ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။ ရေနောက်တာနဲ့ မြက်ကြမ်းတာ ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့ ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။ ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို ပုလင်းတလုံးထဲ ထဲ့ပြီး ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ် ရိုးသားမှုရဲ ့လေပြေညင်းတွေရယ်ကို အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။ ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ် တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။ အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့ ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ မင်း ဖီးနစ် ဖြစ်နေပါစေ………………….။ ပြန်လာဘို့ ဆိုတာကတော့ တံခါးမှ မရှိတာလေ ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ […]