တစ်ထောင့်တစ်ညပုံပြင်တွေသာ ပြောလို ့ကုန်သွားနိုင်တယ် လူတွေရဲ ့အကျင့်ပျက်ခြစား၊တိရစ္ဆာန်စိတ်ပေါက်နေတာကို ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပေါ့…. ဘာရယ်တော့မဟုတ်ပါဘူး။မင်းမှုထမ်း ၊အစိုးရဝန်ကိုထမ်းပြီးဆိုတာနဲ ့ခိုးမစားရင် စားဖို ့တောင်အနိုင်နိုင်ပေါ့၊ကုသိုလ်ကောင်းမှုအလှူအတန်းဆိုတာဝေးရောပေါ့နော့။တစ်ချို ့ရုံးဌာနတွေများဆို တစ်နှစ်ပတ်လုံးကျွေးမွေးစရိတ်(၇၀၀)ကျပ်နဲ ့ရပ်တည်နေရတာ ဒီကနေ ့ဖွတ်ကြားဒီမိုကရေစီခေတ်ထိပါဘဲ။ အဲဒီလို မလောက်ငှလေတော့ ရုံးဌာနတွေမှာ ဖြတ်စား၊လာဘ်စားတွေပေါ်လာတာအဆန်းမဟုတ်ပါဘူးနော့။ဒီနေ ့ထိအောက်ခြေမှာ ဝန်ထမ်းစုတ်၊ဝန်ထမ်းပျက်တွေ ကိုစိတ်ထင်သလိုခိုးစားခိုင်း၊ဝှက်ခိုင်း၊နောက်ဖေးမီးဖိုချောင်လှေကားကနေ အထုပ်ပါမှဝင်ရတဲ့အိမ် ရှိနေသေးတဲ့ဒီခေတ်ဟာ ဖွတ်ကြားခေတ်၊ကတုံးပေါ်ထိပ်ကွက်တဲ့ခေတ်၊ပါလေရာငပိချက် အာဏာရူးတွေမှော်ထတဲ့ခေတ်ပျက်ပါဘဲ။ အများအားဖြင့်ကျွန်တော်တို ့ဒေသခံတွေရဲ ့အများစုသောလူထုက ဆင်းရဲသားလူတန်းစားတွေမို ့၊ဒီလူတွေအပေါ်မှာ အနိုင်ကျင့် ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ၊အမြတ်ထုတ်တဲ့စိတ်ဓာတ်မျိုးကို သာမန်အောက်တန်းကျတဲ့စိတ်ဓာတ်ပြောလို ့မရတော့ဘူး။ဒီစိတ်က အင်မတန်ယုတ်ညံ့တဲ့တဲ့ “လူ ့တိရစ္ဆာန်တို ့”ရဲ ့စိတ်ဘဲဖြစ်တယ်လေ။ဆရာတစ်ယောက်ကပြောတာကတော့““လူ ့တိရစ္ဆာန်တွေများသထက်များလာရင် လူ ့လောကကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်ကြီးဖြစ်သွားပါမယ်””တဲ့။ ကျွန်တော်တို ့ဟာလူ ့လောကကြီးကိုခဏတာအလည်လာသူတွေမို ့တနေ ့ပြန်ကြရမှာပေါ့။အိမ်အပြန်လမ်းလေးဖြောင့်အောင်လို ့………..