Dhamma Rakhita အကောင့်ပိုင်ရှင်က facebook မှာ မထားထားမိုး Status တွင် ရေးထားသောအကြောင်းမှာ ရဟန်းသံဃာများကို ပိုက်ဆံလှူတဲ့အခါ တိုက်ရိုက်လှူဒါန်းရင် ရဟန်းသံဃာများမှာရော၊ လှူဒါန်းသူများမှာပါ အကျိုးရသင့်သလောက် မရဘူးဆိုပြီး Comment ပေးထားတာကို လူတွေအနေနဲ့ ဝိနည်းအကြောင်းနားမလည်လို့ ယောင်ဝါးဝါးဖြစ်ပြီး ပိုက်ဆံလှူခြင်းများအတွက် သံယယတွေဖြစ်နေကြတယ်။ အဲဒါ ဖြေရှင်းပေးပါဦးလို့ တောင်းဆိုတာနဲ့ ယခုလို ဖြေရှင်းရေးသားပေးလိုက်ခြင်းပါ။ တကယ်တော့ Dhamma Rakhita ဆိုတာ ရဟန်းလား၊ လူလား၊ ဘာသာခြားလားစတာတွေကို ဦးဇင်းလည်း သူ့ Profile ဖွင့်ကြည့်တဲ့အခါ ဘာမှရေးမထားတာမို့ မသိရပေ။ သူများအကြောင်း၊ ကိုယ့်အကြောင်းကို အမှန်တကယ် ကောင်းမွန်စွာ ဖော်ထုတ်ရေးသား၊ အကြံပြုပေးချင်တဲ့လူဆိုရင် ဘယ်သူမဆို ကိုယ့်အကြောင်းလိပ်စာ၊ နေရပ်၊ မေးလ်လိပ်စာ၊ ဓာတ်ပုံစတဲ့ အချက်အလက်များကို ရဲဝင့်စွာ တင်ပြပေးထားရမှာပါ။ […]