ဘာအကောင်းဆုံးလဲ
ကျနော်ရေးခဲ့တဲ့ Midlife Crisis ကိုအကြံပေးကြည့်ခြင်းထဲမှာနောက်မှရေးမယ်လို့စိတ်ကူးပြီး(Bracket) နဲနဲ တို့
ထားတာတွေ့ပါလိမ့်မယ်။ ဘဝရဲ့ အခြေခံလိုအပ်ချက်ပြည့်စုံပြီးသားလူတွေရဲ့ စိတ်အကြပ်အတည်းပါ။
မသိမသာ အထီးကျန် ဆန်လာပြီး ပန်းလေးတွေနဲ့၊ Pet လေးတွေနဲ့စကားပြောတယ်ဆိုတာလေ။
လူဆိုတာတယောက်စီမနေနိုင်တဲ့ သတ္တဝါတွေဘဲလို့ဆိုစမှတ်ရှိခဲ့တယ် ဆိုတဲ့ သီချင်းစာသားလိုပေါ့။
စိတ်မညစ်ဘူးတဲ့သူ၊ ပြဿနာ တစုံတရာမရှိဘူးတဲ့သူဆိုတာလောကမှာမရှိပါဘူး။
မှီစရာပခုံးတခု၊ ရင်ဖွင့်စရာနားတစုံ၊ နားလည်ပေးမဲ့ နှလုံးသားတခု မရှိရင် ထွက်ပေါက်မရှိတော့တဲ့ လူစိတ်ကဘာ
မှ မယ်မယ်ရရ မရှိဘဲနဲ့ကိုညစ်နေတတ်ပါတယ်။ အိမ်ထောင်ပြုသင့်တယ်လို့ တော့မဟုတ်ပါဘူး။
အဖော်ကောင်းတယောက်တော့လိုတာအမှန်ပါဘဲ။ သူငယ်ချင်းလဲအဆင်ပြေတာပါဘဲ။
ကိုယ့်ညီအကိုမောင်နှမအရင်းကတိုးတိုးဖော်ဖြစ်ရင်ပိုတောင်ကောင်းပါသေးတယ်။
အဲ…အဓိကအချက်ကတော့ကိုယ့်ကိုနှစ်သက်လိုလားသူဖြစ်မှ အတတ်နိုင်ဆုံးအယူအဆအတွေးအခေါ်များလဲ
နီးစပ်မှအဆင်ပြေပြေ ရင်ဖွင့်လို့”အန်”လို့ရမှာပေါ့နော်။ ဒါပေမဲ့ ပြဿနာက အဲဒီလူကကိုယ့်ကို
ဘယ်လောက်အတိုင်းအထိအချိန်ပေးမှာလဲ ဆိုတာပါဘဲ။ သူ့မှာလဲသူ့ကိစ္စ၊သူ့အရေးအရာရှိမှာပေါ့နော်။
နောက်တခု သူနဲ့ကိုယ်ရဲ့ကြားမှာ ဘယ်လောက်အထိ အတွင်းကျကျပတ်သက်လို့ရလဲပေါ့ဗျာ။ ပြောရရင်ဗျာ.
ကိုယ်နေမကောင်းရင်..အိမ်သာကိစ္စလိုဟာမျိုး…..ရှင်းပေးလုပ်ပေးနိုင်မလားဆိုတာအထိပေါ့နော်။
ကိုယ့်ကိုတကယ်ချစ်ခင်မြတ်နိုးသူနဲ့အိမ်ထောင်ပြုလိုက်နိုင်ရင်ဒီဟာတွေ(Hopefully)ဖြစ်လာနိုင်စရာ
ရာခိုင်နှုန်းများတယ်ပေါ့ဗျာ။ အိမ်ထောင်ရေးကံဆိုတာကလဲရှိသေးတာကိုး။
ကဲ လိုရင်းကိုပြောတော့မယ်နော်။
လူဆိုတာတယောက်ထဲအနေကြာလာရင်အတ္တက ကြီးသထက်ကြီးလာဘို့ဘဲရှိပါတယ်။
စိတ်ရှိတိုင်းလုပ်ခွင့်ရနေတာကိုး။ ကိုယ့်ဟာကိုလုပ်တာမှားလဲခံမယ်ဆိုတဲ့အထိရောက်သွားတတ်ပါတယ်။
(ကျနော်အဲဒီဟာကိုရည်ရွယ်ပြီး ရှက် ဆိုတဲ့ကဗျာကိုရေးပါတယ်)
ငါတယောက်ထဲနေလို့ရတယ်လို့ အော်ပြီး ကိုယ့်အိပ်ရာထဲမှာ ကိုယ့်ဘဝကိုယ်အားငယ်လို့
မျက်ရေကျနေရသူတွေလောကမှာအများကြီးနော်။
ခုလိုပြောလို့အိမ်ထောင်ပြုတဲ့ဘက်ကိုအလေးပေးသလိုဖြစ်ချင်ဖြစ်မယ်။ တိုက်တွန်းတာတော့မဟုတ်ဘူးဗျာ။
ကိုယ့်သဘောပါ။
ပေါ်လီးယားနားစကားနဲ့ ဆို အိမ်ထောင်မပြုရင် ၊ ကလေးတယောက်နဲ့တူတူနေပါတဲ့။
ကလေးတယောက်ကိုမွေးစားသင့်တယ်။အဲဒီကလေးရဲ့အရေးအရာတွေကိုလုပ်ပေးရင်းနဲ့မေတ္တ္တာဓာတ်နဲ့ အတ္တ္တ
ဝိတ်လျှော့ပေးစေတဲ့သဘောဖြစ်ပါတယ်။
အလုပ်လဲပိုလာမှာမို့ တောင်တောင်အီအီတွေးပြီးစိတ်အားငယ်နေတတ်တာမျိုးလည်းနဲသွားနိုင်တယ်ပေါ့ဗျာ။
နောက်ထွက်ပေါက်တခုကတော့မြန်မာလူမျိုးဆိုတော့ဘာသာရေးပေါ့။ တကယ်ကြီးလေးလေးနက်နက်လုပ်ရမဲ့
သဘောနော်။ ပုံမှန်ထက်ပိုရမယ်။အမှိုက်သရိုက်စိတ်ကို ၁၀ဝ ရာခိုင်နှုန်း ပြောင်းနိုင်ရမှာနော်။ အဲ ဘာကိုမှ
မရွေးတဲ့ နောက်ဆုံးနည်းလမ်းလဲရှိတယ်နော်။ တယောက်ထဲ နေမယ်၊ ညီအကိုမောင်နှမတွေနဲ့ တူတူနေမယ်။
စိတ်ညစ်တာကိုပြောလို့ရတဲ့ဟာပြောမယ် မရတဲ့ဟာကိုယ်ဟာကိုကြိတ်ခံမယ်ပေါ့။ ရတယ်။နေလို့သိပ်ရ။ အဲ
ပတ်ဝန်းကျင်နဲ့တော့ အကုန်အံမဝင်ဘူးပေါ့ဗျာ။ စိတ်တိုင်းမကျဘူး။ စိတ်တိုလွယ်မယ်။
တဘက်ကသဘောကောင်းရက်ရောသလို၊တဘက်ကဒေါသကြီး တွန့်တိုနေတတ်ပြန်ရော။ အဲဒီလို ကိုယ်ဟာကို
(Mismatch)ဖြစ်နေတာကတော့ရှိနေတော့မှာပါလို့။
လက်ရှိဘဝမှာအဆင်ပြေရဲ့လား(စိတ်) နောက်တမျိုးပြောင်းရင်အဆင်ပြေမယ်(ထင်တယ်)
နောက်တမျိုးပြောင်းရင်ဘာမှမထူး၊ဒါမှမဟုတ်ပိုဆိုးမယ်(ထင်တယ်) အဲဒီပေတံနဲ့ ပြောင်းကြတာဆိုတော့
မျှော်လင့်ချက်နဲ့လုပ်ရတာတွေဆိုတာပါဘဲ။
တယောက်ထဲနေတဲ့သူ (သို့) ကိုယ့်သဘောတခုထဲနဲ့လုပ်ခွင့်ရနေသူများဟာ အတ္တ ပိုကြီးသထက်ကြီးပြီး
ကိုယ့်အတ္တ ကဘဲ ကိုယ့်ကိုပြန်လောင်ကျွမ်းတတ်တာလောကနိယာမမို့ မြန်မာလူမျိုးဆိုရင်ဘာသာရေးနဲ့
ဘယ်လိုကိုယ့်အတ္တကိုယ်ထိန်းမလဲဆိုတာပါဘဲ။ စာဖတ်တာ၊အွန်လိုင်းတက်တာတွေကောင်းပါတယ်။
အပေါင်းအသင်းတွေလဲရှိသင့်တာမမေ့ပါနဲ့ဗျာ။
သမင်ကိုကိုက်သတ်တဲ့အင်မတန်ရက်စက်ကြမ်းကျုတ်ပါတယ်ဆိုတဲ့ ကျား တကောင်ဟာ သူ့
သားသမီးကို”ချစ်တဲ့စိတ်” နဲ့အစာကျွေးချင်လို့မဟုတ်ပါလား။
အတ္တကြီးသူလို့ ကိုယ့်ဟာကိုယ်ဘဲထင်ထင်၊ အများကဘဲပြောပြော သင့်မှာ နူးညံ့သိမ်မွေ့တဲ့
နှလုံးသားရှိတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။
