ဇီဇီMay 5, 20171min44210
မနှစ်က Singapore Changi လေဆိပ်က Certis Cisco က Auxiliary Police ချောချောတစ်ယောက်ရဲ့ပုံတွေ တက်လာတယ်။ အသက်က ၂၂နှစ်ပဲရှိသေးသတဲ့။ ချောသလိုလိုတော့ရှိပေမဲ့ ချောတယ်လို့ပြောရလောက်အောင်မဟုတ်ပါဘူး။ ကိုယ်ပဲ တရုတ် ရုပ်ကို မကြိုက်လို့လားတော့မသိ။ ကိုယ့်မယ် စလုံးမှာ မြင်ဖူးသမျှ ရဲအရာရှိလေးတွေ အကုန်သန့်တယ်လို့ ပြောရမယ်။ ဒီမှာက ယူနီဖောင်းဝတ် အရာရှိတွေ အရပ်အမောင်းနဲ့ရုပ်လေးတွေက အသန့်လေးတွေ များတယ်။ နောက်ပြီး ကိုယ်က တော်တော်ချောတယ်လို့ ပြောလို့ရတဲ့ ရဲအရာရှိတစ်ယောက်ကို မြင်ဖူးတယ် ခည။ တမန်ဂျူယောင်း Neighborhood Police Office ပါ။ ခု ရှိသေးလားတော့မသိ။ 🙄 ၂၀၀၈ လောက်က ကိုယ် က LakeSide မှာ အဒေါ်နဲ့နေတာ။ တစ်ရက်သားး အလုပ်က […]


ဇီဇီMay 20, 20161min81641
အလွဲတွေ မပြောခင်မှာ နည်းနည်း ပျိုးပါရစေ။ ဟိဟိ (လေကြောရှည်တော့မယ်) :mrgreenn: ကေဇီ မွေးရာပါတတ်တဲ့ ပညာရပ်ထဲမှာ အနှိပ်ပညာရပ်ပါပါတယ်။ (ကျန်တဲ့ ပညာတွေကတော့ ပြောမပြဘူးးးး) :k: ကိုယ်တိုင်ကလည်း အနှိပ်ခံရတာကို အတော်ကြိုက်တာရယ်။ မွေးမေလေ့နဲ့ လုံးဝ တူတဲ့ အချက်တွေထဲမှာလည်း အနှိပ်ပညာလည်း ပါသပေါ့။ သူကတော့ ဇိမ်မခံတတ်ဘူးး။ သူများသာ နှိပ်ပေးချင်တာ။ ဘယ်နားကို ဘယ်လိုလေး နှိပ်လိုက်ရင် မျက်ရိုးကိုက်တာ ပျောက်တာတို့ ဇက်ကြောတက်တာ ပျောက်တာတို့ ဆိုတာ သူ့လောက် မသိပေမဲ့ ကိုယ့်လက်နဲ့ အနှိပ်ခံဖူးသူတိုင်း လက်ပေါက်တယ်လို့ ပြောကြတယ်။ (အနှိပ်ခံဖူးတဲ့ ရွာသူ ရွာသားတွေ ရှိတယ်) :aa: လက်ပေါက်တာက နှိပ်တဲ့သူရဲ့ ဝတာ ပိန်တာနဲ့ မဆိုင်သလို အရမ်းအားစိုက်စရာလည်း မလိုပါဘူးး။ ငယ်တုန်းကတော့ […]


