” ရှက် “
လိုချင်ဆန္ဒ
လွန်ပြင်းပြ၍
အတ္တကိုရင်း
ကြိုးစားရင်းမှ
မယွင်းမုချ
အောင်မြင်ရသော်
ငါ”တော်”လေခြင်း
ဆေးသားသွင်းမိ
အတ္တပန်းချီ
ရုပ်သွင်ပီရင်း
အလျင်းမငြီး -ခရီးဆက်ခဲ့။
လိုချင်တဲ့စိတ်
အိပ်မရဘူး
အထူးတွေးခေါ်
များထက်တော်သည်
ငါနော်လူသား
ဇမ္ဗူရှားဟု
အတ္တပန်းပု
ငါဆစ်ထုရင်း
အလျင်းမငြီး -ခရီးဆက်ခဲ့။
ရလေရလေ
အိုတစ္ဆေမို့
လိုနေတာလေး
ထပ်ဖြည့်ပေးရင်း
စီးဆင်းအတ္တ
လှပစာစီ
တေးနှယ်သီရင်း
ဆိုငြီးရင်းနဲ့
အလျင်းမငြီး -ခရီးဆက်ခဲ့။
ဪ……………..
အတ္တပန်းချီ ငါ ဆေးစီခဲ့
အတ္တပန်းပု ငါဆစ်ထုခဲ့
အတ္တသီချင်း
ငါအသက်သွင်းခဲ့
ယဲ့ယဲ့တွေးကြည့်
မိသည့်မုန်တိုင်း
အတ္တလှိုင်းမှာ
လိုက်ပါလွင့်မြော
မမောနိုင်သေး
(ဟာ)
ခပ်ဝေးဝေးမှာ
သူတကာတို့
စွန့်လို့ကိုယ်ကျိုး
ဘဝမျိုးမျိုးထဲ
လဲကျသူထူ
ပူသူကိုအေး
ထွေးနွေးလက်များ
ပေါင်းစုအားနဲ့
မခြား သားရင်း
အတ္တကင်းမို့
ကြည့်ရင်း
ငါ့မှာ
ရှက်စရာ။
19 comments
weiwei
October 19, 2011 at 2:45 pm
သံဝေဂ ကဗျာလေးပေါ့ ..
ဖတ်ရင်း ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း ရှက်မိပါတယ် …
koyinmaung
October 19, 2011 at 2:47 pm
ကောင်းလိုက်တဲ့ကဗျာလေးပါ
ကိုသစ်မင်းရေ အားပေးနေပါတယ်…..
etone
October 19, 2011 at 3:05 pm
လိုချင်လောဘ ၊ ဒေါသရလည်း
ကိုယ့်အားကိုယ်ကူ၊ ဉာဏ်ကိုထူရ
မသွေမုချ ၊ တတိုင်းရသည်
အသင်လူသား၊ မိမိအစွမ်းကား
သုံးပါများစွာ မညှာတာနှင့်
ဧကန်မလွဲ ၊ အကုန်လုံးရနိုင်သည် ။ 🙄
(နောက်တာမဟုတ်ပါ ကိုသစ်မင်းရေ … ။ ကိုသစ်မင်းကဗျာဖတ်ပြီး ပြန်အားပေးလိုစိတ်ဖြစ်လာလို့ ပြန်ရေးလိုက်တာပါ … )
လူတိုင်း ကိုယ့်အတ္တနဲ့ကိုယ် ရှင်သန်ကြတာပါ …ပြီးမှ ပရဟိတ္တဆိုတာမျိုးကို လုပ်နိုင်ကြတာလေ … ။ အတ္တလေးမှ မပါလျှင် အလုပ်လုပ်ရတာ ခွန်အားမရှိသလိုပါပဲ ။
(((စွန့်လို့ကိုယ်ကျိုး
ဘဝမျိုးမျိုးထဲ
လဲကျသူထူ
ပူသူကိုအေး
ထွေးနွေးလက်များ
ပေါင်းစုအားနဲ့
မခြား သားရင်း
အတ္တကင်းမို့))) ဆိုတဲ့ လူမျိုး မရှိဘူးတော့ မဟုတ်ဘူး .. ရှိတော့ရှိတယ် … ဒါပေမယ့်ရှားပါတယ်… ။ 🙂
ပေါက်ဖော်
October 19, 2011 at 3:05 pm
အင်း..
