ကျနော်တို ့ရဲ  ့လုပ်ငန်းခွင်က သစ်ဖြတ်သမား ဖြတ်ရာအပင်(ခုတ်လှဲရန်သတ်မှတ်ထားသောသစ်ပင်)ကနေ အောက်ချင်းငှက်သားအမိ မြေပြင်ပေါ်ကိုကျလာပါတယ်။ အမိငှက်မကြီးဟာ ကိုယ်လွတ်ရုန်းပျံသန်းနိုင်ပေမယ် ့ ပျံသန်းနိုင်စွမ်းမရှိသေးတဲ ့ သားပေါက်လေးဘေးမှာ အကာအကွယ်ပေးဖို ့အတူနေခဲ ့ပါတယ်။ စိုစွတ်အေးမြနေတဲ ့မြေပြင်အနေအထား၊ အခြားသော တောတိရစ ္ဆာန်များရဲ ့ဘေးရန်ကြား ငှက်သားပေါက် အသက်ရှင်သန်ရပ်တည်ရန် မလွယ်ကူတဲ ့အတွက် မိခင်ငှက်မကြီးနဲ ့အတူ သစ်ဖြတ်သမားကြီးက ဖမ်းယူခဲ ့ပါတယ်။ သစ်သီးခြံပိုင်တဲ ့ သစ်ဖြတ်သမားက ငှက်သားအမိအတွက် အစာလုံလောက်အောင် ကျွေးမွေး စောင် ့ရှောက်ခဲ ့ပေမယ် ့ ဖမ်းမိပြီး တစ်ပတ်အကျော်မှာ မိခင်ငှက်မကြီးသေသွားပါတယ်။ လွတ်လပ်စွာကျက်စားခဲ ့တဲ ့တောတောင်နဲ ့ကျန်ရစ်ခဲ ့တဲ ့ငှက်ဖိုအပေါ်လွမ်းဆွတ် ရင်ကွဲနာကျစိတ်ကြောင် ့ဖြစ်ပါလိမ် ့မယ်။ (မှတ်ချက်။       ။အကောင်ကြီး […]


  နေညိုတိမ်တောက် အတွေးရောက်သည် ရွာကလေးသိမ်သိမ် ဆီမီးမှိန်မှိန်လင်းတဲ ့ မပြန်နိုင်သေးတဲ ့ အမေ ့အိမ် ××××××××××××××××××××××××××××××××××××××××××××××××××××××× မြိ ု ့ပြတွေမှာ  မွန်းကျပ်နေမယ်ဆို တောတွင်းပျော်နေတဲ ့ ကမ​ ္ဘာလေးဆီကို စိတ်ကူးလေးနဲ ့ ခဏတစ်ဖြ ုတ်လောက် လာလည်ကြပါခင်ဗျာ …. တောနက်ရိုးမကြီးရဲ  ့ နေထွက် နေဝင်ကို ကင်မရာသားလေး(အသေးလေး)နဲ ့ မှတ်တမ်းပြ  ုထားခြင်းပါ။