Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ဖြစ်ခြင်းအနုပညာ

Sine SantApril 8, 20151min185939

ရန်ဖြစ်ခြင်း အနုပညာ
****************

လူတစ်ယောက်နဲ ့တစ်ယောက်ရန်ဖြစ် စကားများကြ တာကို အနုပညာ တစ်ရပ် ပဲလို ့ပြောရင် ရူးနေတာလား ကြောင် တောင်တောင်လို ့ပြောခံ ရမှာသေချာပါတယ် ။
စာပေအနုပညာ ၊ ပန်းချီအနုပညာ ၊ ရုပ်ရှင် အနုပညာ စသည်ဖြင့် အနုပညာများစွာ ရှိနေ အထဲ ရန်ဖြစ်ခြင်း အနုပညာ ကို လည်း ထည့်သွင်းခံစား ကြည့် မိပါတယ် ။ :mrgreen:

စကားများရန်ဖြစ် ခြင်းကြောင့် မလိုအပ်တဲ့ဆိုးကျိုး တွေရှိသလို တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေ အသိဉာဏ်တွေ တိုးတက်ရရှိ လာနိုင်တယ် လို ့ပြောရင် လက်ခံမယ့်သူရှိပါ့မလားး?

အသေးအမွှားကိစ္စတွေနဲ ့စကားများရန်ဖြစ် ပြီး ရိုက်ကြ ကွဲကြ နဲ ့လူသတ်မှုတွေ ဖြစ်တာ ကိုတော့ လက်မခံလို ့မရဘူးပေါ့ ။ အဲ့လိုဖြစ်တာကိုတော့ ရက်စက်ကြမ်းတမ်း တဲ့အနုပညာ အဖြစ် သရုပ်ပျက် သွားမှာတော့သေချာပါတယ် ။ အနုပညာဆိုတာ လူတစ်ယောက် မှာရှိတဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စိတ် ဓာတ်တွေကို နူးညံ့ပျောင်းလာအောင် လူ ့ပတ်ဝန်းကျင် ကိုသာယာစိုပြေ လာအောင် ဖန်တီးပေး တာလို ့လက်ခံထား ပါတယ် ။
လူတိုင်း လူတိုင်း ရန်မဖြစ်ဖူးတဲ့သူ မရှိလောက်ဘူး လို ့ထင်ပါတယ် ။ သားသမီး နဲ ့မိဘ ချင်း ဖြစ်စေ ၊ ချစ်သူချင်း ၊မောင်နှမ ချင်း ၊ သူငယ်ချင်း အချင်း အကြောင်း အမျိုး ကို စကားနိုင် လု ရင်း နဲ ့ရန်ဖြစ် တယ် ။ ကိုယ် ထင် ရာကို ကိုယ့်စိတ်ထဲက အတိုင်း လိုရာ ဆွဲယူ ပြော ရင်း ရန်ဖြစ် ကြတယ် ။ 😆

ရန်ဖြစ်တယ် ဆိုတာ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒကို တခြားတစ်ယောက် ကိုပြောပြတာ လက်မခံ လို ့ဖြစ် တာ ရှိတယ် ။ ကိုယ်လို ချင်တာ တောင်း လို ့မရ ရင် ရန်ဖြစ်တယ် ။
ကိုယ့်စိတ်တိုင်းကျ တခြားသူ ကို နေစေချင် တယ် အဲ့ဒါ ကိုညှိနှိုင်း လို ့မရတော့ ရန်ဖြစ်ပြန် ရော ။ လူတွေဟာ အကြောင်းအမျိုးမျိုး ရှာ ပြီး ရန်ဖြစ် နေတတ် ကြတယ် ။ :kwi:

မုန်းနေတဲ့သူ နှစ်ယောက် ဆိုရင် တခါ လောက်ကို အကြီးအကျယ် ရန်ဖြစ် ကြမယ် ပြီးရင် လေပေါ်လေ အောက် အသံတောင် မကြားချင် မမြင်ချင် လောက်အောင် ဒါမှမဟုတ် မမြင်နိုင် တဲ့နေရာ မှာ သွားနေ လိုက်ကြတယ် ။ မုန်းတဲ့သူချင်းဆို တခါပဲ ရန်ဖြစ် တတ် ကြ ပေမယ် ့ချစ်တဲ့ သူ အချင်းချင်းဆို ခဏ ခဏ ရန်ဖြစ်မယ် ပြီးရင် သံယောဇဉ် တွေကအငြိမ်နေ တာမဟုတ် ပဲ အမြင်မတော် တော့ ပြောမိပြန်တယ် ။ စေတနာ တွေပို ပြီး သူ ့အကြိုက် ကိုယ့် အကြိုက် လုပ်ပေးမိတော့လည်း စိတ်ချင်းက မတူ နိုင်တော့ ရန်ဖြစ်ကြ ပြန်ရော ။ ရန်ဖြစ်လိုက်ပြန်ချစ် လိုက်နဲ ့နေ ့ရက် တွေက မရိုးနိုင်အောင် စိတ်ဝင်စား ဖို ့ကောင်းနေ တတ်တယ် ။ :kwi:

လူ တွေကတကယ် အတ္တကြီးလွန်း ပါတယ် ။ ကိုယ်ဖြစ်ချင်တာ တွေပြောတယ် ၊ ကိုယ်လုပ်ချင်တာ ဆို ဘယ်သူ ့ကိုမှ
ငဲ့ မကြည့် တတ်ကြဘူး ငါစိတ်ချမ်းသာရင် ပြီးရော ဆိုပြီးရောဆိုပြီး တစ်ကိုယ်ကောင်းဆန် ချင် လွန်းလို ့
တချို ့ပြဿနာတွေဆို မလိုအပ် ပဲ ဖြစ် ကြ တာ များတယ် ။ တချို ့သူတွေ ကြပြန်တော့လည်း စေတနာ တွေက
တဖက်စွန်း ရောက်ပြီး သူ ့စေတနာ ကတခြားသူ တွေအတွက် အသုံးမဝင် တော့ စေတနာဒေါသ တွေဖြစ်ပြီး ရန်ဖြစ်ဖို ့အကြောင်းဖန် လာပြန် တယ် ။

