စပ်မိစပ်ရာ…ပြောချင်တာ။။။ ဟိုတုန်းကတော့ ကျုပ်တို့တတွေ သိပ်ပူတဲ့နွေအခါမှာ ယပ်တောင်လေးခပ်နေလိုက်တာပဲဗျ သူကလက်ညောင်းတာလေး တစ်ခုပဲရှိတာလေ ကျမ္မာရေးနဲ့လဲညီညွတ်  လက်မောင်းလည်းကြီးပေါ့ နှောက်ပိုင်းတော့ မျက်နှာကြပ် မှာတပ်တဲ့ပန်ကာ တွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာပဲ  အဲဒီတုံးက လူကြီးတွေပြောတာမှတ်မိသေးတယ် ကျုပ်တို့က ကျောင်းသား ပေါက်စလေးတွေလေ  ဘာတဲ့ မင်းတို့စာကြိုးစားကြတဲ့ မင်းတို့ပန်ကာအောက်မှာထိုင်ပြီး အေးအေးသက်သာ အလုပ်လုပ် နိုင်အောင် ကြိုးစားခိုင်းနေတာဆိုပဲ ကျုပ်ကတော့ အဲဒီကတည်း ရယ်ချင်လိုက်တာ ပညာတွေ တတ်မှပဲ ပန်ကာအောက် နေနိုင်မှာကျနေတာပဲ ပန်ကာအောက်နေချင်ရင် ကိုဘာသာဝယ်တပ်လိုက်လဲရတာပဲဗျ ဒါပေမယ် အဲဒီခေတ်အခါက ရပ်ကွက်ထဲပိုက်ဆံ အတန်ငယ်ရှိတဲ့လူတွေတောင် အိမ်တွေမှာဝယ်တပ်ကြတာ  နည်းတယ်ဗျ ခေတ်အမြင်လည်း နည်းပါး ကျတာကိုး ကိုယ်နည်းကိုယ်ဟန်နဲ့  အသုဘနှီးယပ်တောင်လေးတွေ  စုဆောင်းထားတတ်ကြတာ ပဲလေ ဒီယပ်တောင် လေးတွေကလဲ စက္ကူနဲ့လုပ်ထားတာများလေတော့  နွေအခါကြာကြာခပ်ရင်း လက်ကိုင်းအရင်းက ပြဲသွားတတ်တာကလား […]


moethidasoeFebruary 3, 20111min27110
သုမောင်ကတော့ ကွမ်းစကားမှာ အရည်မရ အဖတ်မရ ပေမယ့် အရသာလေး ရှိတယ်လို့ ဆိုခဲ့ပါတယ် .. (သူ့ ကွမ်းစကား စာမူက ပိုက်ဆံရတယ်လေ) အဲဒီအရသာ ဆိုတာ ကွမ်းရွက်ကြောင့်လား .. ကွမ်းသီးကြောင့်လား .. ထုံးကြောင့်လား .. ရှားစေး ကြောင့်လား .. ဒါမှမဟုတ် စွဲစေတတ်တဲ့ ဆေးရွက်ကြီးကြောင့်လား .. လားပေါင်းများစွာအနက်က တကယ် စွဲတတ်တာဟာ ဆေးရွက်ကြီးပါ .. စားတဲ့အခါ ပထမ ပိုက်ဆံ ကုန်တယ် .. ပါးစပ်ညောင်းတယ် .. လျှာထူတယ် .. သွားတွေ မည်းတယ် .. တံတွေး ကုန်တယ် .. အချိန် ကုန်တယ် .. လောလောဆယ် အစားများတဲ့လူတွေ ကြည့်လိုက်တော့ .. […]