MgMobileDecember 8, 20121min1679
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးကခေါင် သီနှံဈေးက မကောင်း။ တောသူတောင်သား လယ်သမားများအဖို့ အင်မတန် အကျပ်အတည်းဆိုက်လှတဲ့ အချိန်အခါသမယ။ ရတနာပုံ ဆိုတဲ့ရွာမှ သူငယ်ချင်းသုံးယောက်ကတော့ တစ်ရွာတည်းသား ငယ်ပေါင်းများဖြစ်တာနှင့်အညီ။ ဆိုးအတူ ကောင်းဖက် ရွာမှာလုပ်ကိုင်စား နေရာမှ ရေကြည်ရာမြက်နုရာ နေရာဒေသသို့ ပြောင်းရွေ့လုပ်ကိုင်ကြရန် သုံးဦးသားတိုင်ပင်နေကြပြီ။ သူငယ်ချင်းသုံးယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကိုခင်မောင်ထွန်း သားတစ်ယောက် နှင့် သမီးတစ်ယောက် ရဲ့ပညာရေးကို ရွာမှာရှိတဲ့ မြေလေး ရှစ်ဧက ဆယ်ဧကလောက်နှင့်လည်း ကောင်းစွာမထောက်ပံ့နိုင်။ အတူပေါင်းသင်းသည့် သူငယ်ချင်းများမှာလဲ ထိုနည်းအတူ ကိုယ့်အကျပ်အတည်းနှင့်ကိုယ် တစ်ဦးအပေါ်တစ်ဦး ကူညီဖို့မဆိုထားနှင့် မိမိ၏ မိသားစုအရေးကိုပင်လျှင် ကျားကန်ရုံမက ဖြစ်နိုင်လျှင် ခြင်္သေကန် ကန်ထားရမည့်အနေအထား။ အပေါင်းအသင်း သူငယ်ချင်းဖြစ်သလို ကိုခင်မောင်ထွန်း၏ ယောက်ဖတော်သူ မောင်ဇော်နိုင် မှာတော့ မိဘနှစ်ပါးစလုံးက အသက်အရွယ်ကရင့်လှပြီ။ […]