Sine SantApril 8, 20151min63739
ရန်ဖြစ်ခြင်း အနုပညာ **************** လူတစ်ယောက်နဲ ့တစ်ယောက်ရန်ဖြစ် စကားများကြ တာကို အနုပညာ တစ်ရပ် ပဲလို ့ပြောရင် ရူးနေတာလား ကြောင် တောင်တောင်လို ့ပြောခံ ရမှာသေချာပါတယ် ။ စာပေအနုပညာ ၊ ပန်းချီအနုပညာ ၊ ရုပ်ရှင် အနုပညာ စသည်ဖြင့် အနုပညာများစွာ ရှိနေ အထဲ ရန်ဖြစ်ခြင်း အနုပညာ ကို လည်း ထည့်သွင်းခံစား ကြည့် မိပါတယ် ။ စကားများရန်ဖြစ် ခြင်းကြောင့် မလိုအပ်တဲ့ဆိုးကျိုး တွေရှိသလို တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေ အသိဉာဏ်တွေ တိုးတက်ရရှိ လာနိုင်တယ် လို ့ပြောရင် လက်ခံမယ့်သူရှိပါ့မလားး? အသေးအမွှားကိစ္စတွေနဲ ့စကားများရန်ဖြစ် ပြီး ရိုက်ကြ ကွဲကြ နဲ ့လူသတ်မှုတွေ ဖြစ်တာ […]


ဘာရယ်မဟုတ်ပါဘူးဗျာ။ဒီရက်ပိုင်း အလုပ်ကမအား ရေးစရာကလဲမပေါ်။ ဖတ်စရာစိတ်ကြိုက်ကလည်းမတွေ့။ ဒါနဲ့ကိုသူရတင်တဲ့ပိုစ့်တပုဒ်ပေါ်လာတော့ ဝင်ဖတ်ကြည့်။ ဝင်ပြီးနဲနဲလျှာရှည်။ အဲဒီမှာသူကြီးနဲ့ညှိတော့တာပဲ။ မအားပါဘူးဆိုနေမှ လောဂျစ်သလေးဘာလေးနဲ့ကွန့်နေလိုက်တာများ။ ပြန်ရေးမယ်လုပ်တော့ ကော်နရှင်ကကျ။ ဟိုမရောက်ဒီမရောက်နဲ့။ ကိုသူရပိုစ့်ထဲဝင်ရေးလို့မရလဲ ပိုစ့်အနေနဲ့တင်မယ်ဆိုပြီး ရှားရှားပါးပါး အားတုန်းပိုစ့်တပုဒ်အနေနဲ့တင်လိုက်ရတာပါ။ (အမှန်ကသူကြီးနဲ့သိပ်မဆိုင်ပါဘူး။ သူကြီးပြောတာနဲ့ရေးစရာတခုသတိရ သွားလို့ပါ ) သူကြီးကြောင့်ရေးစရာတခုသတိရသွား စေတဲ့စကားကတော့(အတိအကျတော့ ကော်နရှင်မကောင်းလို့မကူးလိုက်ရ) “လော့ဂျစ်အရ ပညာလိုချင်ရင် ငွေရှာ ပညာတတ်လေလေ ငွေရလေလေ” ဟိုးးးးရှေးးးး ရှေးးးးး တုန်းကပေါ့ဗျာ။ မောင်ဘ နဲ့ မောင်လှ ဆိုသော သူငယ်ချင်း နှစ်ယောက်ရှိလေသည် အဲသလိုနဲ့ပဲအပြင်ကလူတွေရဲ့နာမည် ရင်းကို လွဲပြီးပြောရပါတော့မယ်။ အဲသည်နှစ်ယောက်သည် အသက်တူ အခြေအနေတူ အိမ်နီးချင်းများဖြစ်ကြလေသည်။ မောင်ဘသည် စာတော်သည်။ကြိုးစား သည်။စာမေးပွဲဟူသမျှ အဆင့်တစ်ချည်း သာတည်း။ ရုပ်ရည်အသင့်အတင့်နှင့် မိဘသွန်သင်မူ့အောက်မှတသွေမတိမ်း ဘဝခရီးလမ်းကို မှန်မှန်လျောက်လှမ်းရင်း မိဘကဲ့သို့ပင် […]


