အဆိုးဝါးဆုံး တွယ်ငြိမိသူကိုမှ အဆိုးဝါးဆုံး ငြင်းပယ်ရက်သူ သူ့ဆီက………….. တုန့်ပြန်ကြင်နာမှုလောက် ငတ်မွတ်ခုံမင်ခဲ့တာ ဘာတစ်ခုမှ မရှိခဲ့ဘူး အကြင်နာတရားကို ရှာဖွေရင်း မကြင်မနာ စကားလုံးတွေပဲ ငါ………….. ရရှိခဲ့ပါရဲ့။ သာယာလှပတဲ့ သံစဉ်တေးသွားတွေ ထွက်မလာမှန်းသိရက်နဲ့ အနာဂတ်ကို မှ အလဲအထပ်….လုပ်ပြီး သူ့ပုံရိပ်တွေ လိုက်လိုက် ကောက်မိတဲ့အထိ ရူးသွပ်ခဲ့တဲ့ကောင်.. ချစ်ရသူရဲ့ငြင်းပယ်မှုအောက် ညရေးတွေ ပျောက်ပျောက်နေခဲ့ရ သူနဲ့ ပက်သက်လာရင် အမှားအမှန် ဝေခွဲဖို့ ချို ့ယွင်းနေတဲ့ ခေါင်းခွံတစ်ခုလုံးနဲ့လူ….. ငါဟာ………. သူရဲ့မုန်တိုင်းဆန်တဲ့ မာယာဂယက်မှာ ကျွန်တော့်နှလုံးသား ခြေကုန် လက်ပန်းကျလုပြီ ဒါကို အမှတ်မရှိတဲ့ ဝေါဟာရနဲ့ ပတ်ဝန်းကျင်က တံဆိပ်ကပ်ကြလေရဲ့ အဲဒီအသုံးအနှုံးတွေဟာ ကျွန်တော်နဲ့ အယဉ်ပါးဆုံးသော…….. ယဉ်ကျေးမှုတွေပါ….။ ဒီလို ခဏခဏ ငယ်ပေါင်းများစွာ ရင်ဘတ်ကို ဖြတ်နင်းသွားတာတောင် […]