]