ကထူးဆန္းJuly 17, 20121min40026
ဗန်းမော်မြို့ မှ ဖရဲသီးသည် အောက်ပြည်အောက်ရွာမှ ဖရဲနှင့် မတူ ။ ထိုခေတ်ထိုအခါ က လမ်းပန်းဆက်သွယ်ရေး က ခက်ခဲသည်မို့ တစ်နေရာ နှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု့ ယခုခေတ်လိုမရှိ ။ ထို့ကြောင့် ဗန်းမော်မြို့ မှ ဖရဲသီး မျိုး ဆရာလေးကတုံး မမြင်ဘူး ။ ဖရဲသီး အခွံမှာ အစိမ်းရင့်ရောင် လွှမ်းခြုံနေပြီး အလုံးကြီးကာ အတွင်းသား မှာလည်း နီရဲ စိုပြေနေလှသည် ။ အရသာ မှာ လည်း ဆိုဖွယ်မရှိ ။ အလွန်ချို လေသည် ။ ကျောင်းသားများအတွက် ဆိုကာ စေတနာ ဗလပွ နှင့် ရပ်ကွက်မှ လာပေးထားသည်မှာလည်း တပုံတပင် ။ တစ်ခုဘဲ ရှိသည် […]


ကထူးဆန္းJuly 16, 20121min23314
ဆရာလေးကတုံး ဆေးရုံတင်လိုက်ရလို့ဆိုသော သတင်းသည် ဗန်းမော်မြို့ ၏ ရပ်ကွက်တစ်ခုလုံးသို့ တောမီးပမား ပြန့်နှံ့ သွားသည် ။ ယခု ခောတ်လို အင်တာနက်ခောတ်ဖြစ်ပါက အင်တာနက် သတင်းလို တစြ်မို့လုံး ပြန့်သွားသည်ဟု ဆိုရမလားမသိ။ မပြန့်လျှင်လည်း ခံနိုင်ရိုးလား ။ ထိုခောတ် ထိုအခါ အညိုရောင်နယ်မြေဖြစ်သော ဗန်းမော်မြို့သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသောကြောင့် ည ၆ နာရီကျော်လျှင် လမ်းများတွင် လူခြေတိတ်ပေပြီ ။ ထို လူခြေတိတ်ချိန် ဆရာလေးကတုံးကို တည်းခိုရာ အမကကျောင်းမှ ဆေးရုံ အရေးပေါ် ပို့ရန် အတွက် မီးသတ်ကား စီစဉ်ပြီး ပို့လိုက်ရခြင်းကြောင့်ပင် ။ ရပ်ကွက်တွင်း မီးသတ်ကားကြီး ဝင်လာတော့ ဘာဖြစ်တာလဲဟု အလန့်တကြား ထုံးစံအတိုင်း စပ်စုကြသူများ လမ်းပေါ်မတက်ရ၍ လာ […]