ဇီဇီSeptember 19, 20131min59558
စလုံးမှာ မြို့ပတ် ရထားကို အမ်အာတီ (Mass Rapid Transit) လို့ ခေါ်ပါတယ်။ လိုင်းတွေလည်း အများကြီးမို့ ဘယ်သွားသွား အဆင်ပြေတဲ့ ရထားတွေပါ။ လူကြပ်တဲ့ အချိန်ဆို နေရာမရပေမဲ့ လူချောင်ရင်တော့ လေအေးပေးစက်ပါတဲ့ အခန်းထဲထိုင်လိုက်ရသလိုမို့ အတော်သက်သာတယ်ခေါ်မှာပေါ့။ စလုံးများရဲ့ သိတတ်ချက်များကတော့ ထိုင်ခုံတွေ ရဲ့ ဘေးစွန်း ၂ ခုံ စီကို (Reserved Seats) ဆိုပြီး ကိုယ်ဝန်ဆောင်သည်တွေ အဖိုးအဖွားး ကလေးငယ်တွေ အတွက် သတ်မှတ်ထားတာပါ။ ဒါတောင် ထိုင်မိတဲ့ သူက အိပ်ချင်ယောင်ဆောင် ထ မပေးရင် လိုအပ်သူတွေမှာ ဒုက္ခရောက် ပါသေးတယ်။ အမြင်မတော်တဲ့လူက ဇွတ်သွားနှိုးရင် နှိုး၊ ဒါမှမဟုတ် တခြားနေရာက သိတတ်တဲ့သူက ဖယ်ပေးရတာပါ။   ဟုတ်။ […]


ဇီဇီSeptember 3, 20135min194254
ဟုတ်ကဲ့။ နောက် အလွဲတွေက တော့ ဆယ်လစ်ဗျစ်တီ အလွဲတွေပါ။ အဟွတ်။ ကေဇီနဲ့ ဆယ်လီဗျစ်တီ တွေနဲ့ ဖူးစာကံလွဲတယ်လို့တော့ မမှတ်ကြပါနဲ့။ ဟိဟိ။   😀   ဖြစ်ပုံတွေက ဂလိုပါ။ မန်းလေးမှာနေတုန်းက ဘယ် ကဘာ့ ဖလားမှာတုန်းမသိ (Ricky Martin) ရစ်ကီမာတင် ဆိုသော သကောင့်သားလေးရဲ့ သီချင်းနဲ့ ဖွင့်တယ်ပေါ့ဗျာ။ စမြင်ဖူးကတည်းက မေးစေ့က ကွဲလေးရယ်၊ အပြုံးချိုချိုလေးရယ် ကိုလည်းသဘောကျ။ “ဂိုးဂိုးဂိုး၊ ဟားလေး ဟာလေး ဟာလေး” ဆိုတဲ့ သီချင်းမြူးမြူးလေးလည်း သဘောကျနဲ့ ကေဇီတို့ အင်မတန် ကြွေပါတယ်။ အဲလာ။ အဲလာ ၂၀၁ဝ မှာ သူ့ကိုသူ ဂေးပါလို့ပြောပလိုက်တာ။  😥 ကြိုက်တာကတော့ ကြိုက်တုန်းပါပဲ။ အနုပညာကို အားပေးသူပဲဟာနော့။ ကျန်တာ […]


ဇီဇီAugust 27, 20131min44548
အလွဲ ဆိုလို့ ကိုယ့်ဘဝ လွဲတာတွေ များလွန်းလို့ ဘယ်က စ လွဲရမှန်း (အဲလေ) ဘယ်က စရေးရမှန်းကို မသိဘူးဗျ။   မမွေးခင် အမေက အိပ်မက် မက်သတဲ့။ ဘာတဲ့ ဆင် အထီးတဲ့ဗျာ။ အဲလာ ထုံးစံ အတိုင်း ထင်ရာမြင်ရာ ဗုဒ္ဓဟူးသားကြီးထွက်လာမယ်မှတ်တာ။ အင်္ဂါသမီး တဲ့။ မှတ်မိလောက်တဲ့ အရွယ် ကျောင်း စ နေတော့ သူငယ်တန်းးး စစ်ကိုင်းမှာ ကျောင်းစထားတော့…….. ကျောင်းမှာ ကောင်မလေး တစ်ယောက် က တစ် တန်းက။ ကိုယ့်ကို တွေ့တာနဲ့ လိုက်ဖက်နမ်းတာ။ မှတ်မိသလောက် အတော်စိတ်ညစ်တာ။ အခန်းအပြင်လည်း မထွက်ရဲဘူးးး။ ရန်လည်း မဖြစ်ရဲဘူးထင်တယ်။ မုန့်တန်းတွေ့ရင်လည်း ပါးလိုက်ဖဲ့တာတို့ဘာတို့ လုပ်တာ။ စိတ်ညစ်လွန်းမက ညစ်တော့ […]