ညီအကိုမောင်နှမတွေနဲ့ကလဲစိတ်ချင်းမတိုက်ဆိုင်ဘူး၊တယောက်ထဲလဲနေလို့အဆင်မပြေဘူး၊
အိမ်ထောင်လဲမပြုချင်ဘူး၊ ဘာသာရေးလဲ အများကြီးလုပ်ဘို့စိတ်မပါသေးဘူးဆို သူများ အတွက်
ကိုယ်တတ်နိုင်တဲ့ အချိန်အား၊ငွေအား၊ လူအားတွေနဲ့လူမှုရေးလုပ်ငန်းတွေမှာ စိတ်ပါလက်ပါလုပ်ခြင်းဖြင့်
လောကမှာ ငါအသုံးဝင်တဲ့လူဆိုတာပြဘို့အကြံပြုတိုက်တွန်းချင်ပါတယ်။ အထီးလဲမကျန်တော့သလို၊
လောကကိုအကျိုးပြုတဲ့လူတယောက်လဲဖြစ်၊ ပရစိတ်က ပီတိကိုလည်းခံစားရ တဲ့သားရွှေအိုးထမ်းပေါ့ဗျာ။
(မဝေဝေရဲ့ Feeling Forty) မှာရှူထောင့်တမျိုးကနေစဉ်းစားထားတာလေးတွေနဲ့တွဲဖတ်ရင် ကောင်းမယ်လို့ညွန်းပါရစေ။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါတယ်
မောင်သစ်မင်း
40 comments
koyinmaung
October 23, 2011 at 8:07 am
ကိုသစ်မင်းရေ..ကိုသစ်မင်းရဲ့ပိုစ်တွေကတော့
တွေးစရာ ဆင်ခြင်စရာ မှတ်သားစရာ အပြည့်ပါဘဲလား
လေးစားပါတယ်ကိုသစ်မင်းရေ….
အားပေးနေပါတယ်။။
weiwei
October 23, 2011 at 8:42 am
ကျွန်မက အလုပ်ဖွင့်ရက်တွေမှာ သူငယ်ချင်းတစ်ယောက်နဲ့အတူနေပြီး အလုပ်ပိတ်ရက်မှာ မိသားစု (အဖေနဲ့အမေ၊ ညီမနဲ့ တူတူမများ) နဲ့ အတူနေပါတယ်။ ကလေးတွေနဲ့နေရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ မိဘတွေနဲ့နေခွင့်ရတာကိုလည်း အလွန်ကျေနပ်ပါတယ်။ သိပ်ပူတဲ့ညတွေဆိုရင် မေမေတို့အိပ်ခန်းထဲမှာ သူတို့ကုတင်မှာပဲ အတူသွားအိပ်ပါတယ်။ (အဲယားကွန်းရှိလို့) … ကျောင်းပိတ်ရက်ရှည်တာနဲ့ မိသားစုအားလုံး ကားတစ်စီးနဲ့ ခရီးထွက်ကြတယ် … ကျွန်မတစ်ယောက်ထဲစိတ်ညစ်လာရင်တော့ တရားစခန်းဝင်ပါတယ် … လူတော်တော်များများအားကျရလောက်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် အထီးကျန်တဲ့စိတ်ကတော့ ဘယ်ချောင်ကနေ ဝင်လာမှန်းမသိ တစ်ခါတစ်လေ ဝင်ဝင်လာလို့ … အခုလို ရွာထဲမှာဝင်လည်နေတော့လဲ ပျော်စရာကောင်းနေပြန်တာပဲ … ကိုယ်သိတာလေးတွေကိုပြောပြရင်း .. ပရ အလုပ်လို့သဘောထားပြီး အချိန်တမင်တကာပေးရင်း ပီတိဖြစ်နေရပါတယ် …
Tiger mg
October 23, 2011 at 10:12 am
မှတ်သားစရာ၊တွေးတောဆင်ခြင်သုံးသပ်စရာတွေနဲ့ ပြည့်နေတဲ့ပိုစ်လေးတစ်ပုဒ်ပါ။
အားပေးလျှက်………….
thit min
October 23, 2011 at 2:11 pm
ကိုရင်မောင်ရေ
ဆွေးနွေးတဲ့သဘောပါဗျာ။ ပတ်ဝန်းကျင်မှာသိရှိနေရတဲ့သဘောတရားတွေ။ကိုယ်တွေ့လေးတွေနဲ့ပေါင်းစပ်တင်ပြခြင်းပါခင်ဗျ။
မဝေဝေရေ
အမှန်အတိုင်းပြောရရင်မြန်မာပြည်မှာနေတဲ့သူတွေက သိပ်မသိသာဘူးဗျ။အိုဗာစီးမှာအနေကြာတဲ့သူတွေ၊
ဒါမှမဟုတ်ဒီကလူတွေမှာ သိပ်ထင်ရှားအရေးပါလှပါတယ်။ခင်ပေမဲ့ရင်ဖွင့်လို့မရတဲ့ဘဝတွေ။ထွက်ပေါက်ပိတ်အထီးကျန်လို့
ပြောရမှာပေါ့ဗျာ။
ကို Tiger mg ရေ
ကျနော်စာတွေကိုအားပေးတာကျေးဇူးပါ၊ကိုTiger mg ရဲ့ရေးမဲ့စာတွေကိုလည်းဖတ်ချင်ပါတယ်ခင်ဗျာ။
blackchaw
October 23, 2011 at 10:13 am
ကိုသစ်မင်းရေ။
Feeling Forty မဖတ်ခင် ဒီပို့စ်လေးကို ဖတ်ရတာပါ။
ခင်ဗျား ညွှန်းတာနဲ့ Feeling Forty ကို ပြန်သွားရပါတယ်။
ကျွန်တော်တို့လို သားသမီး မရှိတဲ့ အိမ်ထောင်သည်တွေမှာလည်း
အထီးကျန်စိတ်ရှိကြပါတယ်။ တူတွေ တူမတွေက ငယ်စဉ်တုန်းကတော့
ကိုယ့်အနားကပ်ကြပေမယ့် အရွယ်ရောက်လို့ အလုပ်အကိုင်တွေဘာတွေရလာကြတဲ့အခါ
သူတို့ အဖေတွေ အမေတွေ နားပဲကပ်ကြပါတော့တယ်။ ဒီစကားကို ကိုယ်လိုရာ ဆွဲပြောတာ
မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးလေးတွေ အဒေါ်တွေ နေမကောင်းဖြစ်ရင် ဖုန်းလေးတစ်ချက်လောက်
ဆက်ပြီး “နေမကောင်းဘူးဆို၊ ဆေးခန်းမသွားဘူးလား၊ သားတို့ကလည်း အလုပ်တစ်ဘက်နဲ့ဆိုတော့
မလာအားဘူး” လောက်နဲ့ပြီးကြပေမယ့် သူတို့အဖေတွေ အမေတွေများ တစ်ခုခု ဖြစ်ရင် ချက်ခြင်းကို
ပြာပြာသလဲ ဖြစ်နေကြတာ တော်တော် သိသာပါတယ်။ ဒါ မလိုစိတ်နဲ့ ပြောခြင်းမျိုးမဟုတ်ပါဘူး။
ကျွန်တော်တို့ကိုယ်တိုင်လည်း အရွယ်ရောက်လာတော့ ဦးလေးတွေ အဒေါ်တွေ ဆီကို သတင်းကျွတ်
ကန်တော့တဲ့ အချိန်လောက်သာ ရောက်တော့တာပါ။
အဲဒီအထီးကျန်မှုအပြင် အိုမင်းမစွမ်းတဲ့အခါ ဆိုတဲ့ အတွေးကလည်း ဒီပရက်ရှင် ကို
ရစေပါတယ်ဗျာ။ ဒါကြောင့် အခု ခင်ဗျား ဘယ်မှာ မန်းထားတာလဲမသိတော့ဘူး။
တတ်နိုင်သမျှ ပရကြတာပေါ့ ဆိုတဲ့ စိတ်လေးမွေးပြီး နေတတ်အောင်နေပြီး
မကျေနပ်လည်း ကျေနပ်နေရပါတယ်ဗျာ။ တော်တော် ရှည်သွားတယ်။ ခွင့်လွှတ်ပါ။
thit min
October 23, 2011 at 2:22 pm
Ko Blackchawရေ
အဲဒီဟာကတော့(ကျနော်အမြင်)အထီးကျန်တာမဟုတ်ပါဘူး။မိသားစုနွေးထွေးမှုလိုအပ်ချက်ပါ။