နောက်လူ တမျိုးကျပြန်တော့ သူ ့စိတ်ရင်းတော့ ကောင်းပါရဲ ့
စကားအပြော နူးညံ့ပျော့ပြောင်းမှုမရှိလို သူ ့အကြောင့်းမသိ ပဲသူ ့စကားကြရတဲ့ သူအတွက် ဆိုစိတ်အနှောင့်အယှက်တွေဖြစ်ပြီး ရန်စကား တွေပြော ရန်တွေဖြစ်ရပြန်ရော။

လူတမျိုးက ရန်မဖြစ်ရတဲ့နေ ့တွေဆိုပျင်းလှချည် ရဲ ့ဆိုပြီး တွေ ့တဲ့သူတိုင်းကို ရန်စ နေတတ်တယ် ။
သူတို ့အတွက် ရန်ဖြစ်ခြင်းက ပျော်စရာ လို ့ထင်နေ ကြတာ ။
:kwi:
သူ နဲ ့ကိုယ်ကြားသံသယတွေ များပြီး တစ်ယောက်ကိုတစ်ယောက်ထင် ချင်ရာထင် ပြီး စိတ်ထဲမှာ သိမ်းထားတာ များလွန်းလာလို ့မထိန်းနိုင်မဖုံးနိုင် ဖြစ်လာတဲ့ အချိန် စကားထဲမှာခနဲ ့တာတွေ ရွဲ ့တာတွေ ပါလာ တယ် ။ တည်တည်ငြိမ်ငြိမ်မပြောနိုင်တော့ ရန်စကားတွေ စလာ ပြီ ။
သံသယတွေအရမ်းများတဲ့ သူအချင်းချင်း ဆို ရန်ဖြစ်စကားများလိုက်ရင် ပြေလည်သွား တတ်တယ် လို ့ထင် ပါတယ် ။
တစ်ယောက်ရဲ ့စိတ်ကို တစ်ယောက်လေ့လာလို ့ရတယ် ။ စိတ်ထဲရှိတာတွေကို ထုတ်ပြောခွင့် ရလိုက်တော့ နေသာထိုင်သာ ရှိသွားနိုင်တယ် ။ သူမကြိုက်တာကို နောက်တခါ မလုပ်မိအောင် ဆင်ခြင် လာနိုင်မယ် ၊ ကိုယ်မကြိုက်တာ ကိုလည်း သူ ့ကို သိစေ နိုင်တယ် ။ သာမန်အချိန်ဆို ကိုယ့်အတွေး တွေ ကိုယ့်စိတ်တွေ ဘယ်လောက်မှားမှား သတိမထားမိဘူး ။ တခြားသူ နဲ ့စကားတွေအပြန်အလှန် ပြော လိုက်မိတဲ့ အချိန်ကြမှ သူသူ ကိုယ်ကိုယ် အမှား ကိုယ်စီမြင်လာ တယ် ။ နောက်တခါ အမှားနည်းအောင် ဆင်ခြင် လာနိုင်မယ် ။ ဒါဟာ ရန်ဖြစ် ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူး လို ့ထင်တယ် ။
😆
တစ်ခုတော့ သတိထားရမှာပေါ့ နူးညံ့ပျော့ပြောင်း တဲ့စိတ်ဓာတ်တွေ နဲ ့စကားများရန်ဖြစ် မယ် ဆိုရင် အကောင်းဆုံး အကျိုးရှိနိုင်မယ် ပြုပြင်ပြောင်းလဲ ခြင်း လုပ်ဆောင်နိုင်မယ် ။ ဒါမှမဟုတ်ဘဲ ကိုယ့်အတ္တကိုရှေ့တန်း တင်ပြီး ရန်ဖြစ်စကားများနေကြမယ် ဆိုရင် တော့ ဘယ်သူ ့အတွက်မှ အကျိုးမရှိဘဲ အကျည်းတန်တဲ့ ရလဒ်တွေကိုပိင်ဆိုင် ကြရမှာသေချာပါတယ် ။
:buu:

တွေးမိတွေးရာ

lulu
8.4.2015

39 comments

  • Mike

    April 8, 2015 at 1:13 pm

    နူးညံ့ပျော့ပြောင်း တဲ့စိတ်ဓာတ်တွေ နဲ ့စကားများရန်ဖြစ် မယ် ဆိုရင် အကောင်းဆုံး အကျိုးရှိနိုင်မယ် ပြုပြင်ပြောင်းလဲ ခြင်း လုပ်ဆောင်နိုင်မယ်

    .ဆိုတော့ အဲ့တာ ရန်ဖြစ်တာမဟုတ်တော့…ငြင်းခုံတာဖြစ်သွားပီ
    . နူးညံ့ပျော့ပြောင်း တဲ့စိတ်ဆိုတာနဲ့ ရန်ဖြစ်လို့မှမရတာ…ဒေါသလေးပါမှပေါ့ :k:

    • lu lu

      April 8, 2015 at 4:16 pm

      နူးညံ့ပျော့ပြောင်းတဲ့ စိတ် ကိုဆိုလိုချင်တာက ငါ့စကားနွားရ
      ငါပြောတာအမှန် ငါလုပ်တာမှအလုပ်ကောင်းအဲ့လိုစိတ် မရှိဘဲ
      လို ့ပြောချင်တာ
      ဒေါသ မပါဘူးလို ့မပြော
      ရန်ဖြစ်စကားများမှတော့ ဒေါသ ကထိုက်သင့်သလောက် ပါပြီးသားပဲ
      နှစ်ဦးနှစ်ဖက် မျှတွေး စေချင် တဲ့စိတ်ကို ပြောတာပါ

