kaiAugust 1, 20101min671
လော့စ်အိန်ဂျလိစ်။  ။ ဂျူလိုင် ၃၁ ယမန်နေ့ညနေ (ရနာရီ)ခန့်က ရွှေ့အမြုတေ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းသည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာနှင့်အတူ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်သို့ အလည်အပါတ်အဖြစ် ရောက်ရှိရာ မန္တလေးဂေဇက်နှင့် သူ၏မိတ်ဆွေများက သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ ပြီးခဲ့သည် မေလအတွင်းက ဘန်ကောက်တွင် နှလုံးရောဂါကုသထားသော ဦးဝင်းငြိမ်းမှာ ကျမ်းမာနေဟန်ရှိပြီး အမေရိကန်ပြည်ထောင်စုရှိ ဆန်ဖရန်စစ်စကို၊ ဝါရှင်တန်၊ ဖလော်ရီဒါပြည်နယ်သို့ သွားရောက်ရန်စီစဉ်ထားကြောင်းနှင့် ရက်သတ္တ၃ပါတ်မျှ နေထိုင်မည်ဖြစ်ကြောင်း ၊ လောလောဆယ်တွင် လော့စ်အိန်ဂျလိစ်ရှိ မိတ်ဆွေနေအိမ်တွင်တည်းခိုနေသော ဦးဝင်းငြိမ်းမှာ Cell Phoneလုပ်ထားဆဲဖြစ်ကြောင်း။ ဒေါ်ပတ္တမြားခင်နေထို်င်သော ဖလော်ရီဒါပြည်နယ်ရောက်ပါက ရွှေအမြုတေပရိသတ်များနှင့် ရေးသူဖတ်သူ စကားပြောပွဲလေး စီစဉ်ထားကြောင်း သိရှိရသည်။