thureinmaungMarch 2, 20131min57820
မြန်မာနိုင်ငံသားရှမ်းတိုင်းရင်းသားစိုင်းနော်ခမ်းကို တရုတ်ကသေဒါဏ်ပေးလိုက်တဲ့သတင်းကို ဒီနေ့ ကမ္ဘာ့မီဒီယာပေါ်အားလုံးမြင်တွေ့လိုက်ရပါပြီ… စိုင်းနော်ခမ်း အပြစ်ရှိတာ၊မရှိတာဒီနေရာမှာအငြင်းမပွားလိုပါ.. သူသေသွားပြီးနောက်မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့တွေးစရာတွေအများကြီးကျန်ခဲ့ပါပြီ.. တရုတ်အာဏာပိုင်တွေရှေ့မှောက်မှာ ဒူးထောက်ခိုင်းတာတွေ၊သေဒါဏ်ပေးတဲ့နေရာနား အထိတီဗီရိုက်ပြီးထုတ်လွှင့်ပြသသွားတာတွေဟာ လူသားတစ်ဦးရဲ့ဂုဏ်သိက္ခာ၊တစ်နည်း အားဖြင့်မြန်မာနိုင်သားရဲ့ဂုဏ်သိက္ခာကိုတရုတ်နိုင်ငံကရည်ရွယ်ချက်ရှိရှိစော်ကားလိုက် သလိုအဓိပ္ပါယ်သက်ရောက်စေပါတယ်…တစ်ဆက်တည်းမှာမေးခွန်းတွေလည်းတန်းစီပြီး ခေါင်းထဲရောက်လာပါတယ်… သူတို့နိုင်ငံသားကိုသေဒါဏ်စီရင်တာတောင်ဒီလိုသေခါနီးအထိမီဒီယာတွေမှာထုတ်လွှင့် ပြသခြင်းတစ်ခါမှမရှိခဲ့ဘဲနဲ့ဘာကြောင့်မြန်မာနိုင်ငံသားတစ်ဦးကိုဒီလိုလုပ်ခဲ့တာလဲ… ပြစ်ဒါဏ်ကိုယူနန်ပြည်နယ်တရားရုံးကသေဒါဏ်ချလိုက်တဲ့အချိန်အထိကိုယ့်နိုင်ငံသား တရားခံကိုသံတမန်နည်းလမ်းအရတောင်းဆိုပြီးကိုယ့်နိုင်ငံရဲ့တရားဥပဒေအောက်မှာ တရားရင်ဆိုင်ပြီးစီရင်ချက်ချလို့ရအောင်အစိုးရဘာလို့မလုပ်နိုင်ခဲ့တာလဲ… နောက်ကွယ်ကအကြောင်းရင်းတွေကပိုပြီးစိတ်ဝင်စားစရာကောင်းလာပါပြီ… လူသတ်မှုနဲ့စွဲဆိုထားတဲ့အခင်းဖြစ်ပွားတဲ့နေရာကလည်းလာအိုနဲ့မြန်မာနိုင်ငံနယ်နိမိတ် မျဉ်းကြောင်းပေါ်ကမဲခေါင်မြစ်နဲ့မြန်မာနိုင်ငံပိုင်နက်တောတောင်ထဲမှာဘဲဖြစ်ခဲ့တာပါ… မြန်မာနိုင်ငံဟာအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံစစ်စစ်ဖြစ်တယ်၊တရားဥပဒေစိုးမိုးတဲ့တိုင်း ပြည်ဖြစ်တယ်ဆိုရင်မိမိနိုင်ငံသားတစ်ဦးကိုခုခံကာကွယ်ခွင့်မရှိ တဲ့တိုင်းတစ်ပါးမှာဘာ ကြောင့်အညိုးကြီးကြီးနဲ့စီရင်ချက်ချလိုက်တာကိုဒီတိုင်းကြည့်နေလိုက်ရတာလဲ၊ ဒါဆိုရင်မြန်မာနိုင်ငံသားဖြစ်တဲ့ကျွန်တော်တို့အားလုံးကိုအစိုးရရဲ့ကာကွယ်ပေးနိုင်မှု လှုံခြုံရေးပေးနိုင်မှုကိုမေးခွန်းထုတ်ရတော့မှာပါ… တနည်းအားဖြင့် ကျွန်တော်တို့ဟာ အချုပ်အခြားအာဏာပိုင်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေဖြစ် ပါရက်နဲ့ နိုင်ငံမဲ့ ကလေကချေလိုု စစ်ချင်တဲ့ နိုင်ငံ ၊စစ်ချင်တဲ့ တရားရုံးကစစ်ဆေး၊ ပေးချင်တဲ့ ပြစ်ဒဏ်ပေး နေတာကိုဒီတိုင်းခေါင်းငုံ့ခံခဲ့ရတာပါ… ဒီလုပ်ရပ်ဟာ… မြန်မာနိုင်ငံကိုတရုတ်က ဂရုမစိုက်ဘူးဆိုတာဖေါ်ပြလိုက်သလိုဖြစ်ပါတယ်.. တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုလဲထင်ဟပ်နေပါတယ်.. ပြည်တွင်းနေတရုတ်လူမျိုးတွေကိုကျွန်တော်တို့မမုန်းပါဘူး… မြန်မာနိုင်ငံသားတိုင်းရင်းသားတွေနိုးနိုးကြားကြားသတိရှိဘို့လိုအပ်နေပါပြီ… စိုင်းနော်ခမ်းအပြစ်ရှိခြင်းမရှိခြင်းကိုကြည့်တာထက်၊ စိုင်းနော်ခမ်းအပေါ်ပြုမှုဆက်ဆံ သွားတဲ့တရုတ်အစိုးရရဲ့သဘောထားနဲ့တရားစီရင်ရေးပုံစံတွေဟာကျွန်တော်တို့ကိုစိန်ခေါ် နေပြီးတရုတ်ဆန့်ကျင်တဲ့စိတ်ဓါတ်ကိုပိုဆွပေးလိုက်သလိုဖြစ်သွားစေပါတယ်….


thit minOctober 23, 20111min58540
ကျနော်ရေးခဲ့တဲ့ Midlife Crisis ကိုအကြံပေးကြည့်ခြင်းထဲမှာနောက်မှရေးမယ်လို့စိတ်ကူးပြီး(Bracket) နဲနဲ တို့ ထားတာတွေ့ပါလိမ့်မယ်။ ဘဝရဲ့ အခြေခံလိုအပ်ချက်ပြည့်စုံပြီးသားလူတွေရဲ့ စိတ်အကြပ်အတည်းပါ။ မသိမသာ အထီးကျန် ဆန်လာပြီး ပန်းလေးတွေနဲ့၊ Pet လေးတွေနဲ့စကားပြောတယ်ဆိုတာလေ။ လူဆိုတာတယောက်စီမနေနိုင်တဲ့ သတ္တဝါတွေဘဲလို့ဆိုစမှတ်ရှိခဲ့တယ် ဆိုတဲ့ သီချင်းစာသားလိုပေါ့။ စိတ်မညစ်ဘူးတဲ့သူ၊ ပြဿနာ တစုံတရာမရှိဘူးတဲ့သူဆိုတာလောကမှာမရှိပါဘူး။ မှီစရာပခုံးတခု၊ ရင်ဖွင့်စရာနားတစုံ၊ နားလည်ပေးမဲ့ နှလုံးသားတခု မရှိရင် ထွက်ပေါက်မရှိတော့တဲ့ လူစိတ်ကဘာ မှ မယ်မယ်ရရ မရှိဘဲနဲ့ကိုညစ်နေတတ်ပါတယ်။ အိမ်ထောင်ပြုသင့်တယ်လို့ တော့မဟုတ်ပါဘူး။ အဖော်ကောင်းတယောက်တော့လိုတာအမှန်ပါဘဲ။ သူငယ်ချင်းလဲအဆင်ပြေတာပါဘဲ။ ကိုယ့်ညီအကိုမောင်နှမအရင်းကတိုးတိုးဖော်ဖြစ်ရင်ပိုတောင်ကောင်းပါသေးတယ်။ အဲ…အဓိကအချက်ကတော့ကိုယ့်ကိုနှစ်သက်လိုလားသူဖြစ်မှ အတတ်နိုင်ဆုံးအယူအဆအတွေးအခေါ်များလဲ နီးစပ်မှအဆင်ပြေပြေ ရင်ဖွင့်လို့”အန်”လို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက အဲဒီလူကကိုယ့်ကို ဘယ်လောက်အတိုင်းအထိအချိန်ပေးမှာလဲ ဆိုတာပါဘဲ။ သူ့မှာလဲသူ့ကိစ္စ၊သူ့အရေးအရာရှိမှာပေါ့နော်။ နောက်တခု သူနဲ့ကိုယ်ရဲ့ကြားမှာ ဘယ်လောက်အထိ အတွင်းကျကျပတ်သက်လို့ရလဲပေါ့ဗျာ။ ပြောရရင်ဗျာ. ကိုယ်နေမကောင်းရင်..အိမ်သာကိစ္စလိုဟာမျိုး…..ရှင်းပေးလုပ်ပေးနိုင်မလားဆိုတာအထိပေါ့နော်။ ကိုယ့်ကိုတကယ်ချစ်ခင်မြတ်နိုးသူနဲ့အိမ်ထောင်ပြုလိုက်နိုင်ရင်ဒီဟာတွေ(Hopefully)ဖြစ်လာနိုင်စရာ ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။ […]


