thit minNovember 12, 20111min13815
ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။ ရေနောက်တာနဲ့ မြက်ကြမ်းတာ ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့ ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။ ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို ပုလင်းတလုံးထဲ ထဲ့ပြီး ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ် ရိုးသားမှုရဲ ့လေပြေညင်းတွေရယ်ကို အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။ ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ် တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။ အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့ ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ မင်း ဖီးနစ် ဖြစ်နေပါစေ………………….။ ပြန်လာဘို့ ဆိုတာကတော့ တံခါးမှ မရှိတာလေ ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ […]


thit minNovember 7, 20111min17117
စနစ်တကျမစီထားမိတဲ့ အတွေးစတွေက မြိုချတာခံလိုက်ရလို့ ညအမှောင်နဲ့ နံနက်ခင်းဟာ လက်ခြင်းတွဲပြီး ငါ့မျက်စိထဲဝင်လာတယ်……..။ နေ့တနေ့ရဲ့တာဝန်ဟာ ဂေါ့ဒ်ဖားသားယောင်ဆောင်ပြီး ဦးနှောက်ကိုဓားနဲ့ထောက် နှလုံးသားကိုပြန်ပေးဆွဲသွားပြီ…….။ “တရက်”တကျွန်းကျ တရားခံတယောက်ရဲ့ ဆည်းဆာချိန် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ ဝပ်ကျင်းထဲကကြက်ဥတလုံးလိုပါဘဲ…….။ အစီအစဉ်ကြေညာတဲ့စာရွက်ကို ဆုတ်ဖြဲထားတဲ့ဒီနေ့ဟာလဲ မနေ့တွေကလိုဘဲ ဒိုရေမီဖာနဲ့ညှိလို့မရအောင် ကီးကြောင်နေပြန်တယ်…….။ ဖန်လုံအိမ်နိယာမဟာ ဆေးပေါ့လိပ်တွေဈေးသက်သာလို့ဆိုတဲ့ ညီမျှသလို မညီမျှသလို ညီမျှချင်းကိစ္စတွေကို ဇွတ်အတင်းစေ့စပ်ကြောင်းလမ်းပြုအပြီးမှာ……. အမိန့်ကိုမနာခံတော့တဲ့ ငါ့ခြေထောက်ပေါ်ငါရပ်မိရက်သားဖြစ်နေပေါ့……။ နွမ်းလျှအိမ်ပြန်ဆိုတဲ့စကားလုံးက ဆိုင်ယာနိုက်ဆိုတဲ့အဆိပ်လိုဘဲ အမည်လှသလောက် အသေမြန်မယ်ထင်ပါရဲ့……။ ဘဝအကြောင်းနားမလည်ဘဲနဲ့ နားလည်ချင်ယောင်ဆောင်မိတဲ့ပြစ်မှုနဲ့ မနက်မနက်ဖြန်တွေမှာလဲ တောင်စဉ်ခွန်နှစ်ထပ်မှာ မြင်းမြီးဆွဲပြီး အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..။ သော့ခတ်ထားတဲ့ရက်စွဲတခုမှာ အရိပ်ခိုစရာရှာနိုင်ဘို့နဲ့ ဝင်ရိုးစွန်းကရေခဲတွေလို အေးအေးလူလူမြောချင်ရာမြောနိုင်ဘို့ ဒီနေ့တွေမှာတော့ခရမ်းလွန်ရောင်ချည်တန်းကိုဘဲ ငါးကင်စားဘို့သုံးနေရအုန်းမှာပေါ့…….။ ~~~~~~~~~~~~~~~~~~ အားလုံးကိုလေးစားပါသည် မောင်သစ်မင်း ~~~~~~~~~~~~~~~~~~ ကိုအလင်းဆက်ရေ ရေးကြည့်လိုက်တာပါ၊ဘာရယ်မဟုတ်ဘူး။ဖတ်ကြည့်ပေးပါအုန်းနော်။ ~~~~~~~~~~~~~~~~~~  


