နိုင်ငံတော်က စေတနာ ပရဗွနဲ ့လား စက်ဘီးစုတ် ဆိုင်ကယ်စုတ်စီး လူတန်းစားတွေကို မျက်စိနောက်လို ့လား တော ့ မသိ။၇၈လမ်း(ရန်ကုန်-မန္တလေးလမ်း)၊၆၂လမ်းတွေ မှာ စက်ဘီးဆိုင်ကယ်လမ်းဆိုပြီးသတ်သတ်လုပ်ပေးထားသဗျ။မြန်မာတွေစည်းကမ်းရှိအောင် လားတော ့မသိ။အဲဒီလမ်းပေါ်က မသွားမိတဲ ့ စက်ဘီးဆိုင်ကယ်မှန်သမျှ(အဲ..အဲ တချို ့ပုဂ္ဂိုလ်များ မပါပေါ့ဗျာ…)ဖမ်းဆီးအရေးယူနေတာ နေ ့တိုင်းပါပဲ။မနက်အလုပ်ကသုတ်ကယက်ပြေးကြတဲ့ ပန်ရံကလေးတွေလက်သမားလေးတွေလမ်းမပေါ်သွားတယ်ဆိုတဲ ့ ပြစ်မှုတွေနဲ ့မျက်ရည်သုတ် ခေါင်းငုံ ့အလုပ်ပျက်ကြရတာမျက်မြင်တွေပေါ့။ဒါပေမယ့်ယဉ်အန္တရာယ်ကင်းအောင် မြို ့ပြအင်္ဂါနဲ ့ ညီအောင် လိုအပ်တယ်ထင်လို ့ ရွှေရိုးတို ့ကကြိုဆိုခဲ ့ပါသဗျ။ဒါမှ ကားအကောင်းစားနဲ ့သူဌေးမင်းများ(အထူးသဖြင့် ကားစီးလူတန်းစား ပေါက်ဖော်ကြီးများ ဘာဘူကြီးများ)လည်း စိတ်အေးချမ်းသာစွာ သွားနိုင်ကြမှာပါခင်ဗျ။ ဒါပေမယ့်ဗျာအဲဒီဆင်းရဲသားတွေရဲ ့ဒဏ်ကြေးအလီလီ ပေးဆောင်သုံးစွဲနေရတဲ ့လမ်းတွေတောင် ခေတ်သစ်ဘူဇွာ လူ ့မလိုင်တွေက […]