      ကျေးကျေးပါ 🙂

  • တောင်ပေါ်သား

    April 8, 2015 at 1:19 pm

    ကျုပ်က တနင်္ဂနွေသား စိတ်တိုတတ် ဒေါသကြီးတတ်လို့ ရန်မဖြစ်အောင်နေတယ်

    ္ဌတော်ရုံလည်း ခံမငြင်းဘူးးးးးး လို့ ၊ 🙂

    • lu lu

      April 8, 2015 at 4:21 pm

      တနင်္ဂနွေ သားတွေ စိတ်အရမ်း ကောက်တတ် တာတော့
      ယုံတယ် :mrgreen:

  • Wow

    April 8, 2015 at 1:29 pm

    brainstorming ဆိုပီး ကျီးကျီးကျယ်ကျယ် လုပ်ရင်းလည်း ရန်ထဖြစ်တတ်ကြတာပဲ.. :mrgreen:

    • lu lu

      April 8, 2015 at 4:19 pm

      ဟုတ်တယ် ဘာမဟုတ်တဲ့ ဟင်းဖက်လုရင်း ထမင်းဝိုင်းမှာတောင်
      ထသတ်နေကြတာ တကယ်အံ့ဩ စရာ
      :kwi:

  • ခင်ဇော်

    April 8, 2015 at 8:04 pm

    Credit to Thein Myint Win
    ….
    ကျွန်တော်တို့ ကိုးတန်း ဆယ်တန်း ကဗျာလေးတက်တက်တောက်တောက် စမ်းလိုက် စာလေးမတောက်တခေါက် ဖတ်လိုက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တတ်စ။ ဝါသနာတူတဲ့ သူငယ်ချင်းတွေ စုပြီး ငြင်းခုန်ကြ လုပ်ကြတယ်။ အတွေးအခေါ် အချစ်ရေး နိုင်ငံရေး အစုံ အစုံ။ သိပ်ပျော်တာပဲ။ ငြင်းဖို့ တည်မိပြီဆို သိကြတယ်။ ဘေးလူတွေက ဝင်ငြင်းချင်ငြင်း အားပေးချင်ပေး ထိန်းစရာရှိထိန်းပေါ့။ တချို့တွေလည်း သွားစရာရှိသွား ပြီးမှ ပြန်လာနဲ့ ဆယ်ယောက် ဆယ့်ငါးယောက် တပျော်တပါးကြီး။ ငြင်းတာကို အလေးအနက်လည်း ထားကြတယ်။ တချို့အကြောင်းအရာတွေဆို ရက်ဆက်ငြင်း ရတာ။ မပြီးနိုင်ဘူး။

    ငယ်ရွယ်တုန်းဆိုတော့လည်း ငယ်ရွယ်တုန်းအဆင့်ပေါ့လေ။ ဒါပေမယ့် ဒီလိုပဲ ခေတ်စေရာ ကံကျရာ ကျောင်းပေါင်းစုံ အလုပ်ပေါင်းစုံ ရောက်တာတောင် တချို့ အကြောင်းအရာတွေဆို မမေ့ကြဘူး။ နှစ်ချီကြာပြီးမှ ဟေ့ကောင် မင်းအဲဒီတုန်းက ဒီလိုပြောခဲ့တာ ဆိုတာမျိုး ပြန်လာကြသေးတယ်။ ဘဝ အတွေ့အကြုံ ကြောင့် တိုက်ဆိုင်ရင် သတိရတုန်း။

    ဒီလိုအသည်းအသန်တွေ ငြင်းခုန်လို့ အရှိန်တက်လာတဲ့အခါ အနိုင်ရပြီးရော အောက်လုံးတွေ လုပ်ချင်လာရင် ဘေးက ဝိုင်းထိမ်းကြသေးတယ်။ တစ်ခါတလေတော့ ဒေါနဲ့မောနဲ့ကိုး။ အောက်လုံးဆိုတာ အကြောင်းအရာကို ပယ်ပြီး ကိုယ့်ငြင်းဖက်ကို ယုံလောက်စရာ လူမဟုတ်ကြောင်း ဖိဆော်တာမျိုးကို ပြောတာ။ ကျွန်တော်တို့အဖွဲ့တွေ အဲဒီအရွယ်ထဲက မင်းက စောက်ပေါ ပါကွာ ဆိုတဲ့ အကွက်မျိုးကို ရှောင်သင့်မှန်း သိတယ်ဗျ။ ပုဂ္ဂိုလ်ရေးတိုက်လို့ နိုင်လည်း အကြောင်းအရာက နိုင်ဦးမှကိုး။

    အခုအချိန် လူကြီးတွေ ငြင်းရင်းခုန်ရင်း အဲဒီကောင် စောက်ပေါပါကွာ အကွက်ချိုးရင် သိပ်ရယ်ချင်တယ်။ ကျွန်တော်တို့ ကိုးတန်းအဆင့်တောင် မမီဘူး။ ကျွန်တော်နဲ့ ငြင်းဖော်ငြင်းဖက် ငယ်သူငယ်ချင်းတွေကိုလည်း သတိရတယ်။ ဒီလူတွေနဲ့ ငြင်းခဲ့ရတာလည်း သိပ် ဂုဏ်ယူတယ်။ ငြင်းတဲ့နေရာမှာ တစ်ကောင်မှ စောက်ပေါမပါဘူး။
    ————
    ဒါကကြုံလို့ လာထားးတာပါ..
    တစ်ချို့ကတော့ ငြင်းးတဲ့ အကြောင်းးအရာမှာ မနိုင်ရင်
    ပါစင်နယ်တွေ ပါထိပါးးပြီးး ကလိမ်ကကျစ်ကျလေ့ရှိတယ်..
    အဲ့လို လူမျိုးးနဲ့တော့ မငြင်းးနဲ့နော်..
    ဝေးးဝေးးရှောင်နေ..
    :a:

    • lu lu

      April 8, 2015 at 8:10 pm

      အရင်တုန်းကတော့ငြင်းခုန်နေတတ်တယ်
      ခုတော့ ကိုယ်နဲ ့အတွေးအခေါ်မတူ တဲ့သူတွေနဲ ့ငြိမ်ခုန်နေဖို့
      သိပ်စိတ်မဝင်စားတော့ဘူးး
      မောလို ့:(

  • naywoon ni

    April 8, 2015 at 10:15 pm

    ကိုယ်​က တစ်​စုံတစ်​ခုကို ယုံကြည်​စွာဆုပ်​ကိုင်ထားမိပြီဆိုရင်​ အဲ့ဒိအ​ကြောင်​းအရာနဲ့ ပတ်​သက်​လို့ လာမငြင်​းနဲ့​တော့ စမ်​းစမ်​းတင်​့ပဲ 🙂

  • Alinn Z

    April 9, 2015 at 1:00 am

    အဟမ်းးး
    ဘယ်လို ရန်ဖြစ်ခြင်းမျိုးကိုမှ
    အနုပညာ စာရင်းထဲ မသွင်းရေးချ မသွင်းးးး
    :buu:

    အနုပညာဖန်တီးမှုနဲ့ ခံစားမှုပိုင်းဆိုင်ရာမှာ
    အခြေခံတိုင်းတာချက်ဖြစ်တဲ့ ရသ ကိုးပါးနဲ့ပဲ ယှဉ်ထိုးကြည့်ပါဦး. . .

    အနုပညာတရပ်ကို ဖန်တီးသူနဲ့ ခံစားသူကြား
    ” နှစ်သက်ကြည်နှုးမှု”ဆိုတဲ့ ရသခံစားမှုလေး ရတတ်တယ်ဟုတ်?

    အလွမ်းဇာတ် ဖတ်/ကြည့်ပြီး မျက်ရည်ကလေးဝေ့ရတာကိုကအစ
    ရင်ထဲ တနင့်နင့်ခံစားမှုနဲ့အတူ ဒီဝတ္တ္ထုလေး ကောင်းလိုက်တာဆိုတဲ့ နှစ်သက်ကြည်နှုးမှုက ကပ်ပါလာပြီးသား
    အဲ့လို နှစ်သက်ကြည်နှုးမှုအစဉ်အလာနဲ့ ဝက်ဝက်ကွဲအောင် ဆန့်ကျင်နေတဲ့
    နာကျင်ခြင်းတွေ
    .ဒေါသတွေ
    .ကျိတ်မနိုင်ခဲမရ တအုံကြွကြွ ဖြစ်မှုတွေနဲ့
    အခိုးအငွေ့တလူလူ ရန်ဖြစ်ခြင်းကို
    အနုပညာ စာရင်းထဲ မသွင်းရေးချ မသွင်းးး

    :buu:

    ရန်ဖြစ်ခြင်း ”အကြောင်း”ကြောင့်
    .ကောင်းသော ပြောင်းလဲခြင်း ”အကျိုး”တွေ ရတတ်သည်ဆိုဦးတော့. . .

    ”ရန်ဖြစ်ခြင်းသည် ရန်ဖြစ်ခြင်းသာဖြစ်ပြီး
    အနုပညာသည် အနုပညာသာဖြစ်သည်”ပဲ။

    :buu:

    ဟဲဟဲ

    :k:

    • lu lu

      April 9, 2015 at 8:19 am

      ဟုတ်မှာပါ
      အရာရာတိုင်းကို အနုပညာ မျက်စိနဲ ့ကြည့်နေမိတဲ့သုူဆိုတော့
      တွေးမိတွေးရာ ပါပဲ
      :kwi:

  • ဝင့်ပြုံးမြင့်

    April 9, 2015 at 2:25 am

    .ပီတယ်ဟေ့ အလက်ဇင်း။ အဲအကြောင်း ပြောချင်နေတာကြာပါပြီ။ တကယ်တော့လည်း စကားလုံးတွေနဲ့ပဲ ရှုပ်နေကြတာ။ ရန်ဖြစ်တာတွေ ငြင်းခုန်တာတွေဟာ လောကမှာ မရှိမဖြစ် လိုအပ်တယ်။ လူသားရဲ့ အသိဉာဏ် တိုးတက်မှုဖြစ်စဉ်အတွက် အရေးပါတယ်။ အဲဒီတော့ ရန်ဖြစ်ခြင်း ဘဝသစ္စာ။ ဒါမှမဟုတ် ငြင်းခုန်ခြင်း ဘဝသစ္စာ အဲလိုမျိုးလေးတွေ သုံးရင်ကောင်းမှာ။ ဘာလို့ဆို အနုပညာကို ထိပ်တန်းထားတတ်တဲ့လူအတွက် ရန်ဖြစ်ခြင်း အနုပညာ ဆိုရင် အင်း … ကိုယ်အောက်သွားတာပေါ့နော်။