သားရယ်၊သမီးရယ်စည်စည်ကားကားနေချင်တဲ့စိတ်ပါဗျာ။
ပြောရရင် +1(plus one) +2 (plus 2) Level ပေါ့ဗျာ။
ကျနော်ပြောချင်တာက Margin အောက် Minus Level ပါ။
နွေးထွေးတဲ့ပတ်ဝန်းကျင်(ကိုဘလက်ချောတို့လိုဖုန်းဆက်ရမဲ့သူတောင်မရှိတဲ့)မရှိ၊အပေါင်းအသင်းမရှိ၊
ချစ်သူဇနီး၊ယောက်ကျားမရှိ၊ဆိုတဲ့ဘဝတွေကိုဆိုလိုတာပါ။
အိမ်ကမိန်းမနဲ့စကားပြောအဆင်မပြေတာမျိုးဆိုရင်တော့ အဲဒါသီးသန့်Topic နော်။
ပြောမဲ့သာပြောတာပါ ကျနော်တော့မထင်ပါဘူး။ကိုဘလက်ချောကသဘောကောင်းပြီးသားမို့။
ပေါက်ဖော်
October 23, 2011 at 10:14 am
“လူဆိုတာတယောက်ထဲအနေကြာလာရင်အတ္တက ကြီးသထက်ကြီးလာဘို့ဘဲရှိပါတယ်။”
ကျနော့်ကို စောင်းပြောနေသလိုဘဲ 😯
ကျနော်တော့..တစ်ယောက်ထဲ နေရတာ ပိုကြိုက်တယ်
မိသားစုတွေ၊အပေါင်းသင်းတွေ၊ချစ်သူတွေ၊ညီကိုမောင်နှမတွေ..ဆရာ၊ဆရာမ..အကုန်လုံးပေါ့ ဘသူမှမရှိလဲ
ဖြစ်တယ်လို ့..ခုထိ ခံယူနေတုန်းပဲ..
ကိုယ့်ကိုယ်ကို သတိထားမိတဲ့အချိန်ကတည်းက တစ်ယောက်ထဲ နေပြီး..ထင်ရာ စိုင်းတဲ့အကျင့်ရှိတာကိုး
အများအမြင်တော့ အထီးကျန်တယ်ဆိုလားပဲ..
ဒါပေမဲ့..အဲလို အထီးကျန်ဆန်ဆန် နေရတာ ပိုလွတ်လပ်လို့လားမသိ….ခုထိ ကြိုက်တယ်ဗျာ
အဲတာကြောင့် အတ္တကြီးသတထက်ကြီး၊ငယ်ငယ်ရွယ်ရွယ်နဲ ့ ဇီဇာကြောင်နေတာ ထင်တာပဲ
ထစ်ခနဲဆို အလိုမကျတော့ဘူးဗျာ..
ကိုသစ်ပြောသလိုဆို..ကျနော် ရှော့ခ် ရှိတယ်..ထင်တယ်..
တစ်ခုခုလုပ်ရင်လုပ်..
မလုပ်ဖြစ်ရင်တော့..ဝါမဝင်ခင် ချစ်နဲ ့ လက်ထပ်မှ ဖြစ်တော့မယ်. 😆
ကိုယ့်ကိုယ်ကို လိုရာဆွဲပြောသွားသလားလို ့. 😆
windtalker
October 23, 2011 at 12:43 pm
ဝါကျွတ်နေပြီမလား ကိုပေါက်ဖော်
🙂
thit min
October 23, 2011 at 2:28 pm
အဲဒါအမှန်ဘဲ ညီပေါက်ဖော်ရေ
ကိုယ်လုပ်ချင်ရာလုပ်ရတာကြာလေလေ၊ သူများနဲ့ပတ်သက်လာရရင် စိတ်က ခနဘဲရှည်လို့ရတော့တာ။
အဲ စိတ်တိုရ၊ အလိုမကျတော့ ဘယ်သူနဲ့မှမတွေ့ချင်တော့ဘူး၊တယောက်ထဲဘဲနေရတာပိုသဘောကျလာလေလေဖြစ်ရော။
အဲဒီသံသရာလည်ရောညီရေ။
မိန်းမကမယူဘဲမနေဘဲ ယူမယ်လို့စဉ်းစားရင်မြန်လေကောင်းလေမို့၊ လုပ်လိုက်တော့ညီရေ။
ကြောင်ကြီး
October 23, 2011 at 12:41 pm
ရွာသူများ တိုင်ပင်ဖော်လိုရင် ကြောင်ကြီးကို ပီအမ်မှတဆင့် ခေါ်လိုက်ပါ။ ကြောင်ကြီးက တိုင်ပင်ယုံတင်မက တိုင်ပတ်လည်း ကျွမ်းပါတယ်..။ 😳
thit min
October 23, 2011 at 5:03 pm
ကိုကြောင်ရေ
ကြောင်ရယ်၊ တိုင်ရယ်၊ သူတို့ရယ်ဆိုတဲ့ သရုပ်ဆောင်တွေနဲ့ ဓာတ်ကြိုးကိုကြောင်ကိုင်ပါ့မယ် မီးလာတုန်းခါဝယ် ဆိုတဲ့ကားရိုက်ဗျာ။
windtalker
October 23, 2011 at 12:41 pm
ကိုသစ်မင်း ရေးတာကို ဖတ်အပြီး
ကိုယ့်ကိုကိုယ် ပြန်သုံးသပ် ဆင်ခြင်မိတယ်
ကျွန်တော် ဆိုရင်လည်း အွန်လိုင်းမှာ ပျော်နေတာ များတာဘဲ
ဘော်ဒါတွေ နဲ ့ကို သိပ်မတွေ ့ဖြစ်ဘူး ဖြစ်နေတယ် ဗျာ
အလုပ်လုပ်ချိန် မှာ အမှားတစ်ခုခု တွေ ့ရင် ဒေါသတွေ အရမ်းကြီးလာတယ်
ကိုယ့်ကို အပြစ်လာပြောရင် လုံးဝ လက်မခံချင်အောင် ဒေါသဖြစ်လာတယ်ဗျာ
thit min
October 23, 2011 at 3:04 pm
ကိုဝင်းတောလခါရေ
အွန်လိုင်းကိုအလွန်အကျွံသုံးစွဲခြင်းရဲ့အကျိုးဆက်တွေက
(Drug Addict) ဆေးစွဲခြင်းလို (Online Addict )အွန်လိုင်းစွဲခြင်းဖြစ်ပြီးအချိန်တန်လာချင်၊မလာရမနေနိုင်၊တခြားနဲနဲပါးပါး အရေးသိပ်မကြီးတဲ့အလုပ်မျိုး၊လုပ်စရာရှိတာမျိုးကိုစိတ်သိပ်မပါတော့ဘူး။
တနေ့ကိုနာရီပေါင်းများစွာ(၄နာရီအထက်)အသုံးပြုလာတယ်ပေါ့။
အပြင်ကအပေါင်းအသင်းတွေထက်အွန်လိုင်းကသူငယ်ချင်းတွေကိုပိုခင်လာတယ်။
တကဲ့ဘဝထဲကစကားလုံးတွေထက်အွန်လိုင်းပေါ်က စကားလုံးတွေကကိုယ့်ကိုပိုပြီးဩဇာညောင်းလာတယ်။
ပြောရရင် လက်တွေ့ဘဝနဲ့ နဲနဲလေးစီ(မသိမသာလေး) အဟပ်ကွာလာတယ်။
ပြောရရင် လူဆိုတာလက်တွေ့ဘဝမှာနေရ၊ထိုင်ရ ရုန်းကန်လှုပ်ရှားတာပါ။
(Virtual life) “ဘဝတု” မှာ ကိုဝင်းတော်လခါ ရယ်လို့ ငြိမ်းချမ်းလို့ အွန်လိုင်းဆိုတာ ဘဝအတွက်တော်တော်အချိန်ပေးမိတော့တယ်။
ဒီမှာအနေကြာသွားတော့
လက်တွေ့ဘဝမှာနေရ၊ထိုင်ရ ရုန်းကန်ရတဲ့ အပူတွေပြန်ထိရတော့ (အရင်ကလောက်)မခံစားနိုင်တော့ဘူး။
အပူနဲ့အအေးလွန်ဆွဲခံရတဲ့ ဦးနှောက် ကလဲ ရှင်းရှင်းမရှိတော့ဘူး။
အပြင်လောကကိုအာရုံစိုက်နိုင်မှုအားနဲလာတတ်ပြီး၊ပြင်ပက မိတ်ဆွေတွေရဲ့ စကားတွေကိုလဲ(အာရုံမရှိတော့တဲ့စိတ်နဲ့) ကိုယ့်အတွက်ပြောမှန်းမသိ၊ သူ့အတွက်ပြောမှန်းမသိဖြစ်လာတယ်။
ကိုယ့်အရိပ်ကိုရန်သူထင်တဲ့အထိရောက်သွားနိုင်တယ်။
ဆိုတော့ကာ……………….