ဇီဇီJanuary 5, 20161min32114
  မွေးမေလေ့ သည် ကိုယ်တိုင်လည်း လှသည်။ သူများကိုလည်း လှစေချင်သည်။ သူမ၏ သားသမီးဖြစ်သော ကေဇီ ကို မူကား ဆိုဖွယ်မရှိ။ အရိပ် တကြည့်ကြည့်ရှိ၏။ ချစ်လွန်းလှလို့ထက် ဘယ်အချိန် ဘယ်လို ပုံပျက်ပန်းပျက်နှင့် သူ၏ မိတ်ဆွေများရှေ့မှောက် အရောက်လာမည်ကို ကြောက်ရွံ့လှသောကြောင့်ဖြစ်၏။ :k: ကေဇီသည်ကား ယောက်ကျားမိန်း တစ်ပိုင်း မိန်းမကြမ်း တစ်ပိုင်းမို့ အလှပြင်ဖို့ သိပ်မစိတ်ဝင်စား၊ စားခြင်းနှင့် အိပ်ခြင်းတွင်သာမွေ့လျော်ပေသည်။ ကိုယ်တိုင်က မလှ၍ မလှဘူး ပြောခံရခြင်း ၊ ဝတယ် အပြောခံရခြင်းတွင် သိပ် မခံစားတတ်။ ချိုးချိုးဖဲ့ဖဲ့ ပြောလာလျှင်ကား ပြန်လည် ဆဲဆိုတတ်ခြင်းကြောင့် ဘယ်သူဘာပြောပြော ထင်ရာ စားသော ကေဇီဖြစ်၏။ :sar: မွေးမေ့လေ့ကား မိန်းမ တန်မဲ့ ကေဇီမက်နှာသည် […]


ဇီဇီOctober 14, 20151min36431
ဘဖော ပို့(စ) ထဲ ရိုလာကိုစတာမြင်တော့ ကိုယ်နဲ့ ရိုလာကိုစတာရဲ့ ရေစက်အကြောင်းကို သတိရသွားတယ်။ ဟိ။ :mrgreenn:   ရိုလာကိုစတာရယ်လို့ စသိ စမြင်ဖူးတာက ၁ဝ တန်းး၊ မန်းလေး ပိုက်ကျုံး ဘက်မှာ ကစားကွင်း အသစ်ဖွင့်တော့ အဲဒါတွေပါ ပါတယ်။ မန်းလေးထုံးစံ အသစ်အဆန်းများမလုပ်ဖူးရင် ခေတ်မမှီတာမို့ မောင်နှမ ၆ ယောက် နဲ့ အဒေါ်တွေ အမေတွေရော လူကြီးတွေ ပါ ကစားကွင်းကို ချီတက်ကြတာပေါ့။ စစချင်း တော့ ဘာမှန်းမသိ။ လူတွေက စီးပြီး အော်ဟစ်နေတာမြင်တော့ အပိုတွေပါကွာ ပေါ့။ ဂလောက်များပေါ့။ :mrgreenn: ဘာကို ကြည့်ပြီးတွေးတုန်းဆို နဂါးလှေကြီးလေ။ အမြင်အရတော့ ဘာမှ မဖြစ်သလိုပဲ။ ဒန်းစီးသလိုလေးလောက် ကို အကဲပိုတယ်မှတ်ခဲ့တာ။ […]


ဇီဇီSeptember 24, 20151min25117
ရွေးကောက်ပွဲ မဲဆွယ်ကာလ သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်။ . . ဒေါ်ကေဇီ တစ်ယောက် အင်မတန် တက်ကြွနေသည်။ ဖွဘုတ် ၄ ခု အနက် ၂ ခုပဲ အက်တီဘိတ်လုပ်ခါ ဟိုကူးဒီကူး ကူးရသည်။  :mrgreenn: ပျော်ရွှင်သည်။ အာချောင်သည်။ လေပွါးသည်။ :kwi: . . . ရွာ အကောင့်တွင် ရှိသော ပိတ်သတ်ကတော့ သိသာသည်။ ဒေါ်ကေဇီ တက်ကြွသောကြက်ဖ အရွယ်ရောက်မှ တွေ့ဖူးတာ ဖြစ်သောကြောင့် ဒေါ်ကေဇီ တက်ကြွနေခြင်းတွင် အံ့ဩခြင်း အလျှင်း မဖြစ်ချေ။ စိတ်တူသူတွေ ထောက်ခံပြီး အမြင်ကပ်သူများ ရှောင်ကြကုန်၏။   :mrgreenn: . ဒါက ပြသနာမရှိ။ :k: . . . […]