    .အနုပညာနဲ့ ပတ်သက်ပြီး အမတော့ ခပ်ရိုးရိုးလေး သိထားတာရှိတယ် လုလုရေ။ ဟိုးတုန်းက စာရေးဆရာမ လမင်းမိုမိုက ကလျာမှာလားမသိ၊ အင်တာဗျူ း မှာ ဖြေသွားတာ ရှိတယ်။ အနုပညာဆိုတာ လှပတဲ့လိမ်ညာမှု ပါတဲ့။ အဲဒီအပြောက တော်တော်တာစားသွားသေးတယ်။ အမ အသက်ရင့်လာတော့ ဒီစကားမှားမှန်း သိတယ်။ တကယ်က သူပြောရမှာက အပျော်ဖတ်ဝတ္ထု ဆိုတာ လှပတဲ့လိမ်ညာမှု ပါလို့ ပြောရမှာ။ အနုပညာဆိုတာ ဒီလောက် တန်ဖိုးမသေးဘူး။ အနုပညာထဲမှာ ဘဝရဲ့သစ္စာတရားတွေ ကိန်းအောင်းနေတယ်။
    —-
    .အနုပညာကို ဖွင့်ဆိုဖို့ အလွယ်ဆုံး ပြောပြပါမယ်။ အနုပညာဆိုတာ ဘောင်ပဲ။ ဘောင်ကျဉ်းလေ၊ အနုပညာတန်ဖိုးတက်လေ။ ဘောင်ကျယ်လေ၊ အနုပညာတန်ဖိုးကျလေ။ (ငွေကိုပြောတာမဟုတ်)။ ဥပမာ ပန်းချီကားတစ်ချပ်ဆိုပါတော့ ။ ဘောင်ခတ်ထားတယ်၊ ဒီထဲမှာ အသံထည့်လို့မရဘူး။ စာလုံးထည့်လို့ မရဘူး။ ဒီဘောင်လေးအတွင်းမှာ အနက်ရှိုင်းဆုံးကို စုတ်ချက်တွေနဲ့ ပြသသွားနိုင်ရမယ်။ အဝေးအနီးမြင်ကွင်းတွေ၊ အရောင်အနုအရင့်တွေ၊ အတွေးအခေါ်သဘောတွေ၊ အားလုံးကို ဒီဘောင်ကျဉ်းကျဉ်းလေးထဲမှာ သွတ်သွင်းလိုက်ရတယ်။ ဒါကို ပုံတူထပ်ပွားလို့လည်း မရဘူး။ ဒါကြောင့်ပဲ ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားတွေ ရှိနေခဲ့တယ်။ နောက်ထပ် ဘောင်ကျဉ်းတာက ကဗျာ၊ စာလုံးလေးတွေနဲ့ပဲ ပြသွားတယ်။ အရောင်အရိပ်မပါ၊ ဒီစာလုံးလေးတွေနဲ့ပဲ အသံကိုဖန်တီးပြီး ဘဝရဲ့ သစ္စာတရားတွေ၊ အမြင့်ဆုံးစိတ်ခံစားမှုတွေကို ခင်းကျင်းသွားနိုင်တယ်။ တကယ့်ဘောင်ကျဉ်းကျဉ်းလေးထဲမှာ။ တဖြည်းဖြည်း ဘောင်ကျယ်လာတာက ဂီတ၊ ရုပ်ရှင်။ ရုပ်ရှင်ဆိုရင် ခေတ်မီပစ္စည်းပါတယ်။ ရုပ်ပါတယ်၊ အသံပါတယ်။ ရှိရှိသမျှ အားလုံးနီးပါးပါတယ်။ ဒါကြောင့် အနုပညာတန်ဖိုးအရ ဘောင်ကျဉ်းတွေလောက် timeless သိပ်မဖြစ်ဘူး။ ဒါက အနုပညာစံသတ်မှတ်ချက်လေးတွေပါ။ အကျယ်တွေကို ဖတ်ချင်ရင် အလင်းဆက်ရဲ့ အနုပညာပို့စ်တွေ သေချာပြန်ရှာဖတ်ကြည့်ရင် သိမယ်။ အလင်းဆက် အဲပို့စ်တွေ တင်တုန်းက အမ အချိန်မရလို့ ကွန်မင့် သေချာ ဝင်မပေးခဲ့ဘဲ ပေါက်ကရရေးခဲ့မိတာ မှားပေါ့။

    .ဒါပေမယ့်လည်းလေ။ ဒီပို့စ်ထဲမှာ လုလု အဓိက ပြောချင်တာက ရန်ဖြစ်ခြင်းအကြောင်းကိုပါ။ အနုပညာအကြောင်း မပါဘူး။ ရန်ဖြစ်တာလည်း ကောင်းပါတယ်။

    • lu lu

      April 9, 2015 at 8:26 am

      အစ်မ ပြောပြမှပဲ အနုပညာအကြောင်း နောက်ထပ်တခါ ထပ်သိ
      နားလည် ရပါတယ် လုလု ခံယူ ထားတာက လူတွေဟာ
      အနုပညာနဲ ့ကင်းလွှတ်ပြီးနေလို ့မရ နေလို ့မဖြစ်ဘူး ဆိုတာကိုပါ
      တနေ ့တာ လုံး ပြောဆိုလုပ်ကိုင် ခဲ့သမျှ မှာ တော့တော့များကအနုပညာ ပါဝင်နေတယ် လို ့ထင်ပါတယ်
      စကားပြောကြတဲ့နေရာမှာတောင်တဖက်သူ စိတ်ဝင်စားအောင် ပြော
      နိုင် ရင် ဒါအနုပညာ မြောက်တယ် လို ့ယူဆမိပါတယ်

      အခုလို အစ်မ နဲ ့ပြောဆို ဆွေးနွေး ရလို ့ဂုဏ်ယူ မိပါတယ်
      နောက်ထပ် လည်းအကြံပေးရင်းအားပေးပါဦးလို ့
      :mrgreen:

  • Courage

    April 9, 2015 at 6:42 am

    ကျွန်တေ်ာကတော့ လူတွေရဲ့ စိတ်ခံစားမှု သန္တန်ကို အခြေပြုကာ ပေါက်ဖွားလာသော အရာမှန်သမျှကို အနုပညာလို့ခံယူပါတယ်။ ပြောရရင် ဟင်းချက်ခြင်းကအစ စစ်တိုက်ခြင်းအဆုံး အားလုံးဟာ အနုပညာ အဖြစ်ခံယူထားသပေါ့။ ဘာလို့ဆို အနုပညာဆိုတာ သိမ်မွေ့သော ပညာတစ်ရပ်လို့ ဆိုလေတယ် မဟုတ်ပေသလား။
    ဒီစာလေး ဖတ်မိမှ ဗိုလ်ချုပ်အောင်ဆန်းက ဆရာကြီး ဒဂုန်တာရာကို ပြောခဲ့တဲ့စကားလေးတောင် သွားပြီး အမှတ်ရသွားလေရဲ့
    ‘အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့၊ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာ ရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ’ တဲ့လေ။

    • lu lu

      April 9, 2015 at 8:42 am

      လုလုနဲ ့အယူအဆ ချင်းတူသွားပြီ Courage ရော
      အနုပညာဆိုတာ သိမ်မွေ ့နက်နဲ လွန်းလို ့အချို ့ကိစ္စ တွေမှာ
      အနုပညာမပါဘူးလို ့ထင် ရတာပါ
      လူတစ်ဖက်သားရဲ ့စိတ်ကို ဆွဲဆောင် ညှို ့ယူ ထားနိုင် ရင် ဒါဟာ အနုပညာမြောက်သွားပြီလို ့ထင်ပါတယ်
      ဘာလို ့လဲဆိုတော့ အနုပညာ ဆိုတာ စိတ်ခံစားမှု ပဲလို ့ယူဆ
      ထားလို ့ပါ 🙂

    • Alinn Z

      April 9, 2015 at 1:34 pm

      Courage says: လူတွေရဲ့ စိတ်ခံစားမှု သန္တန်ကို အခြေပြုကာ ပေါက်ဖွားလာသော အရာမှန်သမျှကို အနုပညာ…. လို့ ခံယူ…

      ————-

      မှတ်မှတ်ရရဆိုရရင် အဲဒီ အယူအဆကို ဆရာတက္ကသိုလ်ဘုန်းနိုင်တို့
      ဆရာ ဒဂုန်တာရာတို့… လက်စွဲတော် ဓါးအဖြစ် ရွှမ်းခနဲ ထုတ်ပြခဲ့ဖူးသဗျ။ ထားပါတော့… သူတို့ အယူအဆနဲ့သူတို့ ငြိမ်းချမ်းစွာ…. ရှိစေတော့…

      အဲဒီ အယူအဆကို ကျနော်ကတော့ သဘောမတူတော့ပါဘူး။
      အနုပညာဆိုတာ စိတ်ခံစားမှုကို လှစ်ဟဖော်ပြခြင်းဆိုတဲ့ အယူအဆကြီးလည်း
      လက်ရှိ ပိုစ့်မော်ဒန်ခေတ်မှာ ကျိုးပျက်သွားပါပြီ။

      အခုလက်ရှိ ပိုစ့်မော်ဒန်ခေတ်မှာ….
      အနုပညာ ဖန်တီးသူတစ်ယောက်ဟာ သူခံစားရတာကို လှစ်ဟဖော်ထုတ်ပြချင်ရုံသက်သက်နဲ့
      အနုပညာလက်ရာကို ဖန်တီးချပြတယ်ဆိုတာထက်….
      အများကြီး ပိုကျယ်ပြန့်နက်ရှိုင်းတဲ့ သဘောတရားချင်းရာတွေ ရှိလာတဲ့ခေတ် လို့ ကျနော် ယူဆပါတယ်။

      .အနုပညာ ဖန်တီးမှု/ခံစားမှုဆိုင်ရာ ကိစ္စရပ်တွေဟာ…
      ဘယ်အကြောင်းကြောင့် ဘယ်အကျိုးကို လိုလားပြီး ဘယ်စနစ်နဲ့ ဘယ်ပုံဘယ်နည်း ဖော်ပြတယ်ဆိုတဲ့
      သတ်မှတ်ချက်တွေ…စည်း / မျဉ်း / ဘောင် / ခွင် တွေ….တဝုန်းဝုန်းလဲပြိုသွားပါပြီ။

      အကြောင်းအချက်တွေ ကိုင်ပြပြီး… ဒါတွေ ဒါတွေ ဟာ..အနုပညာပဲ…
      ဒါတွေ ဒါတွေဟာ အနုပညာ ဖြစ်လာဖို့ အကြောင်းတွေပဲလို့…
      လက်ဆုပ်လက်ကိုင် ပြလို့ မရလောက်အောင်….
      အစိတ်စိတ်အမွှာမွှာ ပိုင်းစပြိုကွဲနေတဲ့ ခေတ်ကို ရောက်နေပါပြီ။

      အဲဒီလို ပိုင်းစ စိတ်မွှာသွားတဲ့ (သို့မဟုတ်) ဖြာထွက်သွားတဲ့ အနုပညာချင်းရာတွေကို
      တအံ့တဩော ငေးမော ကြည့်ရတာကိုက…
      ဘာနဲ့မှမတူတဲ့ ကြီးမြတ်လှစွာသော အလှတရားအဖြစ်…
      ယနေ့ခေတ် အနုပညာက …ပိုစ့်မော်ဒန် လူငယ်တွေကို ဖမ်းစားပစ်လိုက်ပါပြီ။

      (ကျနော်ပြောတဲ့ အနုပညာဆိုတာ စာပေအနုပညာကို အဓိကဆိုလိုရင်းဖြစ်ပါတယ်။)