မျှလုပ်နိုင်မှအဆင်ပြေပါတယ်။
မဟုတ်ရင် လူမှုရေးအားနဲသွားမယ်။(တယ်)
ကျန်းမာရေးထိခိုက်မယ်။(တယ်)
အိမ်တွင်းရေးအထိစကားများတာတွေပါလာတော့မယ်။(တယ်)
အဲ….. အားမနာတမ်းပြောရရင် အင်တာနက်နဲ့စီးပွါးရှာတဲ့သူမဟုတ်ရင် စီးပွါးရေးပါပွန်းပဲ့လာပါတော့မယ်(တယ်)။
ကိုယ်ဟာကိုချိန်ဆရမဲ့သဘောကို ခင်မင်မှုနဲ့”ပြောကြည့်”တာပါနော်။
စေတနာသာဖြစ်ကြောင်းနားလည်ပေးပါလို့။
htoosan
October 23, 2011 at 3:44 pm
ကိုသစ်မင်းရဲ့ အွန်လိုင်းကိုအလွန်အကျွံသုံးစွဲခြင်းရဲ့အကျိုးဆက်တွေက အလွန်မှန်ပြီး သတိထားစရာပါ ကိုသစ်မင်း ။
ကျေးဇူးတင် မှတ်သား သတိထားစရာ comment ပါ။
windtalker
October 23, 2011 at 6:54 pm
တခြား မပြောနဲ ့
အခုတောင်
ရွာတော်ရှင် က ဘလိုင်းကြီး ကွိုင်ပူနေလို ့
ရှောင်နေရသဗျို ့
ဟားဟား
comegyi
October 23, 2011 at 2:51 pm
ကျွန်တော်လည်း တစ်ယောက်တည်းသမားပေါ့ ကိုသစ်မင်းရယ် အဲ အိမ်ထောင်တော့ သိပ်ပြုချင်တာပေါ့ဗျာ သို့ဂလိုလည်း ချစ်သူမရှိဘူးဗျ …….ခက်တယ်ဗျာ……
thit min
October 23, 2011 at 5:19 pm
ကိုထူးဆန်းရေ
ဟုတ်ကဲ့ကျနော်သိတာလေးရှယ်တာပါ။ ဝင်ရောက်ဆွေးနွေးပေးဘို့ဖိတ်ခေါ်လျှက်ပါဗျာ။ကျေးဇူးတင်ပါတယ်။
ကိုကမ်းကြီးရေ
ဖြစ်လာရမှာပေါ့ဗျာ။ ခင်ဗျားကလဲ စိတ်မပျက်ပါနဲ့လို့။ယူချင်စိတ်ရှိလို့ကတော့ “ရအုန်းမှာ” စိတ်ချ။(^^)
alinsett
October 23, 2011 at 4:36 pm
ကိုသစ်မင်းပြောထားတဲ ့ထဲက စိုင်းထီးဆိုင်ရဲ ့သီချင်း ဖြစ်တဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်…
ကတော့ ကိုယ် နဲ ့တိုက်ရိုက် ပက်သက်ပါတယ် ။ ကိုယ်လည်း အဲဒီ သီချင်းထဲကလိုပါပဲ။
ကိုယ် ကတော့ တစ်ယောက်တည်း လိုလိုပါပဲ။ တစ်ယောက်ထဲ..ဒါပေမယ့် အထီးမကျန်ပါဘူး..ဆိုတဲ ့စကားနဲ့ပဲ..ခပ်တည်တည် ရပ်တည်လာတာ။
အခု ကို သစ်မင်းရဲ ့ပို ့စ်လေးက ပေးတဲ ့အတွေးစကို ကိုယ် လက်ခံပါတယ် ။
ဒါပေမယ် ့ကိုယ်မှာ အတ္တ တွေ ကြီးထွားလာ ဖို ့ ကို တော့ မဖြစ်အောင် သတိထားနေရပါတယ် ။
ကိုယ်က Buddhist စစ်စစ် ဖြစ်ဖို ့ကြိုးစားနေသူလေ..။ ဒီတော့ ဂေါတမ ဘုရားရှင်ရြ ့ဆုံးမစကားတွေ..နဲ ့ သံဃာတော်ရှင်သူမြတ်တွေရဲ ့ တရားစကားတွေက ကိုယ် ့ကို လမ်းမှားမရောက်အောင် တားပေးပါတယ် ။ ပြုပြင် လမ်းပြပေးပါတယ် ။
ကိုယ်လေ…. ဂေါတမ ဘုရားရှင် ကို သိပ်လေးစား မိတယ် ။ ကိုယ့် ကို ငြိမ်းချမ်းအောင်…. လမ်းပြပေးတယ် ။
ကိုယ် တရားတွေ မရသေးပါဘူး။ ဒါပေမယ့် ပူလောင်မှုတော့ သိပ်မရှိတော့ဘူး။နေတတ်ဖို ့ ၊သေတတ်ဖို ့ကို ပဲ..ကြိုးစားနေတယ်။
ကိုယ့်ကို လက်တွေ ပြုပြင်ပေးနိုင်တဲ့ ဆရာတော်တွေ ထဲမှာ ဥုးသုမင်္ဂလ က အဓိကပါပဲ။
ကိုယ် ဆရာတော် ဥူးသုမင်္ဂလ ရဲ ့အဆုံးအမတွေ..ဆရာတော် ဦးဇောတိက ရဲ အဆုံးအမတွေနဲ ့ ကိုယ်ကိုကိုယ် တော်တော် ပြောင်းလဲ.ပစ်ခဲ ့တာ။
ကိုယ် အသက် 18 လောက်ထိ က ဘာသာမဲ့ပါပဲ။
အခုတော့ ဘာသာရေးက ကိုယ့်ကို တော်တော် ကို ပြောင်းလဲ..ပေးခဲ ့ပြီ။
ကဲ..ကိုသစ်မင်းရဲ ့ပို ့စ်နဲ ့ကိုသစ်မင်းကို ခင်မင် မိတာနဲ ့ပဲ..ကိုယ်လည်း.တော်တော် ရင်ဖွင့်မိသွားပြီ။
ဒီ ပို ့စ်လေး အတွက် ကျေးဇူးပါပဲ..နော်။
thit min
October 23, 2011 at 5:20 pm
ကိုအလင်းဆက်ရေ
စိတ်ရှည်လက်ရှည်ရေးသွားတဲ့ကော်မန့်ကိုကျေးဇူးတင်ပါတယ်ဗျာ။
ကျနော့ရဲ့ “သည်အလှူ”ပို့စ်ကိုဖတ်ဖူးရင်ကျနော်လဲ ကိုအလင်းဆက်လိုဘာသာရေးကိုလေးနက်သူဆိုတာသိမှာပါခင်ဗျ။
ကျနော်ကတော့ ဆရာတော်ဦးဇောတိကဒီကိုလာတုန်းက ၃ ရက်လောက် အတူတူသွားလာရဘူးပါတယ်။
ဆရာတော်ဆီကများစွာသောအသိတရားတွေရခဲ့ရပါတယ်။
ဆရာတော်အရင် ဆရာမင်းတင်မွန်လာသွားပါသေးတယ်။ဆရာမင်းတင်မွန်ဆိုတာလူထဲမှာတော့တကယ်ကို ရိုသေလေးစားထိုက်တဲ့ လူပညာရှိတယောက်ပါဘဲ။
အဲဒီဆရာ ၂ ပါးကအဆုံးအမတွေ ရွှေထက်အဖိုးတန်ခဲ့ရတယ်လို့ဆိုရင် ကိုအလင်းဆက်သဘောပေါက်မှာပါ။
ခင်မင်လို့ဆိုတဲ့ စကားလေးနဲ့ ရင်ကိုအေးမြစေရလို့ ကိုအလင်းဆက်လဲ ထပ်တူချမ်းမြေ့ပါစေခင်ဗျာ။
MaMa
October 23, 2011 at 5:50 pm