thit minSeptember 10, 20111min28211
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကြီးကကောင်းတာတွေတော်တော်များပါတယ်။ကုန်သွယ်ရေးတွေဆက်သွယ်ရေးတွေအစုံတိုးတက်လိုက်တာကောင်းပါတယ်။ မကောင်းတာက”မလိုက်နိုင်သူများနောက်ကျကျန်နေသူများခေတ်နဲ့ရင်ဘောင်မတန်းနိုင်လို့ ကျန်ခဲ့သူထဲကအများစုမှာတော့မပြည့်စုံမှူတွေနဲ့လူမှူဒုက်ခတွေ”လုံးလားထွေးလားပေါ့ဗျာ။ ပြောရရင် ခုခတ်စာတတ်မြောက်မှူဆိုတာကိုယ်ဘာသာစကားတတ်ရုံနဲ့မလုံလောက်တော့ဘဲကွန်ပြူတာနဲ့ အင်းဂလိတ်စာပါတတ်ရပါမယ်လို့ဆရာမောင်စူးစမ်းရဲ့စာတတပုဒ်မှာဖတ်ဖူးပါရဲ့။။ (အင်း.မြန်မာပြည်လိုဆိုရင်”တော်သုံးတော်”တို့ဘာတို့ခေါ်,ထင်ပါရဲ့။အဲဒါပါစာတတ်မြောက်ရေးထဲ ဆွဲထဲ့ရမလားလို့ဂယောင်ခြောက်ခြားတွေးမိသေးဗျ) ပြောလိုရင်းက “ပညာ”(ကျောင်းပညာကိုဆိုလိုပါတယ်)နဲ့လုပ်စားမှာလား “အတတ်”(အတတ်ပညာတခုခုု)နဲ့လုပ်စားမှာလား ဆိုတာကလေးများကိုလမ်းကြောင်းပြပေးဘို့တော့လိုပါတယ်။ (အကပ်နဲ့လုပ်စားတာတော့ကျနော်မသိပါ) အဲဒီအပေါ်မှာမှဘာသင်ပေးသင့်တယ်ဆိုတာစဉ်းစားရမှာပေါ့။ ကျောင်းမသွားချင်တဲ့ကလေးကဂိမ်းဆော့တာကတော့မကောင်းတာပါဘူး။ အဲဒါကလဲဂလိုဘယ်လိုက်ဇေးရှင်းရဲ့တိုးတက်မှူလမ်းကြောင်းပေါ်ကအသိညဏ်နူနယ်သေး တဲ့ကလေးများအတွက်လမ်းလွဲတခုလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။(လူကြီးများကိုမဆိုလိုပါ) ဖြစ်နိုင်ရင်လူကြီးကကလေးကိုတခြားအတတ်ပညာတခုခုမှာစိတ်ဝင်စားတာမျိုး ဖြစ်အောင်လုပ်ပေးသင့်တာပေါ့။ ကျောင်းစာသင်တာနဲ့ပတ်သက်တဲ့ဇတ်လမ်းလေးတပုဒ်ဖတ်ဖူးပါတယ်။ တချို့ကြားဘူးကြမှာပါ။ တခါကရွာတရွာမှာဘုရားကျောင်းသင်းအုပ်ဆရာလိုလို့တာဝန်ရှိသူများက အလုပ်ခေါ်တယ်တဲ့။အဲဒီမှာလူတယောက်လာလျှောက်တယ်တဲ့။ လိုတာကတယောက်လာလျှောက်တာကလဲတယောက်ထဲဆိုတော့”ရ”ပီပေါ့လေ။ ဒါပေမဲ့အင်တာလဲဗျူးရောတာဝန်ခံများကမင်းဆယ်တန်းအောင်ပီးပီလားလို့မေးတယ်တဲ့… ဖြစ်ချင်တော့အဲဒီလာလျှောက်တဲ့သူက “ကျနော်ကဒီရွာမှာတော့စာအတတ်ဆုံးပါကိုးတန်းပဲအောင်ပါတယ်”လို့ပြောရှာသတဲ့။အဲဒီတော့ “ဟာ”ဒါဆိုမဖြစ်နိုင်ဘူးကွ။သင်းအုပ်ဆရာဆိုတာအနဲ့ဆုံးတော့ဆယ်တန်းအောင်လောက်မှခန့်မယ်လို့တို့တွေသဘောတူထားတာကွ။။မင်းကိုမခန့်နိုင်းပါဘူးကွာ”လို့ငြင်းလိုက်တယ်တဲ့။ဒါနဲ့ဒီလူလဲစိတ်ပျက်လက်ပျက်ဖြစ်ရွာမှာလဲမနေချင်တော့လို့တခြားအရပ်ကိုထွက်လာရင်းစီးပွါးရှာလိုက်တာ အရမ်းချမ်းသာတဲ့သူဌေးကြီးဖြစ်သွားပါတယ်တဲ့။ တနေ့ကိုယ်ရွာလေးဆီပြန်ပီးအလည်အပတ်လာ ခဲ့ပါတယ်တဲ့။ပီးတော့ဘုရားကျောင်းကိုသွားပါတယ်။ အလှူငွေထဲ့ဖို့ပေါ့နော်။အဲဒီမှာသူနဲ့သက်တူရွယ်တူဘုရား ကျောင်းသင်းအုပ်ဆရာနဲ့တွေ့ပါတယ်။။မြင်မြင်ချင်းပါ ပဲသင်းအုပ်ဆရာကသူ့ကိုတရင်းတနှီးနှုတ်ဆက်ပါတယ်။ ဪခင်ဗျားပြန်လာပီလားလို။သင်းအုပ်ဆရာကသူ့ကိုမေးတယ်တဲ့။ ဒါနဲ့ဘဲကျနော်ကိုသိလို့လားဗျလို့ပြန်မေးတာပေါ့နော်။. အဲဒီမှာသင်းအုပ်ဆရာကဟုတ်ကဲ့သိပါတယ်။ ကျနော်ကအရင်ကဟိုဘက်ရွာကပါ။.ခင်ဗျာသင်း အုပ်ဆရာမဖြစ်ရလို့စိတ်ပျက်ပီးရွာကထွက်သွားတဲ့ နောက်ရက်မှာကျနော်အလုပ်လာလျှောက်လို့ ကျနော်ကိုအလုပ်ခန့်လိုက်တာယနေ့အထိပေါ့ဗျာလို့ပြောလိုက်ပါတယ်တဲ့ ။ဒါနဲ့သူက “ဪဒါဆိုနောင်ကြီးကဆယ်တန်းအောင်တယ်ပေါ့နော”်လို့ပြန်မေးလိုက်တော့ ဟိုက” ဟုတ်ကဲ့အောင်ပါတယ်”လို့ပြန်ဖြေသတဲ့။.။အဲဒီမှာသူက “အေးဗျာ ကျနော်သာဆယ်တန်းအောင်ရင်ခုလိုသူဋ္ဌေးဖြစ်မှာမဟုတ်ဘူးဗျာ သင်းအုပ်ဆရာပဲဖြစ်မှာပေါ့ဗျာ”လို့လေးလေးနက်နက် ကြီးပြောရင်းနှုတ်ဆက်ထွက်ခွါလာခဲ့ပါတယ်တဲ့။ (မှန်ကန်တဲ့လမ်းကြောင်းရွေးချယ်ဘို့နဲ့မခံချင်စိတ်နဲ့ကြိုးစားဘို့ကပဲ အရေးကြီးတာမဟုတ်ပါလား) ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ တကယ်တော့လဲ……. ကိုယ်ဘဝကိုတရားမျှတစွာအသက်မွေးပီးလူ့လောကကိုတထောင့်တနေရာကနေအကျိုးပြုမယ်ဆိုရင် သင်းအုပ်ဆရာပဲဖြစ်ဖြစ်သူဋ္ဌေးပဲဖြစ်ဖြစ်လောက”လေညှင်းမှာမွှေးရနံ့သင်း”မှာပါဘဲ။ […]


shwe niAugust 30, 20111min40011
တစ်ခါတုန်းက…. ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တဝါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကို ရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ် ချက်နှင့် မြို့ကဝယ်လာတဲ့ ကြွက်ထောင်ချောက်။ မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်း ထသွားတယ်။ […]