thit minOctober 19, 20111min33619
လိုချင်ဆန္ဒ လွန်ပြင်းပြ၍ အတ္တကိုရင်း ကြိုးစားရင်းမှ မယွင်းမုချ အောင်မြင်ရသော် ငါ”တော်”လေခြင်း ဆေးသားသွင်းမိ အတ္တပန်းချီ ရုပ်သွင်ပီရင်း အလျင်းမငြီး -ခရီးဆက်ခဲ့။   လိုချင်တဲ့စိတ် အိပ်မရဘူး အထူးတွေးခေါ် များထက်တော်သည် ငါနော်လူသား ဇမ္ဗူရှားဟု အတ္တပန်းပု ငါဆစ်ထုရင်း အလျင်းမငြီး -ခရီးဆက်ခဲ့။   ရလေရလေ အိုတစ္ဆေမို့ လိုနေတာလေး ထပ်ဖြည့်ပေးရင်း စီးဆင်းအတ္တ လှပစာစီ တေးနှယ်သီရင်း ဆိုငြီးရင်းနဲ့ အလျင်းမငြီး -ခရီးဆက်ခဲ့။   ဪ…………….. အတ္တပန်းချီ ငါ ဆေးစီခဲ့ အတ္တပန်းပု ငါဆစ်ထုခဲ့ အတ္တသီချင်း ငါအသက်သွင်းခဲ့ ယဲ့ယဲ့တွေးကြည့် မိသည့်မုန်တိုင်း အတ္တလှိုင်းမှာ လိုက်ပါလွင့်မြော မမောနိုင်သေး (ဟာ) ခပ်ဝေးဝေးမှာ သူတကာတို့ စွန့်လို့ကိုယ်ကျိုး ဘဝမျိုးမျိုးထဲ လဲကျသူထူ ပူသူကိုအေး […]


thit minOctober 13, 20111min1399
သစ်ပင်ဆိုတာ အခက်ကိုမချိုး၊ ရိုးတဲ့သူ အခက်ကိုချိုး၊ ဆိုးတဲ့သူ ဘယ်သူဘဲဖြစ်စေ ရန်လဲ မငြိုး စိတ်မဆိုး အရိပ်မိုးလို့ အကျိုးပြုတယ်………….။ မြစ်တစင်းဟာ ကျောပေါ်စီးနင်း အပြစ်ကင်းသူ မကင်းသူ ဘယ်သူဘယ်ဝါ ဖြူဖြူမဲမဲ တူတူဘဲမှတ် မပြတ်စီးဆင်း လုပ်ကျွေးခြင်းနဲ့ တန်ဖိုးတခု အကျိုးပြုတယ်…………။ သစ်ပင်နဲ့မြစ် လူကိုချစ်လဲ ခုတ်လှဲသစ်ပင် ငွေကိုခင်လို့ လောဘပုဆိန် အကြိမ်ကြိမ်သုံး တောင်ကတုံးရုပ် သစ်ငုတ်မြေကပ် ဝိဉာဉ်ပြတ်ပြီ…….။ သစ်ပင်နဲ့မြစ် လူကိုချစ်လဲ ပိတ်ဆို့မြစ်ပြင် ငွေကိုခင်လို့ လောဘတံတိုင်း အပိုင်းပိုင်းဖြတ် လည်ပြတ်မြစ်ပြင် အသက်ငင်ပြီ ……။ သစ်ပင့်ဝိဉာဉ် မြစ်ပြင်လည်ပြတ် အသက်ဓာတ်ကို ဒို့လိုလူသား ကျေးဇူးစားက ထောက်ထားငဲ့ညှာ တခါပြန်ကြည့် သတိရှိကယ်မ ဝိုင်းဝန်းကြ၍ သက်ငွေ့မြစ်ရေ စီးဆင်းလေပြီ နောက်သည်မကြာ ရုပ်နာတောင်ကတုံး သစ်ပင်ဖုံးမည် မဝေးပြီအနာဂတ် သည်အရပ်မှာ […]