Ko chogyiMay 27, 20141min47847
ညနေပိုင်းအလုပ်ကအပြန် ရုပ်မြင်သံကြားအစီအစဉ်ကြည့်ရင်း တစ်နေ့တာ လုပ်ငန်းခွင်မှာ ပင်ပန်းသမျှကို အနားယူနေမိပါတယ်။ ဇာတ်လမ်းတွဲတစ်ခုအပြီး သတင်းကြေငြာလို့ ဆက်ကြည့်မိပါတယ်။ ကရင်ပြည်နယ် မှာ ပညာရေးစနစ်သစ်အစီအစဉ်အရ မူလတန်း၊ ကျောင်းလခနှင့် ကျောင်းသုံးစာအုပ် အခမဲ့ဖြစ်ပြီး၊ အလယ်တန်းကျောင်းလခအခမဲ့အဖြစ် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပေးဝေခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးကိုလည်း ရုပ်သံအစီအစဉ်က မေးခွန်းတွေမေး၊ ဆရာမကြီးကလည်း ဘာကြေးညာကြေးတစ်ခုမှ မကောက်ခံပါဘူး လို့ပြန်ဖြေတယ်။ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ နာမည်ကလည်းမှတ်မှတ်ရရပါပဲ မလွမ်းပိုတဲ့ တိုင်းရင်းသားသံ ဝဲဝဲလေးနဲ့ ကျောင်းစရိတ်အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေ အခမဲ့ရလို့ မိဘတွေက ဝန်ထုပ်ဝန်ပိုးမဖြစ်ပဲ သား၊ သမီးတွေ ကျောင်းကိုလွှတ်နိုင်လို့ ဝမ်းသာမိပါတယ်တဲ့။ တစ်ချို့ဌာနတွေဆို ကျောင်းဝတ်စုံတွေ အခမဲ့ပေးဝေတာကြားမိလို့၊ မနှစ်က ကျွန်တော်တို့ ဌာနက ကျောင်းဝတ်စုံတွေ အခမဲ့ပေးတာ သားနှစ်ယောက်က ထွားလို့ ဝတ်မရအောင်သေးတာကို ပြန်တွေးပြီး ပြုံးမိလိုက်ပါတယ်။ ဪ […]


Diamond KeyOctober 20, 20111min28411
ကျွန်တော် တစ်ခါကတက်ခဲ့ဖူးတဲ့ သင်တန်းတစ်ခုမှာ သိခဲ့ရတဲ့ စာသားလေးကို ပြန်သတိရမိတယ်။ “ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” လို့ ဆိုပါတယ်။ ဒီနည်းလေးတွေ သင်ခဲ့ဖူးတော့ ကြုံတဲ့နေရာလေးတွေ၊ရောက်တဲ့နေရာလေးတွေမှာ တစ်ချိန်ကျရင် အသုံးကျနို်င်တဲ့ ကိစ္စလေးတွေ မြင်တတ်လာပါတယ်။ —————————————————————————————————– တစ်ခါက ဆည်တော်လေးကို ရောက်ပါတယ်။ ရေထဲမှာ အပျော်စီးဖို့ လုပ်ထားတဲ့ ဖေါင်လေးကို သတိထား မိခဲ့ပါတယ်။ ကားဘီးကျွတ်လေးလုံးကို ဝါးကတ်တစ်ခုအောက်က ဒေါင့်လေးဒေါင့်မှာ ချည်လိုက်တော့ လူတွေ ပစ္စည်းတွေ အများကြီးတင်လို့ရတဲ့ ရေပေါ်ယာဉ်လေး တစ်ခုဖြစ်သွားတယ်။ ——————————————————————————————————————- တစ်နေ့က ကျောက်ဆည်ဖက်ကိုရောက်တော့ ကိုယ်မရောက်ခင်မှာ ရေတွေကြီး ခဲ့တာဆိုတော့ သူတို့တွေမှာ ဟိုနားဒီနား သွားလို့ရအောင် လုပ်ထားတဲ့ ဖေါင်လေးတွေ လုပ်ထားတာတွေ့ခဲ့ရပြန်တယ်။ ဝါးလုံးတွေကို လေးကွက်ကြား ချည်၊ အောက်မှာ […]


မောင်ဆန်းSeptember 29, 20111min39333
ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ် လူပျိုဘဝက ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧဝ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ဝင်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် […]


ဆူးOctober 24, 20101min1648
အလံတော်လဲတဲ့ အင်္ဂါ နဲ့ ဗုဒ္ဓဟူး.. အင်္ဂါ = ခြင်္သေ့ ဗုဒ္ဓဟူး= ဆင် ခြင်္သေ့ = ကြံခိုင်ရေး ဆင်= ကျောက်ဆည် ဆင်ဖြူတော် ၅၀၀ဝတန်.. မြန်မာပိုက်ဆံကို အမြတ်တနိုး တန်ဖိုးထားပြိး နဖူးက ချွေး မြေခအောင် ကြိုးစားရုန်းကန်သူ မှန်ရင် ၅၀၀ဝ တန် တရွက် မုန့်ဖိုးပေးရင် သိပ်ပျော်မှာဘဲ.. သူဠေးလည်း ၅၀၀ဝ တန် အထပ်လိုက် ပေးရင် အလကားရရင်တောင် ယူအုန်းမှာ.. ၅၀၀ဝ တန်လေးများ အသယ်က လွယ်ကူ တန်ဖိူးရှိတာကို.. တထုပ်သယ်လို့ ၁သိန်း ၅သိန်းဖြစ်ဖို့ ၅ထုတ်သယ်စရာ မလိုဘူး ၁ထုတ်သယ်ရင် ၅သိန်းဖြစ်တယ်.. ငွေပေးငွေယူ များများ လုပ်ရင် အလွန်လွယ်ကူ အဆင်ပြေသည်။ ကလေးများ မုန့်ဖိုးပေးရင် […]