ကိုယ့်ဘဝကိုယ်ကျေနပ်ပြီး ကိုယ့်ကိုကိုယ်တော့ ပြည့်စုံနေပြီထင်တာပဲ။ thit min ရေးတဲ့ (တဘက်ကသဘောကောင်းရက်ရောသလို၊တဘက်ကဒေါသကြီး တွန့်တိုနေတတ်ပြန်ရော။) ကို ဖတ်ပြီး ဗုဒ္ဒ္စဂါယာပိုစ့်မှာတုန်းက မရေးဖြစ်လိုက်တာလေး သွားသတိရမိတယ်။
အဲဒီခရီးစဉ်မှာတုန်းက မြန်မာဘုန်းကြီးကျောင်းတွေမှာပဲ လှူဖို့ စိတ်အားသန်တယ်။ အထိမ်းအမှတ်နေရာတွေကျတော့ အဲဒီက လူတွေပဲ (ကန်ထရိုက်ဆွဲထားပြီး) ယူတယ်လို့ စိတ်ထဲက ထင်ပြီး မလှူချင်ဘူး။ ဒါပေမယ့် ရောက်ခဲတာမို့ နည်းနည်းပါးပါးတော့လှူတယ်။ ဂိဇ္ဈကုဋ်တောင်ပေါ်ရောက်တော့ အတူသွားတဲ့လူတွေက ရူပီး ၁၀ဝတို့၊ ၅၀ဝ တို့ လှူကြတယ်။ ကျမက ရူပီး ၁ဝ လှူတော့ အဲဒီမှာစောင့်တဲ့လူက ကျမကို သူများလှူတာတွေပြပြီး body language နဲ့ ရူပီး ၁ဝ ကို လက်ခါပြတယ်။ ပြန်တော့ မပေးဘူး။ ကျမကလည်း ငါလှူချင်သလောက်ပဲ လှူမယ်ဆိုတဲ့ စိတ်နဲ့ ခေါင်းမာတတ်တာမို့ body language နဲ့ပဲ ငါဒီလောက်ပဲ လှူမယ်။ တော်ပြီ ထပ်မလှူတော့ဘူးလို့ ပြန်ပြောခဲ့တယ်။ ထပ်လည်း မလှူခဲ့ဘူး။ ပြန်ရောက်တော့ ပြောပြတော့ မောင်နှမတွေကရော၊ သူငယ်ချင်းတွေကရော body language နဲ့ ရန်တောင်ဖြစ်ခဲ့တယ်ဆိုပြီး ဝိုင်းဟားကြတယ်လေ။ 🙁
padonmar
October 23, 2011 at 6:51 pm
ကိုသစ်မင်းမောင်ပေကိုပြောသလိုဘဲ ကျွန်မလည်း online addict (esp Mdy Gazette addict)ဖြစ်နေတယ်။
ဒီက သူငယ်ချင်းတွေကို ပိုခင်မိတယ်။ရင်ဘတ်ချင်းနီးတယ်လို့ခံစားမိတယ်။
အဲဒီတော့ လက်တွေ့ဘဝက မိတ်ဆွေတွေနဲ့ အလှမ်းကွာလာတယ်ဆိုတာ ဟုတ်မှာဘဲ။
လောက အပူတွေကနေ ရှောင်ပုန်းနေမိသလိုဘဲ။
မမအတွက် ဂိဇ္ဈကုဋ်တောင်ပါ။(မြန်မာ့မီးရထားကို သတ်ပုံပြင်ရတာ အရသာရှိသား) 😀
thit min
October 23, 2011 at 6:59 pm
“မမအတွက် ဂိဇ္ဈကုဋ်တောင်ပါ။(မြန်မာ့မီးရထားကို သတ်ပုံပြင်ရတာ အရသာရှိသား) ”
မ padonmar ရေ
ကျေးဇူးပါ။ပြင်ပေးလိုက်ပါပြီနော်
လေးစားပါသည်ခင်ဗျာ။
ဆူး
October 24, 2011 at 10:03 am
ဆရာ လုပ်ချင်လို့တော့ မဟုတ်လှပါဘူး။
အင်္ဂလိပ်စာ ကျူရှင်မှာ စကားနားမလည်ရင် body language နဲ့ ပြောလို့ရတယ် လို့ ပြောလိုက်တော့ ဆရာက နင်က ဘော်ဒီ လန်းဂွှေ့ ဟုတ်လား ဘယ်လို ဘော်ဒီ နဲ့ ပြတာလဲ အဲဒါ ဘော်ဒီလို့ မခေါ်ဘူး Sign လို့ ခေါ်တယ်တဲ့.. မျက်နှာတောင် ပူသလို ဖြစ်သွားတယ်။ sign language လို့ ခေါ်ရတယ်တဲ့။ တခါတည်းနဲ့ နောက်ဆို ဘယ်တော့မှ ဘော်ဒီ ဆိုတဲ့ စကား သတိတရနဲ့ မသုံးဖြစ်တော့ပါဘူး။
ရွှေအိမ်စည်
October 23, 2011 at 10:40 pm
ကိုသစ်မင်း…
ဒီလိုအတွေးလေးတွေ ကျမနှစ်သက်ပါတယ်။
တစ်ခု..ဦးဦးမှောဆရာမေလ်းကနေဖတ်လိုက်ရတယ်…
ဘာအရေးကြီးဆုံးလည်းပါတဲ ့…
ကိုသစ်မင်းနဲ ့ညှိကြည့်တာပေါ့..သူကဆိုပါတယ်…
အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်က စားပွဲပေါ်မှာ ပစ္စည်းတချို ့ကိုတင်ပြီး ကျောင်းသားများကို ဘဝမှာ အရေးအကြီးဆုံး ဆိုတဲ့ခေါင်းစဉ် ရှင်းပြဖို ့အတွက် စောင့်နေတယ်။ အတန်းစတာနဲ ့ သူဟာ ဖန်ကရား အကြီးကြီးတစ်ခုထဲကို ကြီးတဲ့ကျောက်ခဲတုံးတွေ အပြည့်ထည့်လိုက်တယ် ။
ကရား ပြည့်သွားပြီလား ၊ လို ့မေးတဲ့အခါ ကျောင်းသားတွေလဲ ပြည့်သွားကြောင်းထောက်ခံကြတယ် ။
အဲ့ဒီနောက် ကျောက်စရစ်ခဲသေးလေးတွေကို ထပ်ထည့်လိုက်ပြီး ကရားကို အနည်းငယ်လှုပ်လိုက်တဲ့အခါ
ကျောက်စရစ်ခဲလေးတွေက ကျောက်ခဲတုံးတွေကြားကို အလိုလိုဝင်သွားတယ် ။
ကရားပြည့်ပီလား မေးတော့လဲ ကျောင်းသားတွေက ထုံးစံအတိုင်းပြည့်ပါပြီ လို ့ပြောကြတယ် ။
နောက်ဆုံးအနေနဲ သဲမှုန်တွေကို ကရားထဲ ကို အပြည့်ထည့်လို်က်တဲ့အခါ သဲမှုန်လေးတွေက ကျောက်စရစ်ခဲတွေနဲ ့ ကျောက်တုံးတွေ ကြားထဲနေရာလွတ်မကျန် ဝင်သွားတယ် ။
ဒီအခါမှာတော့ ကရားက တကယ်ပြည့်သွားပါပြီ ။
==================
ကျွန်မတို ့ဘဝကို ကရားတစ်ခုနဲ ့သဘောထားမယ်ဆိုရင် ၊ ကျောက်တုံးတွေကို ဘဝမှာအရေးပါဆုံးအရာတွေ
( မိသားစု ၊ ဘဝကြင်ဖော် ၊ ကလေး ၊ ကျန်းမာရေး ) အဖြစ်သဘောထားကြည့်ရအောင် ။
ကိုယ့်ဘဝထဲမှာ ဘာမှမရှိရင်တောင် သူတို ့ဟာထာဝရ ကျန်ရှိနေပြီး ကိုယ့်ဘဝကို ပြည့်စုံစေလိမ့်မယ် ။
