manawphyulayJanuary 18, 20121min1155
တကယ်တော့ ဘားကမ့်ဟာ လွတ်လပ်တဲ့ ဆွေးနွေးချက်တွေကို အခြေခံမယ့် အပြန်အလှန် အနီးကပ်ဆုံး ဆွေးနွေးနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးပြောကြားမယ်ဆိုတာကို ပွဲအတွင်းရောက်မှသာခံစားသိရှိနိုင်တဲ့အတွက် ဘားကမ့်ကို တက်ရောက်လာသူတွေကသာ ပွဲကို ပုံဖော်သွားကြတဲ့အတွက် တစ်ဦးကနေအများဆိုတဲ့ အစဉ်အလာမဟုတ်တော့ဘဲ အများကနေ နောက်ထပ် အများကို ထပ်ပြီး လက်ဆင့်ကမ်းပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ဖြစ်ပါတယ်။ ဘားကမ့်တွေကို ကဏ္ဍအမျိုးမျိုးအတွက် ဆင်ယင်ကျင်းပလာကြပေမယ့် ဒီအစဉ်အလာကတော့ပျောက်ပျက်မသွားဘဲ ပုံမှန် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေကနေ ခွဲထွက်လာခဲ့ပြီး လူကြီး လူငယ် ပညာရပ်နည်းပညာ စတာတွေကို စုစည်းပေါင်းစုံပေးတဲ့ ပေါင်းကူးလို့လည်း ပြောလို့ရပါတယ်။ ဘားကမ့်ရန်ကုန် ပထမအကြိမ်တုန်းကတော့ နိုင်ငံတကာ ဘားကမ့်တွေထက် ပိုမိုစည်းကားတာကို တွေ့ရှိခဲ့ရပါတယ်။ယခုတစ်ကြိမ် ဘားကမ့်ရန်ကုန် ထပ်လုပ်မှာဆိုရင်တော့ မြန်မာနိုင်ငံအတွက်ရော ရန်ကုန်မြို့အတွက်ပါ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမြို့ကြီးတွေနဲ့ […]