      —————–

      ဝင့်ပြုံးမြင့် says:
      အနုပညာကို ဖွင့်ဆိုဖို့ အလွယ်ဆုံး ပြောပြပါမယ်။ အနုပညာဆိုတာ ဘောင်ပဲ။ ဘောင်ကျဉ်းလေ၊ အနုပညာတန်ဖိုးတက်လေ။ ဘောင်ကျယ်လေ၊ အနုပညာတန်ဖိုးကျလေ။
      ပန်းချီကားတစ်ချပ်ဆိုပါတော့ ။ ဘောင်ခတ်ထားတယ်၊ ဒီထဲမှာ အသံထည့်လို့မရဘူး။ စာလုံးထည့်လို့ မရဘူး။ ဒီဘောင်လေးအတွင်းမှာ အနက်ရှိုင်းဆုံးကို စုတ်ချက်တွေနဲ့ ပြသသွားနိုင်ရမယ်။ အဝေးအနီးမြင်ကွင်းတွေ၊ အရောင်အနုအရင့်တွေ၊ အတွေးအခေါ်သဘောတွေ၊ အားလုံးကို ဒီဘောင်ကျဉ်းကျဉ်းလေးထဲမှာ သွတ်သွင်းလိုက်ရတယ်။ ဒါကို ပုံတူထပ်ပွားလို့လည်း မရဘူး။ ဒါကြောင့်ပဲ ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားတွေ ရှိနေခဲ့တယ်။ နောက်ထပ် ဘောင်ကျဉ်းတာက ကဗျာ၊ စာလုံးလေးတွေနဲ့ပဲ ပြသွားတယ်။ အရောင်အရိပ်မပါ၊ ဒီစာလုံးလေးတွေနဲ့ပဲ အသံကိုဖန်တီးပြီး ဘဝရဲ့ သစ္စာတရားတွေ၊ အမြင့်ဆုံးစိတ်ခံစားမှုတွေကို ခင်းကျင်းသွားနိုင်တယ်။ တကယ့်ဘောင်ကျဉ်းကျဉ်းလေးထဲမှာ။ တဖြည်းဖြည်း ဘောင်ကျယ်လာတာက ဂီတ၊ ရုပ်ရှင်။ ရုပ်ရှင်ဆိုရင် ခေတ်မီပစ္စည်းပါတယ်။ ရုပ်ပါတယ်၊ အသံပါတယ်။ ရှိရှိသမျှ အားလုံးနီးပါးပါတယ်။ ဒါကြောင့် အနုပညာတန်ဖိုးအရ ဘောင်ကျဉ်းတွေလောက် timeless သိပ်မဖြစ်ဘူး။

      —–

      အစ်မတော် ပြုံး…

      အနုပညာ အယူအဆပိုင်းပိုင်းဆိုင်ရာမှာ
      တချို့ အယူအဆတွေ ပြိုးပြိုးပြက်ပြက်လက်လောက်အောင်..
      အစ်မတော်နဲ့ ကျနော် တူညီမျှခဲ့တယ်ဆိုပါတော့…

      အစ်မတော် ပြောခဲ့တဲ့ထဲက…
      အပေါ်မှာ ကျနော် ယူပြလိုက်တဲ့ စာပိုဒ်(သို့မဟုတ်)
      အစ်မတော်ရဲ့ အယူအဆကိုတော့ ကျနော် ဒီနေရာမှာ သိပ် သဘောမမျှ…

      :kwi:

      အနုပညာရဲ့ သဘောသဘာဝမှာကိုက… ဘယ်အရာနဲ့မှ ရောနှောသတ်မှတ်မှု မရှိတဲ့ သီးသန့် တန်ဖိုးတည်ရှိလာပြီးသား…

      ဒါ့အပြင်…. အနုပညာရဲ့ တန်ဖိုး(ငွေကြေး သတ်မှတ်ချက် မဟုတ်)ဟာ…
      .ဘောင် အကျဉ်း/ အကျယ်..စတဲ့ သတ်မှတ်ချက်တွေနဲ့လည်း..မဆိုင် ရေးချ မဆိုင်…

      .လောလောဆယ်တော့ ခရီးမသွားခင်လေး.. အချိန်ရသလောက် ဝင် ပွါးတာ…
      ဆိုတော့… အဲဒီအကြောင်းကိုု….နောက်ပိုင်း ဆက်ဆွေးနွေးချင်သေးတယ်။
      ပိုစ့်တစ်ပုဒ် ခွဲထွက်ပြီးပဲ ဖြစ်ဖြစ်ပေါ့…

      ဒီပိုစ့်ကို သိမ်းထားလိုက်ပြီ။

      😆

      • Courage

        April 9, 2015 at 1:58 pm

        စာပေအနုပညာ (ခံစားမှုအနုပညာ)နဲ့ နေထိုင်ခြင်းအနုပညာ (art of life) ရဲ့ ကွာခြားချက်လို့ ပဲထင်ပါတယ်။ တစ်ကယ်တော့ လွတ်လပ်ခြင်းဆိုတာကိုက သိမ်မွေ့သော အနုပညာ၊ ဖမ်းစားခြင်းဆိုတာကိုက သိမ်မွေ့သော အနုပညာပါ။ ခံစားမှုနဲ့ အနုပညာဆိုတာ ခွဲခြားကြည့်ဖို့တော့ အတော်ခက်ခဲမှာပေါ့

  • lu lu

    April 9, 2015 at 8:36 am

    အစ်မ ပြောပြမှပဲ အနုပညာအကြောင်း နောက်ထပ်တခါ ထပ်သိ
    နားလည် ရပါတယ် လုလု ခံယူ ထားတာက လူတွေဟာ
    အနုပညာနဲ ့ကင်းလွှတ်ပြီးနေလို ့မရ နေလို ့မဖြစ်ဘူး ဆိုတာကိုပါ
    တနေ ့တာ လုံး ပြောဆိုလုပ်ကိုင် ခဲ့သမျှ မှာ တော့တော့များကအနုပညာ ပါဝင်နေတယ် လို ့ထင်ပါတယ်
    စကားပြောကြတဲ့နေရာမှာတောင်တဖက်သူ စိတ်ဝင်စားအောင် ပြော
    နိုင် ရင် ဒါအနုပညာ မြောက်တယ် လို ့ယူဆမိပါတယ်