ကျောက်စရစ်ခဲလေးတွေကတော့ ကိုယ့်ရဲ အလုပ် ၊ အိမ် ၊ ကား စတဲ့ပိုင်ဆိုင်တဲ့အရာတွေ အဖြစ်သဘောထားကြည့်ရအောင် ။
သဲမှုန်တွေကိုတော့ ဘဝမှာသိပ်အရေးမပါတဲ့အရာတွေ အဖြစ်သဘောထားကြည့်မယ် ။
ကရားထဲကို သဲမှုန်တွေ အရင်ထည့်မိလိုက်ရင် ကျောက်တုံးနဲ ့ကျောက်စရစ်ခဲတွေအတွက် နေရာ ရတော့မှာမဟုတ်ပါဘူး ။ ဘဝမှာ သိပ်အရေးမပါတဲ့အရာတွေကို လုပ်ဆောင်မိပြီး ကျွန်မတို ့ဟာ ဘဝအတွက်အရေးကြီးတဲ့ အရာ ၊ အရေးပါတဲ့သူတွေကိုမေ့နေတတ်ကြတယ် ။
ကိုယ့်ဘဝအတွက် အရေးပါတဲ့သူတွေကို သတိရနေပါ ။ သူတို ့အတွက်အချိန်ပေးပြီး ပျော်ရွှင်မှုကို ရယူရင်၊ အလုပ်နဲ ့ အိုးအိမ်စည်စိမ်တွေအတွက်လဲ အမြဲအချိန်ရနေမှာပါပဲ ။
ကျောက်တုံးများကို ဂရုစိုက်ပါ ။ ပိုင်ဆိုင်မှုအတွက် ကြိုးစားပါ ။ ကျန်တဲ့အရာတွေကတော့ သဲမှုန်လေးတွေပါပဲ …
လူတိုင်းလူတိုင်းသူ ့နေရာနဲ ့သူတော့အရေးကြီးတာအကောင်းဆုံးတွေရှိကြမှာပါဘဲ…..
ကျမထင်ပါတယ်..နားလည်မှုလည်းအရေးပါဖို ့လိုပါလိမ့်မယ်…..
အတိုင်းအတာတော့စံ မရှိဘူးပေါ့…………….
ခင်မင်လေးစားသော
ရွှေအိမ်စည်
thit min
October 24, 2011 at 2:29 am
မရွှေအိမ်စည်ရေ
တခုတ်တရရေးလာပေးတဲ့ကော်မန့်အတွက်ဝမ်းသာကျေးဇူးတင်ပါတယ်။
အဲဒီစာကိုကျနော်လည်းဖတ်ဖူးပါတယ်ခင်ဗျ။အဲဒီစာကတော်တော်ကြာကြာကလို့ထင်ပါတယ်နော်။
ဟုတ်ကဲ့ပါ လူတိုင်းအတွက်ဘဝနေနည်းဆိုရင်တော့ဟုတ်ပါတယ်။မှန်ပါတယ်ခင်ဗျ။
ကျနော်ရေးတာကအရင်ပို့စ် Midlife crisis ကိုအကြံပေးကြည့်ခြင်းရဲ့ ရဲ့အဆက်ပါ။ အထီးကျန်စွာနေရတဲ့ အသက်ကြီး ပြီး ငွေကြေးပြည့်စုံသူများရဲ့ဘဝကိုဆိုလိုတာပါ။
သူတို့ရဲ့အဖော်မဲ့စွာနေရတဲ့ဘဝကိုစဉ်းစားပေးထားတာပါ။ပြောရရင်စိတ်ပိုင်းဖြည့်ဆည်းမှုပါ။
mandalarthu
October 23, 2011 at 11:28 pm
ကိုသစ်မင်းရေ
သိပ်ကို အတွေးအခေါ် ပါတဲ ့ပို ့စ်လေးမို ကျေးဇူးအထူးပါနော်။ကိုယ်ကို ကိုယ်လဲ ပြန်သုံးသပ်မိပါတယ်။
”လူဆိုတာတယောက်ထဲအနေကြာလာရင်အတ္တက ကြီးသထက်ကြီးလာဘို့ဘဲရှိပါတယ်။”
ဒီ အယူအဆဟာ ၁၀၀ရာခိုင်နှ ုန်း မမှန်နိူင်ပါ လို ့ဆိုပါရစေ။
လူတွေမှာ အနဲ နဲ ့အများတော ့ အတ္တက ကြီးတတ်ကြတာမို
တယောက်ထဲအနေကြာတိုင်း အတ္တက ကြီးလာတတ်တာမဟုတ်ဘဲ
လူတဦးချင်းစီရဲ ့အသိစိတ်ဓာတ်၊ စရိုက်၊အသိဉာဏ်ပညာနဲ ့သာ တိုက်ရိုက်သက်ဆိုင်နေပါတယ်လို ့
ခံယူမိပါတယ်။ လက်တွေ ့မှာ တယောက်တည်းနေပြီး အများ အတွက်ကိုယ်တတ်နိုင်တဲ့ အချိန်အား၊ငွေအား၊ လူအားတွေနဲ့ပရဟိတလူမှုရေးလုပ်ငန်းတွေမှာ စိတ်ပါလက်ပါ ဆောင်ရွက်နေတဲ့
လူငယ်လေးတွေကို နယ်ပယ် အစုံမှာ တွေ ့မြင်နေရလို ့ပါဘဲ။
သူတို ့အားလုံးဟာ single တွေဖြစ်ပေမယ် ့ ့အထီးကျန်တဲ့စိတ်ဝင်လာဖို ့ဆိုတာတောင် အချိန်မရှိပါဘူး။
ပရဟိတ ချည်းသက်သက် လုပ်နေတာမဟုတ်ဘဲ အတ္တ-ပရ မျှလုပ်တဲ့ သူတွေဖြစ်ကြပြီး အမြ ဲတမ်း
ပြံ ုးပျော်တက်ကြွစွာနဲ ့မိမိတတ်တဲ့ ပညာနဲ ့လောကကို အလှဆင်နေကြတာ အားကျစရာ အတုယူစရာ
တန်ဖိုးရှိတဲ့ ဘဝ ကိုပိုင်ဆိုင်ထားတဲ့ အသက်(၂၀-၃၅ )ကြားရှိတဲ့ လူငယ်တွေ ချည်းပါဘဲ။
ဆရာဝန်၊ဆရာမ၊ ဘွဲ ့ရ ခေတ်ပညာတတ်လူငယ်တွေ ဟာ ဆင်းရဲတဲ့ ကလေးတွေကို ဘကကျောင်းလေးတွေ ကြိ ုးစားဖွင် ့ပြီး ပညာရေးထောက်ပံ့မှ ုတွေ လုပ်နေတယ်။ဆင်းရဲတဲ့ ရွာလေးတွေမှာ အခမဲ့ ဆေးဝါးတွေ အိပ်စိုက်ပြီး ကုသပေးနေတယ်။ ရေဘေး။လေဘေးတွေ ကြားရင်
အားလုံးဝိုင်းဝန်းစုဆောင်းပြီး တတ်နိူင်သလောက် ကူညီပေးကြတယ်။
ဆရာမအချို ့က အဘိဓမာသင်တန်းတွေ အပတ်စဉ် သူတို ့အားတဲ့ အချိန်တွေမှာ အခမဲ့ သင်တန်းတွေ ဖွင် ့ပြီး ဘုရားတွေမှာ ပို ့ချပေးနေကြတယ်။ရိပ်သာတွေမှာလဲ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှ ုသင်တန်းတွေမျာလဲ ၁လ၊၂လ လုပ်အားပေးတတ်ကြပါသေးတယ်။
ဘယ်မှာလဲ သူတို ့အတွက် အထီးကျန်ဖို ့အချိန်…်အတ္တတွေပို ကြီးလာဖို ့နေနေသာသာ..မအားတဲ့ကြားထဲက …အချိန်ရ ရင် ရသလို…တရားစခန်းတွေမှာ ရက်ပိုင်းပြေးပြီး
အားထုတ်တတ်ကြပါသေးတယ်။
ကျွန်မပတ်ဝန်းကျင်မှာ တွေ ့မြင်နေရတာတွေကို မျှဝေတာပါ။
ကိုသစ်မင်းရဲ ့”ဘာအကောင်းဆုံးလဲ” ပို ့စ်ကို ခံစားမိတာလေး တင်ပြတာပါ။
