ရာမညMarch 4, 20151min21311
သူငယ်ချင်းရေ – – – မင်းတို့က ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေပေါ့ကွာ ငါတို့ကတော့ ကျောင်းဆက်မတက်နိုင်တဲ့ မင်းတို့အရွယ်တူကျောင်းသားမဖြစ်နိုင်တော့သူတွေပါ – – – ကံကြမ္မာက ဒို့တွေကို စည်းခြားထားတော့ ဒီအချိန်မှာ သပိတ်မှောက်ကျောင်းသားနဲ့ သပိတ်တပ်ကိုတားရတဲ့သူတွေအဖြစ်နေကြတယ် – – – ငါတို့ ရင်ထဲကဆန္ဒအမှန်တွေကိုရော မင်းတို့မြင်နိုင်ရဲ့လားသူငယ်ချင်း – – – ငါတို့ရောပျော်နေမယ်ထင်သလားကွာ – – – မင်းတို့က မိဘတွေရဲ့ထောက်ပံ့မှုအောက်မှာ ပညာတတ်တွေဖြစ်ဖို့ကြိုးစားနေချိန်မှာ ငါတို့က ထမင်းကြမ်းတနပ်အတွက် ကင်းပတ်နေရတယ်လေ – – – မင်းတို့တွေဘွဲ့ရ ပညာတွေတတ်လာရင် မြင့်မားတဲ့ အခြေအနေတွေရနိုင်ပေမယ့် ငါတို့ကတော့ ဒီဘဝ ဒီမျှပါပဲ သူငယ်ချင်းရယ် – – – မင်းတို့တောင်းဆိုနေတာတွေ ငါတော့ညဏ်မမှီဘူးကွာ – – […]