ဇီဇီAugust 13, 20151min45945
ဒီမှာက အလကား ရသလို တောင်းတာမျိုးမရှိဘူးဗျ။ တစ်ချို့ က သီချင်း ဆိုပြတယ်။ တစ်ချို့က တစ်ရှူးလေးလိုက်ရောင်းတယ်။ တစ်ချို့ကတော့ လက်ကမ်းစာစောင် ဝေပေးတဲ့ အလုပ်နဲ့ အခကြေးငွေယူတယ် စသည်ဖြင့်ပေါ့။ ခါတလေတော့ ချယ်ရတီ အတွက် ကျောင်းသားကျောင်းသူလေးတွေ စုဘူးလိုလေးတွေ ကိုင်ပြီး အလှူလိုက်ခံပါတယ်။ ပိုက်ဆံထည့်တဲ့ အချိန် ကိုယ့် ကို သူတို့ စတစ်ကာလေးတွေ ကပ်ပေးလိုက်တာပါပဲ။ တစ်ချို့ကကျလည်း ရေခဲမုန့်တွေ လိုက်ရောင်းပါတယ်။ တစ်ချို့ကကျ ကျောင်းက စာရွက်နဲ့ တွဲပြီး အိတ်လေးတွေ လာပေးတယ်။ ကိုယ့် အိမ်က အသုံးမဝင်တာကို ထည့်ပြီး အိမ်ရှေ့မှာ ထားပေးထားရတာပါပဲ။ အဲဒီ ရက်ကျရင် လာယူသွားတယ်။ ………………….. ဆိုတော့ တောင်းရမ်းချင်ချင်၊ အလှူပဲ ခံချင်ချင် ဒီတိုင်း ပရမ်းပတာ […]


ဇီဇီJuly 8, 20151min42343
လူတွေများ သက်တောင့်သက်သာ နေရရင် Alert and Active မဖြစ်တော့ဘူး ဆိုတာ အဟုတ်ရယ်။ မြန်မာပြည် နေတုန်းက နယ်တကာလှည့် အရပ်တကာလှည့်လာတော့ လောကဓံ စစ်စစ် နဲ့ အဆင်မပြေမှုတွေ က ထုသားပေသားကျလွန်းလို့ ဘယ်နေရာ ဘယ်အခြေအနေမျိုးမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတတ်တာ။ အိမ်မှာဆို လက်နှိပ်ဓာတ်မီး က တစ်ယောက် တစ်ခုနှုန်းးး အပြင် အိတ်တွေထဲမှာ လည်း ဓာတ်မီး ဆောင်ထားရသေးးး… လူရိုက်လို့လည်း ရ (အဲလေ) ကာကွယ်ဖို့လည်း ရ၊ အမှောင်ထဲလည်း သွားလို့ရ။ ဖယောင်းတိုင် ဆိုတာ သိုလှောင်ထားရတာ အထုတ်လိုက်။ ဓာတ်ဆီ/ရေနံဆီကလည်း လှောင်ထားရသေးးး ရေမြောင်းထဲက ခြင်ပေါက်မှာကို ကာကွယ်ဖို့ ရေနံဆီ နဲ့ လောင်းရ၊ ကြောင်အိမ်ခြေထောက်၄ ချောင်းအောက်က အင်တုံထဲ […]


ဇီဇီMarch 17, 20151min52451
  ခင်ဇော် တို့များ ကြိုက်လိုက်ရင်…….. အရောင်တောက်တောက်တို့ အလက်လက်ထနေတဲ့ အဝတ်အစားတို့…. ဘောလိဝုဒ်ရုပ်ရှင်ကလည်း ကြိုက်သေး…. အစားအသောက်ဆိုလည်းမလွတ်…… နောက်ပြီး လက်ကောက်ထင်းထင်း နားဆွဲထင်းထင်းတွေ အင်မတန်ကြိုက်….. အင်ဒီးယားသွားမဲ့သူတိုင်းကို ဆာရီ စ မှာရတာ အမော……. ဆိုတော့ အကြောင်းသိရင် စစ်အတွင်းက အင်ဒီးယားကို မပြန်နိုင်တဲ့ ကုလားမ ဝင်စားသလား မှတ်ရတယ်။ လက်မှာ ဒါန်း ဆိုးတာတို့၊ အသားမှာ ကျောက် လေးတွေ ကပ်ပြီး အလှဆင်တာတို့လည်း ဖက်ရှင်လုပ်ဖူးသေးသပေါ့။ :k:   အဲ။ နောက်ပိုင်း အထိကရုန်း ကိစ္စနဲ့ ငြိမ်နေရတာ။ :f: ~~~~~~~~~ စလုံးရောက်တော့ တွေ့ပါပြီ။ သူဌေးတွေကလွဲရင် ကျန်တဲ့ ဆူပါဗိုက်စာ မှန်သမျှ… အင်ဒီးယားကရယ်… ဘင်ဂလားဒေ့(ချ) ကရယ်…. မလေးရှားကရယ်…. […]