နောက်ဆုံးတော ့”ဘာအကောင်းဆုံးလဲ” ဆိုတာ
လူတိုင်းဟာသူတို ့ရဲ ”့အကောင်းဆုံးဘဝနေနည်း”ကို သူတို ့ကိုယ်ပိုင် ခံယူချက်နဲ ့ ရွေူ းချယ်ပြီး နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်တယ်လို ယူဆမိပါကြောင်း။..။
thit min
October 24, 2011 at 2:21 am
မ mandalarthu ရေ
“လက်တွေ ့မှာ တယောက်တည်းနေပြီး အများ အတွက်ကိုယ်တတ်နိုင်တဲ့ အချိန်အား၊ငွေအား၊ လူအားတွေနဲ့ပရဟိတလူမှုရေးလုပ်ငန်းတွေမှာ စိတ်ပါလက်ပါ ဆောင်ရွက်နေတဲ့
လူငယ်လေးတွေကို နယ်ပယ် အစုံမှာ တွေ ့မြင်နေရလို ့ပါဘဲ။”
စိတ်ရှေလက်ရှေရေးထားတဲ့ကော်မန့်အတွက်ကျေးဇူးပါခင်ဗျ
အဲဒီ “ပရ”လုပ်ငန်းတွေမှာဝင်လုပ်တဲ့သူဆိုတာ တယောက်ထဲနေတာမဟုတ်တော့ပါဘူး။
ကျနော်ကဒီလိုရေးပါတယ်။ သဘောကတူတူပါဘဲလို့ပြောပါရစေ။
ညီအကိုမောင်နှမတွေနဲ့ကလဲစိတ်ချင်းမတိုက်ဆိုင်ဘူး၊တယောက်ထဲလဲနေလို့အဆင်မပြေဘူး၊
အိမ်ထောင်လဲမပြုချင်ဘူး၊ ဘာသာရေးလဲ အများကြီးလုပ်ဘို့စိတ်မပါသေးဘူးဆို သူများ အတွက်
ကိုယ်တတ်နိုင်တဲ့ အချိန်အား၊ငွေအား၊ လူအားတွေနဲ့လူမှုရေးလုပ်ငန်းတွေမှာ စိတ်ပါလက်ပါလုပ်ခြင်းဖြင့်
လောကမှာ ငါအသုံးဝင်တဲ့လူဆိုတာပြဘို့အကြံပြုတိုက်တွန်းချင်ပါတယ်။ အထီးလဲမကျန်တော့သလို၊
လောကကိုအကျိုးပြုတဲ့လူတယောက်လဲဖြစ်၊ ပရစိတ်က ပီတိကိုလည်းခံစားရ တဲ့သားရွှေအိုးထမ်းပေါ့ဗျာ။
(သဘောကတော့ တနေ့တာရဲ့ နာရီတော်တော်များများ မှာ သူတယောက်ထဲဖြစ်နေတာမျိုးကိုဆိုလိုတာပါခင်ဗျ)
small cat
October 24, 2011 at 6:26 am
ကိုသစ်မင်းရေ အပေါ်ကမန့်တာတွေအားလုံးကော်ပီကူးပြီးမန့်လိုက်တယ်လို့သဘောထားလိုက်တော့နော်။ တင်ထားတဲ့ပို့ စ် နဲ့ မန့်ထားတာတွေ အားလုံးဟာ လေးနက်ကောင်းမွန်တဲ့ အကြောင်းအရာတွေပါပဲ။
အွန်လိုင်းစွဲ တဲ့ရောဂါကတော့ လက်တွေ့ပါဘဲ၊ ကျွန်တော် ကွန်ပျူတာကိုတောက်လျှောက်ဖွင့်ထားပြီး
အလုပ်ရှိတာလေးထလုပ်လိုက်၊ပြန်ထိုင်လုိုက်နဲ့ တနေ့ကို ပျမ်းမျှ ၈ နာရီလောက်ထိုင်ဖြစ်တယ်။
မိန်းမ ကတော့ ရှင် အိမ်အကြောင်းဘာမှ စိတ်မဝင်စားတော့ဘူးလို့ပြောတယ်။
thit min
October 24, 2011 at 8:41 am
ကိုစမောကက်ရေ
၈ နာရီဆိုတော့ ကိုစမောကက်က
၁။အိမ်၏အချုပ်အခြာအာဏာကိုသိမ်းထားသူ(သို့)အိမ်သူအပေါ်တော်တော်ဩဇာညောင်းလို့
၂။ အထူးလေ့ကျင့်ထားသောအမာခံစိတ်ဓာတ်ပိုင်ရှင်(သို့) နားပူခံနိုင်သူဖြစ်လို့
၃။တယောက်နဲ့တယောက်မကျူးကျော်ရေးစာချုပ်ချုပ်ဆိုထားခြင်း(သို့)သူလဲကိုယ်သဘောမကျတာလုပ်လေ့ရှိလို့
၄။ခေါင်းညိတ်ဆက်လုပ်စံနစ်(သို့)ဘယ်လိုမှပြောလို့မရတဲ့ သဘောကိုဆောင်တတ်တဲ့လင်ယောက်ျားဖြစ်လို့
အထဲကတခုခုဘဲနော်။
” ~~ ဘယ်အရာမဆို တဘက်စွန်းကျရင် တယောက်တော့ နစ်နာရစမြဲ~~~ မပြေလည်ခဲ့သေးတဲ့ နှောင်းချစ်ကြွေးတွေပေးဆပ်ချင်တယ်~~~~~~~
ဒီ က စ ပြီး ရှေ့ကိုဆို သူ့ရဲ့လိုအင်ရှိတာတွေ သိအောင်ကြိုးစားပြီးလေ~~~~ ကိုယ်ဖြည့်စွမ်းမယ် ~~~
ဒီ က စ ပြီး ရှေ့ကိုဆို သူ့အပေါ် ~~ထာဝစဉ် ငဲ့ ညှာမယ်~~~~~~~~~တတ်နိုင်သလောက် ~~~ဂရုစိုက်မယ်~~~~~”
(^^)
htoosan
October 24, 2011 at 9:06 am
😀 😀
ကိုသစ်မင်း ရဲ့ (၂) နဲ့ (၄) ကတော့ ကျွန်တော့်တိုက်ရိုက်ထိပြီ ဗျို့…
thit min
October 31, 2011 at 6:36 pm
အဲဒီအကြောင်းအကျယ်တဝင့်လေး ရေးပေးစေချင်ပါသည်။
ဦးဖက်တီးလိုပေါ့နော်။ ပွင့်ပွင့်လင်းလင်းလေး တပုဒ်လောက်ဗျို့။
blackchaw
October 24, 2011 at 9:50 am
ကိုသစ်မင်းရေ။
ကိုသစ်မင်း ပို့စ်လေးတွေကြောင့်
ပိုပြီး အပြုသဘောဆောင်လာတယ်လို့ မြင်မိပါတယ်ဗျာ။
လှပတဲ့ အတွေးလေးတစ်ခုကို ပို့စ်တင်သူက တင်ပြပြီး
ဖတ်တဲ့သူတွေနဲ့ အပြန်အလှန် ဝိုင်းဆွေးနွေးနေကြတာ
အားရစရာ ကောင်းလိုက်တာဗျာ။
တကယ် မုဒိတာ ပွားမိပါတယ်။
ကွန်းမန့်ပေးသူ တစ်ယောက်ချင်းကို
လေးလေးစားစား ပြန်ဆွေးနွေးပေးတာလည်း
ခင်ဗျားက စတယ်လို့ ထင်ပါတယ်။ (မှားသွားရင်ခွင့်လွှတ်ကြပါ)
ကျွန်တော်ကတော့ အဲဒါ ကောင်းတယ်ထင်လို့ အတုခိုးပါတယ်။
ကျေးဇူးပါ။
amatmin
October 24, 2011 at 10:28 am
ဆရာသစ်ရေ..