ကိုယ့်ထက်ရှက်ဖွယ်လူသားတွေ..များကြီးရှိပါသေးတယ်လေ..
ဒီလိုပဲ ဖြေသိမ့်ရတာပ
😳
pan pan
October 19, 2011 at 3:14 pm
ကိုသစ်မင်းတော်လိုက်တာ
ကိုယ့်အတွက်ကိုယ်ပဲလုပ်နေလို့ ရတဲ့အောင်မြင်မှုက ရှက်စရာပါပဲ
လောလောလတ်လတ် တိုက်ဆိုင်မှုလည်းရှိနေလို့ အောက်ကစာလေး ကူးပြီးမန့်လိုက်ပါတယ်
–
“လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။
အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့ ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
thit min
October 19, 2011 at 3:39 pm
သဇင်ဆောင်မှာစားခဲ့ဘူးတဲ့ ဒန်ပေါက်ကိုသတိရရင်း မဝေဝေ ရဲ့ ကော်မန့်ရေးခြင်းကိုကျေးဇူးပါ။
koyinmaung ရေ ကျနော့ ကဗျာတိုင်းကို မပျက်မကွက် ဖတ်တာသိရလို့ဝမ်းသာကျေးဇူးတင်ပါတယ်။
ညီမ etone ရေ
အတ္တ လမ်းကိုရှောက်ကြရလွန်းလို့ပါ။ခုချိန်မှာ ပရ ဘက်ကိုမရောက်ကို မရောက်သေးဘူးကွာ.
ညီပေါက်ဖော်လေး
ကလေးတွေဖတ်တဲ့ ဟိုးအရင်က ကာတွန်းတွေ ထက် တို့ကတော်သေးတယ်ပေါ့။ အဲလိုလား?
တော်တာက ပန်ပန်
ကိုသစ်မင်း ဘာပြောချင်တယ် ဆိုတာ တန်းသိလို့။
အများကြီး မဟုတ်ပါဘူး။”တခုခုလေး”တော့ တတ် နိုင်ချင်ချင်တယ်။
((ကော်မန့်တွေကို အရင်ပို့စ်တွေမှာ လဲ အခုလို တယောက်ခြင်းဖြေပေးခဲ့ပေမဲ့ နောက်ကျနေလို့ ကိုယ့်ပို့စ် ကို လူ
မဖတ်တော့တဲ့ အချိန် မှာ ဖြေမိသလို ဖြစ်ဖြစ်နေလို့ သူဂျီးနဲ့ ကိုဖော်ရိန်း(ဩစီ) တို့ရဲ့ မေးခွန်းတွေဆို အများကြီးဖြေထားပေးရက်နဲ့ ဖတ်ကြပုံ၊ပေါ်လို့၊ခုတခါတော့စောစောလေးဖြေပေးလိုက်ပါတယ်။))
blackchaw
October 19, 2011 at 3:42 pm
ကျွန်တော်တောင် လျျှပ်စစ်ဝန်ကြီးအတွက် အနီကတ် ဆိုပြီး
စာညွန့်လိုလို ကဗျာပျက်လိုလို ရေးခဲ့ဘူးတယ်။
ကာရန် တစ်ချက်မှ မမိဘူး။
ဒီခေတ်ထဲမှာ ဒီလိုကာရန်ကဗျာတွေ
သိတ်ခေတ်မစားတော့ဘူးဗျ။
ဒါပေမယ့် ခင်ဗျားရေးလိုက်တော့လည်း အဓိပ္ပါယ်ရော
အသံတွေပါ သာသာယာယာနဲ့
နားထဲ ချောကနဲ ဝင်သွားတယ်ဗျ။
ခင်ဗျားက ကဗျာသမား အစစ်ပါ။
amatmin
October 19, 2011 at 4:40 pm
ဆရာသစ်မင်းရေ..
