အဟမ်း ။ နည်းနည်း လေရှည်လိုက်ဦးမယ်ဗျာ ။ သူရ အခုတလော စာတွေ သိပ်မရေးဖြစ်ပဲ ဖတ်တဲ့ဘက်ကို အားသန်နေမိတယ်။ ဘယ်မှာ ဖတ်တာလဲ ဆိုတော့ သူရ ချစ်သော ဂဇက်စာမျက်နှာပေါ်မှာပေါ့ဗျာ ။ လက်ထဲက ကိုင် ဖတ်မိတဲ့စာအုပ်လေးတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အဲဒီစာအုပ်တွေကိစ္စက တစ်ပိုင်း ဆိုတော့ အခု ပြောလိုတာကို ဆက်ပါ့မယ်။ သူရ ဂဇက်မှာ ဝင် မွှေနေတာ ကြာပြီဆိုရမယ်။ သုံးနှစ်နီးပါးရှိပြီ ထင်တယ်။ အခုမှ မန်ဘာ ဝင်လာသူတွေထက်တော့ ကြာပြီပေါ့။ ရွာသားဟောင်းတောင်းတောင်း ဖြစ်နေသယောင်ယောင်ပေါ့ နော့ ။ ဘာ သွားတွေ ့လဲ ဆိုတော့ ………… အမျိုးမျိုးအစားစားသော မိတ်ဆွေတွေ […]