နှတ်မဆက်နိုင်ခဲ့ပါ… ခုမနက်ပေါ့… အိမ်ကထွက် မှတ်တိုင်ရောက် ကားစီးလိုက်တဲ့ အထိ ကြည်ကြည်လင်လင်ပါဘဲ… ကားခ ပေးတော့မှ စိတ်တိုရတော့တာ… စိတ်တိုလိုက်တာ… စိတ်တိုလိုက်တာ… အဖြစ်က ဒီလိုလေ… ကားမှတ်တိုင်မှာ လူများနေတာတွေ့ထဲက ကျမစိတ်ထဲမှာ… ဟင်း…ကားတော့ကျပ်တော့မှာဘဲ… ကားငှားစီးရတော့မယ်နဲ့တူရဲ့… စပ်စီးမဲ့သူတွေ့ရင်ကောင်းမှာဘဲ… တခါတလေတော့လဲ တစ်ယောက်ထဲစီးရတာ ကောင်းပါတယ်လေ… ကိုယ်ပိုင်ကားလို့သဘောထားပြီး စိတ်ချမ်းသာရတာပေါ့…စသည်ဖြင့်အမျိုးမျိုး တွေးနေမိပါပြီ… တစ်ကယ်လဲ နဲနဲအကြာမှာ ကျပ်ပိတ်သိပ်နေတဲ့ ကား နှစ်စီး အချိန်ခြားလို့ ရပ်လာပါတယ်… တစ်စီးဆိုရပ်တောင်မရပ်တော့ပါဘူး…ဆင်းမဲ့သူမှမရှိဘဲကိုး၊သူလဲထပ်မတင်နိုင်တော့ဘူးလေ… ခြေနင်းခုံထိ တွယ်နေကြရတဲ့သူတွေကိုကြည့်လို့ ကားပေါ်တက်ဖို့ စဉ်းစားလို့တောင် မရပါဘူး.. ဆင်းလာတဲ့သူတွေကလဲကြည့်ဦး… အမျိုးသမီးနှစ်ယောက်တိုးဆင်းလာကြပြီး ကားပေါ်ကိုအော်ခေါ်ကြပါတော့တယ်… ဟဲ့…မ… …. ရေ မှတ်တိုင်ရောက်ပြီ..ဆင်းလေ..ပါသွားတော့မှာဘဲ.. ကားသမားရယ်လုပ်ပါအုံး..ကလေးအမေ.. ဟဲ့…မ… …. ဆင်းတော့လေ… စသည်ဖြင့် […]