ခေါင်းစဉ်ကို..မမှတ်ဘဲ.ကဗျာကိုသေချာဖတ်လိုက်တယ်..
သဘောကျလွန်းလို့.ခေါင်းစဉ်ကို.ပြန်လဲဖတ်လိုက်ရော..
“ရှက်”တဲ့.လက်ညှိုးက.ကိုယ့်ကိုတည့်တည့်ထိုးနေသလိုပါပဲဗျာ….
“ဘီလူးကြီး”ogre
October 19, 2011 at 5:02 pm
ကဗျာက …ထောက်ပြနားလည်စေတဲ့အချက်တွေက
တွေးမိရင်တွေးစရာများနဲ့….လူ့လောက အတ္တသားများကို
နားလည်စေချင်တဲ့စေတနာတွေပါတယ်ဗျာ…
အတ္တဟိတ ပရဟိတ ဆိုတဲ့အတိုင်းပဲ
ဒီနှစ်ခုကတော့ယှဉ်တွဲနေရမှာပါပဲ
များသောအားဖြင့်တော့ မိမိအတ္တကိုထိပါးခံခဲ့ရလို့
ပရ ဘက်ကိုရောက်သွားတဲ့လူတွေများပါတယ်
လူတွေဟာမိမိအတ္တကိုမထိပါးမခြင်း ပရ ကိုနားမလည်တတ်တာပါပဲ
ကိုယ်အတ္တကိုယ်ထိပါး လာမှသာ ကိုယ်ချင်းစာစိတ်နဲ့
ပရကိုနားလည်လုပ်ဆောင်တတ်ကြတာပါပဲ…ကျုပ်အတွေးပါခင်ဗျ
ဘယ်သူမှပြောတာမဟုတ်ပါ..။။။။
Shwe Ei
October 19, 2011 at 5:22 pm
ပရဟိတ ဆိုတာကိုယ့်ကိုယ်ထဲမှာရှိနေတဲ့ အစိတ်အပိုင်းတခုပါဘဲ။ ဝါသနာအရင်းခံရှိရင် အချိန်မရွေး နေရာမရွေး ထုတ်ပြနိုင်တဲ့ အရည်အချင်းတခုပေါ့။ ဆက်လက်ကြိုးစားပါလို့ တိုက်တွန်းပါရစေ။
nozomi
October 19, 2011 at 6:26 pm
ကိုသစ်မင်း ကတော့ တကယ်ကို ဆေးစက်ကျရာ အရုပ်ထင်တာပဲ စာတွေတင် မဟုတ်ဘူး ကဗျာလဲ သဘောကျမိတယ်
ကြည့်ရင်း
ငါ့မှာ
ရှက်စရာ။ တဲ့
ဟုတ်တယ်ဗျ ပြန်တွေးကြည့်ရင် ကိုယ်တိုင် အားမရတာတွေ ရှက်စရာတွေ အများကြီးပဲ
thit min
October 19, 2011 at 6:49 pm
ကိုဘလက် နဲ့ ကို amatmin တို့ကတော့ လစ်ပိုဗီတန် တိုက်နေပြန်ပါပြီဗျာ။အားရှိရပါတယ်ဗျာ။
ဟုတ်ကဲ့ကျေးဇူးပါ။
ဟုတ်ကဲ့ ရွှေအိရေ
သူတပါးကို ကိုယ်တတ်နိုင်တာကူညီလိုက်တာလေးလောက်နဲ့ “ပရ” လို့ ခေါင်းစဉ်မတတ်ချင်တဲ့ ကျနော့ ” ” မြင့်မှုကိုဘဲပြောရတော့မှာပါဘဲ။
ကိုဘီလူးစဉ်းစားတာ သဘောတူတယ်ဗျ။
လူဆိုတာကိုယ့်လက်ပူမှ ပူမှန်းသိတတ်တာမဟုတ်လားဗျာ။
ကိုနိုဇိုမိရေ
