Nyein NyeinJune 28, 20121min38431
တွေ့နေ၊မြင်နေတာတော့ ကြာပါပြီ။ အခုတစ်လောမှာ ပိုပြီးသတိထားမိလာလို့ပါ။  ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးမှုတွေ တွေ့လာရပါတယ်။ မိမိကိုယ်သာ အချစ်ဆုံးဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာမှု၊ စာနာမှု၊ ညှာတာမှုတွေဆိုတာ ရှိသင့်တာပဲမဟုတ်လား။ အထူးသဖြင့် bus ကားပေါ်မှာပါ။ အခုခေတ် bus တွေအကြောင်းကိုလည်း အားလုံးသိတဲ့အတိုင်းပါ။  အထူး  ဆိုပေမယ့်လည်း မထူးမခြားပါပဲ။ လူကြပ်မြဲ၊ တိုးစီးရဆဲပါ။  ကိုယ်လိုလူငယ်တွေတောင် ကားတိုးစီးရတာ တော်တော့ကိုပင်ပန်းတဲ့ ကိစ္စပါ။  သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဆိုရင်တော့ မပြောပါနဲ့တော့။ လူကကြပ်၊ ကိုင်စရာက မမှီမကမ်းနဲ့ အတော်ကိုဒုက္ခရောက်ကြတာပါ။  အဲဒါတွေကို မြင်နေတာတောင် အေးအေးဆေးဆေး ထိုင်စီးနိုင်တဲ့လူတွေကို မြင်ရတာ တော်တော်ကို စိတ်တိုပြီး၊ ဒေါသထွက်ချင်စရာပါ။  ကိုယ်ထိုင်တဲ့နေရာကို မဖယ်ပေးချင်ရင်တောင်  ပစ္စည်းလေးတွေတော့ ကိုင်ပေးသင့်ပါတယ်။ ကိုယ်ထိုင်စရာမရတဲ့အခါမှာ ကြုံရတာတွေကို ပြန်တွေးပြီး ကိုယ်ချင်းစာကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာတော့ […]