ဇီဇီOctober 30, 20141min59554
  ကေဇီ နှယ်… နင်လို လူ နဲ့ အက အခုန် နဲ့ ဘာဆိုင်တုန်း ပြောလည်း ခံရမှာတော့မှာပဲ။ လူက အဆိုရော အကရော အင်မတန် ဝါသနာပါတာ။ အဲ။ အောင်မြင်အောင် လုပ်ရဲ တဲ့ “ဇ” ပဲ ပါမလာတာ။ :mrgreenn: အလယ်တန်းကျောင်းတုန်းကများ နယ် ကျောင်းမှာ ဘာပွဲဖြစ်ဖြစ် ရှေ့ဆုံးက က တာ။ ကိုယ် က ရှေ့ကနေ နန့်နန့် နန့်နန့် က သလောက် ဇော်သန့်က ရှက်လွန်းလို့ ရှေ့ထွက်မလာ။ :mrgreenn: ဆို က ရေး တီး ကို ဇွတ်ခေါ်လို့ ကျောင်းပွဲမှာတော့ ဝင်ပြိုင်လိုက်သေးးး၊ နောက်မှ မင်းသမီး ဝတ်စုံ ကလနား […]


ဇီဇီApril 11, 20141min71832
လူပါးတုန်း ရေးချင်တာလေး ရေးအူးမှ။ :kwi:   ရုံးက မဟာရန်သူအချစ်တော်ကြီး အကြောင်းပေါ့။ မင်းသားကြီးမဟုတ်ဘူးနော်။ ပီအမ် (ပရော့ဂျက် မန်နေဂျာ) ကိုပြောတာ။ ဘုရားစူး မန်နေဂျာပေါ့ ဟိ။ မနေ့က ၄၂ နှစ်ပြည့်ပြီ လူပျိုကြီး ချိန်ပါ။ ခွိခွိ။ ရုံး က အလွဲတွေ တော်တော်များများက သူနဲ့ တူတူလွဲတာရယ်။   ကေဇီ ရုံးကို စရောက်တော့ ဒီ ရာထူးမရသေးဘူးးး QS (Quantity Surveyor) ရာထူးနဲ့ ရာထူးက သူ့ထက် ဂျူနီယာကျတယ်ပေါ့။ ကေဇီမတိုင်ခင်က သူက မင်းသားကြီးရဲ့ လက်ရုံးးး၊ ခိုင်း အကောင်းဆုံး၊ မျက်နှာအရဆုံး၊ ဦးစား အပေးခံရဆုံးးးး ဆိုပါတော့။   ကိုယ့်ထက် အရင် ရက်ပိုင်းလေး ရောက်တဲ့ အင်/ယာ […]