(ဒီနာမည်မြင်တိုင်းခရီးထွက်ချင်တယ်၊ရှင်ကန်ဆဲင် လတ်မှတ်ဝယ်ရတော့မလိုလိုနဲ့)
ကျေးဇူးပါ၊ ကျနော် ပညာရှင် တော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဘာလုပ်လုပ် “တခုခုပေး” နိုင်ရင် ကောင်းမယ် လို့တော့စဉ်းစားပြီး “စေတနာ”ထဲ့ပေးပါတယ်။
ကျနော်တို့ အင်အားရှိသလောက် “ပရ” ကြတာပေါ့ဗျာ။
thit min
October 19, 2011 at 6:51 pm
ကျနော့ “expectation” မြင့်မှုလို့ပြင်ဖတ်ပေးပါ။
windtalker
October 19, 2011 at 6:55 pm
ကိုသစ်မင်းရေ
ဘာမှ မရှက်ပါနဲ ့ဗျာ
ကိုသစ်မင်းမှာ
လုပ်သင့်တာ နဲ ့လုပ်ထိုက်တဲ့ အရာ တွေ ကို
သိနေပြီး ပြီပဲ ဟာ
thit min
October 19, 2011 at 7:02 pm
တော်တော်အားထဲ့ပြီး ဖတ်လိုက်တာ မို့ ဒီစကားသံ ထွက် လာတာပေါ့။ကျေးဇူး။
ကောင်းလှောင့်တေး ၊ ကောင်းလှောင့်တေး၊
ဟုတ်ပါပြီဗျာ။ တွေ့မှာပါ ဟိုမှာ ကိုပေါက်က ပြောထားပြီးသား။
windtalker
October 21, 2011 at 12:55 pm
ဒီလို ရှိတယ်ဗျ
တစ်ခြား လူဆိုရင်တော့ ပြန်မရှင်းနေတော့ပါဘူး
ကိုသစ်မင်း ကိုတော့
ကျွန်တော့် ထက်အသက်ကြီးမယ်
စာအရေးအသား၊ဗဟုသုတ အစစ အရာရာ
ကျွန်တော့် ထက် ပိုသာ လို ့ကျွန်တော် ရှင်းပါရစေဦး
ကျွန်တော့် ကွန်မင့် ကို ကိုသစ်မင်း က ပြန်မန် ့ထားတာ တွေ ့ကတဲက
ကျွန်တော် စိတ်ထဲ မှာ တစ်ထင့်ထင့်ရယ်
သိတယ်လေ
ကိုသစ်မင်း က ကိုသစ်မင်း ကဗျာ ကို
ကျွန်တော် သေချာ မဖတ်ပဲ မန် ့တယ် လို ့ထင်နေပြီ ဆိုတာ
မဟုတ်ဘူးဗျ ၊ ဖတ်တယ် ၊ ဖတ်ပြီးမှ မန် ့တာပါ
ကျွန်တော် ထင်တာကတော့
ကဗျာရေးတဲ့သူဟာ ဘာကဗျာ ကို ပဲရေးရေး
အဲဒီကဗျာ ထဲ မှာ ကဗျာရေးတဲ့သူ ရဲ ့ဖီးလင် ဟာ ၅ဝ လောက် ပါတယ် လို ့
ကျွန်တော် က ထင်တာကိုးဗျ
ကျွန်တော် ကိုယ်တိုင်လည်း ကဗျာတွေရေး ၊ တက္ကသိုလ်ကျောင်းသား ဘဝတုန်းက ကဗျာစာအုပ်လေးတွေ ထုပ်ရောင်းခဲ့ဖူးတဲ့ ကောင်မို ့လို ့ပါ ။
အခုလဲ စိတ်ထဲ ခံစားချက်ဖြစ်ရင် ဖြစ်သလို
ရေးနေတုန်းပါပဲ