အကို.ရေးလိုက်တဲ့.စဉ်းစားစရာ.တွေးစရာ.စေတနာတွေ အပြည့်ပါတဲ့ပိုစ့်တွေက.
ဖတ်ပြီးရင်တခုခုတော့ပြောချင်စရာကျန်ခဲ့တာပဲဗျာ…ကျွန်တော်ဆိုရင်လည်း ၃ဝ ကျော်ခါစ ဆိုတော့.
မိန်းမ မယူချင်သေးတော့(ယူချင်စိတ်ကိုမရှိတာပါ.)ဒီထက် အသက်ကြီးလာရင်
အထီးကျန်လာမှာကိုလည်းကြိုတော့တွေးထားတယ်ဗျာ…ကိုသစ်မင်းရဲ့ စာကိုဖတ်ပြီးတော့မှ
အထီးကျန်တာကို စနစ်တကျ နဲ့တိုက်ဖျက်ဖို့နည်းလမ်းကောင်းတွေကို.ရလိုက်တော့တယ်..
အရင်ဆုံး သိမ်မွေ့တဲ့နှလုံးသားကိုတော့ မွေးထားလိုက်ပြီဗျာ…
အခုထိတော့ Midlife crisis နဲ့ စခန်းသွားနေတုံးပဲ..
ဒါနဲ့.အပေါ်မှာ မန့်ထားကြတာ.အထီးကျန်တဲ့သူတွေများကြပုံပဲ..
ကျွန်တော့ အထင်တော့ ရွာထဲကလူတွေ အထီးကျန်ကြတာခပ်ကောင်းကောင်းဗျ..
သူတို့တွေ.အထီးကျန်ပြီး လုပ်စရာမရှိ..စာတွေ စွတ်ရေးနေတော့.ဂလိုမျိုး..
စာကောင်းပေကောင်းတွေမပြတ်တော့ဘူးပေါ့နော်..
amatmin
October 24, 2011 at 10:44 am
အထီးကျန်ပြီး လုပ်စရာမရှိ..စာတွေ စွတ်ရေးနေတော့..(ကောင်းသောအမြင်နဲ့ပါ)..
thit min
October 24, 2011 at 4:12 pm
ညီလေးအမတ်မင်းရေ
ဟယ် မုဆိုး၊ အဆွေ မုဆိုး၊ အကို မုဆိုး ဆိုတဲ့စကားလေးတွေကိုပြန်သတိရသွားစေတယ်။
အကို ဆိုတော့ ညီငယ်တယောက်လိုသဘောထားပြီးပြောရရင် အသက် ၃ဝ အရွယ်ဆိုတော့ ပုံမှန်လူသားတွေလောကဓံတရားရဲ့ ရိုက်ပုတ်မှုတွေပါညီ။
Midlife Crisis ဆိုတာက လုပ်စရာအချိန်ကနည်းသွားပြီး လက်ထဲမှာ
(ပညာ၊ဥစ္စာ)ဘာမှမရှိသေးတာမျိုးကိုခေါ်တာပါ။
(စာမေးပွဲမနက်ဖြေရမှာ ဒီညဘာ စာ တလုံးမှမသိသေးဘူးဆိုတာမျိုး)
အသက် ၃ဝ ဆိုတာကိုယ့်အမြင်တော့ “မင်းပျိုမင်းလွင်” ဘဝ ပါ။
ညီအမတ်မင်း တနေ့မှာ နန်းသိမ်းပွဲ ခံနိုင်မယ်လို့ ယုံကြည်စွာအားပေးတယ်ဟေ့။
နီလေး
October 24, 2011 at 11:18 am
ကိုသစ်မင်းရေးတဲ့ ပို့စ်ကိုဖတ်မှပဲ ကိုယ့်ကိုယ်ကိုလဲ ဆင်ခြင်သတိထားမိတော့တယ် အားငယ်တာ အထီးကျန်တာတွေတော့ ခနခနကို ဖြစ်နေတာပါ
ရွှေဘိုသား
October 24, 2011 at 1:19 pm
တစ်ခါတစ်လေလည်း တစ်ယောက်ထဲနေတာက ပိုလို့တောင် ကောင်းပါတယ်
thit min
October 24, 2011 at 4:24 pm
နီလေးရေ
အထီးကျန်အားငယ်စိတ်ဆိုတာ လူမှန်ရင် ဖြစ်တတ်ပါတယ်။အဲဒါထက်ဘယ်လိုကိုယ်စိတ်ကို “အကျိုးရှိစွာအထီးကျန်”မလဲလို့
ထူးထူးဆန်းဆန်းလေးစဉ်းစားကြည့်ပါလား?
ညီလေးရွှေဘိုသား
ညီလေးကအသက် ၂ဝ ဝန်းကျင်နော်။ ညီလေးအရွယ်မှာ သစ်မင်းလဲအဲဒီအတွေးမျိုး နဲ့ “ဆီးနှင်းတို့ကျစ တညမှာ အိမ်ကိုပစ်ပြီးတော့၊ အမေအိုမျှော်နေမှန်းလဲ သိရက်နဲ့ ခရီးကြမ်းဆက်ခါ ပြန်မလာနိုင်သေးခင်” ဆိုတာမျိုး လုပ်ခဲ့တာပါ။
ဘဝတိုးတက်ရေးအတွက် ဆိုပြီး တယောက်ထဲနေချင်စိတ်တွေများခဲ့တဲ့ဟိုတုံးကပေါ့ကွာ။ငါ့ညီခံစားချက်ကိုနားလည်တယ်လို့။
GreeNSheeP
October 31, 2011 at 8:19 pm
ကိုယ့်ရဲ ့လက်ရှိဘဝကို အကောင်းဆုံးလို ့သတ်မှတ်ပြီး ပိုပိုကောင်းအောင်ကြိုးစားနေမိပါသည်။
aye.kk
October 31, 2011 at 11:55 pm
ဘာအကောင်းဆုံးလဲဆိုတော့လေ..
ဘာဝနာပွါးများပြီးတရားထိုင်တာအကောင်းဆုံးပေါ့နော်
တခါတရံတော့လဲအခုလိုစာလဲဖတ်commentလေးလဲဝင်ရေးရတာ
အကောင်းဆုံးလိုပါဘဲ