manawphyulayApril 28, 20121min1063
မလေးရှားအဝင် ကြုံတွေ့ပုံလေးများ ကျွန်တော်တို့ စီးလာတဲ့ ဗင်ကားလေးဟာ ထိုင်းနိိုင်ငံနယ် စပ်လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ချောချောချူချူနဲ့ အထွက်တုံးထုပြီးတဲ့နောက် တော်တော်လှမ်းလှမ်းကို သွားရတဲ့ မလေးရှားနိုင်ငံ ဆာဒါအို လူဝင်မှုကြီးကြပ်ရေးဂိတ်ကိုရောက်ခဲ့ပါတယ်။ ရောက်တာနဲ့ တစ်ပြိုင်နက် ကားပေါ်မှ အားလုံးဆင်းပြီး အဝင်တုံးထုဖို့ တန်းစီရပါတယ်။ ဘာလာလုပ်တာလဲ မေးခွန်းကိုတော့ အလည်အပတ်လို့ဖြေရင်းငြိမ်သက်နေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်န့လာတယ်ဆိုတာ ပြောလို့ မရဘူးလေ။ အဲဒီ အချိန်တုန်းက မလေးရှားမှာ တရားဝင် အလုပ်လုပ်တဲ့ ခေတ်မှ မဟုတ်သေးတာလေ။ အဝင်တုံးထုပြီးတဲ့အခါမှာတော့ ကားပေါ်မှ အထုပ်အပိုးတွေကိုချခိုင်းပြီး ခွေးနဲ့ လှည့်ပတ်စစ်ပါတော့တယ်။ ခွေးက အထုပ်တစ်ထုပ်နားရောက်တော့ တရူးရူးနဲ့ နမ်းနေပါတော့တယ်။ အင်း ဘာဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်နေရတာပေါ့။ ကျွန်တော်တို့နဲ့ အတူတူ ပါလာတဲ့ကောင်လေး တစ်ယောက်ရဲ့ ကြိမ်ခြင်းတောင်းကြီးပေါ့ဗျာ။ အရင်ခေတ်ကဆိုတော့ နိုင်ငံခြားကို […]