ဒီတော့ ကိုသစ်မင်း ရဲ ့ကဗျာ ကို ဖတ်အပြီး မှာ
ကျွန်တော် က ကိုသစ်မင်းကို ကဗျာထဲကလို ခံစားနေရမယ် မှတ်ထင်မိသွားခဲ့လို ့
အပေါ်က ကွန်မင့် ကို ရေးပေးတာပါ
အခုတော့ ကျွန်တော် သိပါပြီ
အကို သဘောမကျ အောင် လုပ်သလို ဖြစ်ခဲ့တဲ့ အတွက်
ဝမ်းနည်းပါ၏ ။ အမှားရှိရင် တောင်းပန်ပါ၏
thit min
October 21, 2011 at 1:37 pm
ညီ ဝင်းတော်လခါရေ
တောင်းပန်ရလောက်အောင် ညီ ဘာအမှားမှ မရှိပါဘူးကွာ။
သေသေခြာခြာဖတ်လိုက်တာဘဲလို့ပြောတာက “ဝမ်းသာတဲ့ လေသံကွ”
ညီကမှ တော်သေးတယ် ကိုယ့်ကောင်မလေးကဆို ဘာရေး ရေး ကိုယ်တကယ်ဖြစ်တယ်လို့ချည်းဘဲထင်တာဟေ့။
ပထမနှစ်လောက်ထဲက စာရေး၊ကဗျာရေး ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ပါဘူးကွာ။
ဝါသနာပါလို့ ရေးတာဆိုတော့ အငှါးခံစားချက်တွေလဲပါပြီပေါ့ကွာ။
တလေးတစားပြန်ရှင်းပြလို့ကျေးဇူးအထူးတင်တယ်နော်.
ညီ ပြောခါမှကိုယ်တောင် နည်းနည်း ကြောင်ကြောင် တောင်တောင် ဖြစ်သွားတယ်။
ဟား ဟား ဟား
ဘာ မှ ကို စိတ်မဆိုးတာ ဟေ့
ပြောရရင် ကိုမောင် တို့ ကိုသူရ တို့ လို မဟုတ် တောင် တခုခုလုပ်ပေးချင်နေတာတော့အ မှန်ဘဲကွာ။
လောလောဆယ်ဆယ် မဖြစ်နိုင်သေးတာ အားမရဘူး၊ အဲဒီ ဖီလင်တော့ရှိတယ်။
အိုကေ
အလုပ်အကိုင်အဆင်ပြေပါစေ၊ ရွှင်လန်းပါစေကွာ.။
နည်ရဲဇော်
October 21, 2011 at 3:10 pm
လူတစ်ယောက်ရဲ့ပြောဆိုရေးသားမှုဟာ သူ့ရဲ့တွေးခေါ်ပုံကိုယောင်ပြန်ဟပ်လေ့ရှိတယ်တဲ့။ ကိုသစ်မင်းရဲ့လက်ရာကောင်းလေးတွေထဲမှာ ဒီကဗျာလေးကိုပိုပြီးသဘောကျမိတယ်။ ပရဟိတ စိတ်ဓါတ်လေးပေါ်လွင်နေလို့ပါ။ ကျွန်တော့်မှတ်စုထဲမှာ ကူးထားလိုက်ပြီဗျာ။
thit min
October 22, 2011 at 12:05 pm
ကိုနေရဲဇော် ကူးယူသိမ်းထားလောက်အောင် ကောင်းတယ်ဆိုလို့ အံ့ဩဝမ်းသာရတယ်ဗျာ။
ပြောရရင် ကိုယ်ဟာကို ကဗျာရေးတတ်သူ တယောက်လို့ကို မသတ်မှတ်နိုင်လို့ပါခင်ဗျာ။
ကြိုးစားပါအုန်းမည်ပေါ့ခင်ဗျာ။