မောက္ခ ပ ညာ ရေး မဂ္ဂဇင်း မှ ကူး ယူဖော်ပြသည် http://www.maukkha.org/index.php?option=com_content&view=article&id=1268:2011-01-15-18-38-29&catid=92:library-&Itemid=386 “လူတွေကလဲခက်တာပဲ၊ ကိုယ့်ပညာပဲ ကိုယ် တန်ဖိုးမထားကြတာလား၊ တန် ဖိုးထားချင်ရက်နဲ့ ဝမ်းရေးကြောင့် တန် ဖိုးထားခွင့် မရကြတာပဲလား။ အလုပ် လျှောက်ကြတဲ့အခါ မျှှော်မှန်းလစာ ဆိုတာကို တန်ရာတန်ကြေး ရဲရဲမတောင်းရဲဘူး။ အလုပ်ရှင်က တောင်း တာများတယ်ဆိုပြီး အလုပ်မခန့်မှာစိုးတာနဲ့ အလုပ်ရလိုဇောနဲ့ လျှော့ဈေးပေါ့ဈေးတွေ တောင်းကြတယ်။ အလုပ်ရှင်ဆိုတဲ့ လူတန်းစားကလဲ တန်ရာတန်ကြေးပေးဖို့ထက် လုပ်အားခ ဘယ်လိုဈေးနှိမ်ရမလဲပဲ တွက်ကြတာများတယ်။ ပညာတတ်(ဘွဲ့ရ)တွေ ဖေါင်းပွပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်၊ ကုန်ဈေးနှုန်းတွေအစစ မြင့်မားနေတာကြောင့် ဝင်ငွေရှိနေတာတောင် နေရေးစားရေးလောက်ငှဘို့ မလွယ်တဲ့ခေတ် ဆိုတော့လဲ ပေါချောင်ကောင်း ဝန်ထမ်းရဖို့ပဲ စဉ်းစားနေတဲ့ အလုပ်ရှင်တွေအကြိုက် ဖြစ်နေတော့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဇော်ဇော်ထက်တို့ကတော့ ကိုယ့်ပညာကိုယ် […]