ဇီဇီDecember 5, 20132min35720
ကေဇီ အသက်ငယ်တုန်းက ဓာတ်ပုံရိုက်မယ် ဆို အော်ငိုတာ။ သိပ်ကြောက်တာတဲ့။ ရိုက်ဆိုတဲ့စကားပါလို့ဆိုလားပဲ။ နောက်တော့ ရောက်သမျှနေတာ တွေ့သမျှနဲ့ ဓာတ်ပုံရိုက်လွန်းလို့ တခြားလူတွေ စိတ်ကို ညစ်ယူရရော။ ရပါတယ်။ ကိုယ်လုပ်ချင်တာမှန်သမျှ အဖော်ရအောင် တခြားသူတွေကိုပါ စည်းရုံးနိုင်သမျှစည်းရုံးလိုက်တာ အပေါင်းအသင်းတစ်စုလုံး ဘယ်နားသွားသွားဓာတ်ပုံရိုက်မယ် ဆိုတာချည်းပဲ။ ဖဘသူငယ်ချင်းများ သိတော်မူတဲ့ အတိုင်းပါပဲ။  :mrgreenn: အဲ ကံကောင်းသလားမသိတဲ့ အချက်က အဖွဲ့ထဲက သူငယ်ချင်း အထီးတွေက ပြောင်းကြီး ကင်မလာ (ကိုယ်ကတော့ အဲ့လိုပဲခေါ်တယ်။) ကိုင်တာ ၅ ယောက်ထက်မနည်းရှိပါတယ်။ အဲ ကံဆိုးတဲ့ အချက်က လူပုံမရိုက်ချင်သော၊ ရိုက်ချင်သူက မော်ဒယ်(လ) လေးတွေမှ ရိုက်ချင်သော၊ ရိုက်ပေးသော်လည်း အပြောဆိုးသော သူငယ်ချင်းများမို့ ဒီ အလွဲက စ ပါတယ်။ ၂၀၁၁၊ […]


ဇီဇီOctober 23, 20131min49245
    ဟိ။  :mrgreenn:   ကိုယ့် အရှက်ကို ခွဲလိုက်ပါဦးမယ်။ ကေဇီတို့ မေမေဟာ တခြားနေရာတွေမှာ လေဘာဒယ် ကျသလောက် အိမ်ထောင်ရေးမှာ အတော် ကွန်ကျပါတယ်။ ငယ်တုန်းကတည်းက ရိုက်သွင်းထားတဲ့စကားက သူကမေးးးး “အိမ်ထောင်ရေးကို ဘယ်လို ဆုံးဖြတ်မယ်??” ကေဇီက ဖြေ “မာမီ စီစဉ်ပေးတာပဲ ယူပါ့မယ်” အဲလိုကို ဇာတ်တိုက်ထားခံရတာပါ။ ကေဇီစိတ်ထဲလည်း ဒါကို အထွေအထူး ချုပ်ချယ်တယ် ဘာတယ်လို့ မခံစားရပါဘူးးး တခြားနေရာကျ အတော် အလိုလိုက်ထားခံရကိုးးးး စိတ်ကြိုက်နေရတော့ သူ့ အလိုကို ဒီ နေရာမှာ လိုက်မယ်လို့ပဲ တွေးထားပါတယ်။   အဲ! ခက်တာက သူတို့ မောင်နှမတွေ အကုန်လိုလိုက Arranged Marriage  ပဲ နာခံခဲ့တာဆိုတော့ အဲဒီ […]


ဇီဇီOctober 17, 20131min58753
  ခေါင်းစဉ်က Cat Cat လန် စကားလုံး အတွက် အောင်ကြူးကို ခရက်ဒစ်ပေးပါတယ်။ တိုလီမိုလီ ဆရာပွ ရဲ့ ရေးနည်း နဲနဲကိုလည်း ယူသုံးပါရစေညော်။  ~~~~~~~~~ ကေဇီတို့ မိသားစုက အင်မတန်ကြောင် ချစ်ကြပါတယ်။ မချစ်တတ်တဲ့ ဒက်ဒီကကို နောက်ဆုံးချစ်တတ်သွားတဲ့ထိ သားအမိ ၂ ယောက် စည်းရုံးနိုင်တာပေါ့။ (အမှန်တော့ ဇွတ်ကျတာပါ။) ကြောင်တွေ သားပေါက်တိုင်း ကိုယ့် အချစ်တော် တစ်ယောက်တစ်ကောင်နှုန်းနဲ့ အနည်းဆုံး ၅ ကောင်ကတော့ အဆက်မပြတ်။ တစ်ခါတစ်ခါ တစ်ယောက် ၂ ကောင်နှုန်းကျော်သွားသေးးးး။ ကိုယ့်ကြောင်ကို ဘယ်လောက် အလိုလိုက်နိုင်ကြောင်းက အမြဲပြိုင်ကြပါတယ်။ တစ်အိမ်လုံးမှာ မာမီက ကင်း ဆိုတော့ သူ့ကြောင်ကတော့ အမြဲ ထိပ်ကပေါ့လေ။ ထားပါတော့။ ကိုယ် […]