    အခုလို အစ်မ နဲ ့ပြောဆို ဆွေးနွေး ရလို ့ဂုဏ်ယူ မိပါတယ်
    နောက်ထပ် လည်းအကြံပေးရင်းအားပေးပါဦးလို ့
    :mrgreen:

  • Kaung Kin Pyar

    April 9, 2015 at 9:38 am

    ရန်ဖြစ်တယ်ဆိုတာလဲ တခါတလေတော့ လိုအပ်ပါတယ်…။ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူလို့ ငြင်းခုန်တာ၊ ကိုယ့်ခံစားချက်ကို တဖက်လူသိအောင် ထုတ်ဖော်တာ..။
    တခါတလေ..ဒီလိုရန်ဖြစ်လိုက်လို့….ပိုကောင်းသွားတာ၊ အချင်းချင်း နားလည်သွားတာမျိုး အကောင်းဘက်ကို ပြောင်းလဲသွားတတ်တာ ရှိတယ်…။
    သို့သော်…မချွိပြောသလို…မဆိုင်တဲ့ကိစ္စတွေပါလာရင်တော့…နှစ်ဘက်ဆက်ဆံရေး အဆင်မပြေနိုင်တော့…။ ဒီ Topic နဲ့ ငြင်းရင် ဒီ Topic ကိုပဲ အဓိကထားသင့်တယ်….။ ရှုံးမဲမဲတာ၊ အနိုင်လိုချင်လို့ တခြားအစ ဆွဲထုတ်တာကတော့..ပညာရှိမဆန်ဘူး….၊ အောက်တန်းကျတယ်…
    ရန်ဖြစ်ခြင်းဟာ အနုပညာလို့သတ်မှတ်မယ်ဆိုရင် ကောင်းကင်ပြာတော့ လက်ခံတယ်….။ ဒေါသတကြီး ရန်ဖြစ်နေကြရင်းနဲ့ တဖက်လူ ကိုယ့်စကားနားလည်လက်ခံအောင် အမုန်းမပွားဘဲ ကိုယ်ကပြောနိုင်တယ်၊ ကိုယ်၊ နှုတ်အမူအရာ၊ လေသံကအစ ကျစ်လစ်နိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ခြင်း အနုပညာပဲ…။
    ပြောသာ ပြောရ..၊ ကိုယ်တိုင်တောင် ခုချိန်ထိ မတတ်သေး….

    • lu lu

      April 9, 2015 at 11:16 am

      ရှိတ်လိုက် တော့ ကောင်းကင်ပြာ
      အတွေးအခေါ်ချင်းတူတယ်
      :mrgreen:

  • twitty

    April 9, 2015 at 3:18 pm

    ရန်ဖြစ်ခြင်းကို အနုပညာလို့တော့ ခံစား၍မရပါ။ ငြင်းခုံခြင်းအနုပညာ ဆိုရင်တော့ တင်စားချက်အနေနဲ့ လက်ခံပါတယ်။ ကိုယ်တိုင်ကတော့ ငြင်းခုံခြင်းကို အတတ်ပညာလို့ပဲ သတ်မှတ်ပါတယ်။ ငြင်းခုံခြင်းအတတ်ပညာကို ကျွမ်းကျင်လိမ္မာသူများ လက်ရည်ညီညီနဲ့ ငြင်းခုံကြမယ်ဆိုရင်တော့ အဲဒီငြင်းခုံပွဲတွေဟာ အနုပညာတရပ်လို လှပသွားတတ်ပါတယ်။

  • kai

    April 9, 2015 at 4:28 pm

    အင်း…
    ဒေါသသင့်နေတဲ့ အနုပညာ..။ :k:

    • Alinn Z

      April 9, 2015 at 4:43 pm

      .ဒေါသသင့်တဲ့ အနုပညာက
      အနုပညာထဲက ဒေါသ အငွေ့အသက်ကို
      ခံစားလို့ ရလိုက်ခြင်းမဟုတ်လား

      ရန်ဖြစ်ခြင်းကျတော့ စကတည်းက အနုပညာဖန်တီးခြင်းမဟုတ်ပဲ
      .ဒေါသ စစ်ခင်းတာလေ
      အဲ့ဒီ ဒေါသစစ်ခင်းခြင်းကမှ နက်နက်ရှိုင်းရှိုင်း သိမ်မွေ့စွာနဲ့
      ပညာပါပါ ရန်ဖြစ်ကြတာကို အနုပညာ လို့တော့ တံဆိပ် ဘယ် အကပ်ခံနိုင်မတုန်း

      အနုပညာထဲက ရတဲ့ ဒေါသ အငွေ့က နှစ်သက်ကြည်နှုးမှုဆိုတဲ့
      ရသပိုင်းဆိုင်ရာ သိမှတ် ခံစားမှုတန်ဖိုးကို ရတယ်လေ
      (ဥပမာ စာရေးသူတယောက်က ဒေါသတွေ ဌာန်တွေ မာန်တွေနဲ့ ဒေါသသင့်တဲ့အနုပညာလက်ရာတစ်ခု ဖန်တီးတယ်ဆိုပါစို့)
      (ဒေါသထွက်စရာ ဝတ္ထုတစ်ပုဒ်ကို ဖတ်သူကလည်း ဖတ်ပြီး တောက်တခတ်ခတ်နဲ့ ဒေါသတွေ တထောင်းထောင်းထွက်)
      (ဖတ်သူနဲ့ ရေးသူဟာ ဖတ်နေတုန်းရော ရေးနေတုန်းမှာပါ အနုပညာက ရစေတဲ့ နှစ်သက်ကြည်နှုးမှုကို ရတယ်)
      (ငါဖြင့် ဒီဝတ္ထုဖတ်ပြီး ဟိုအခန်း ဒီအခန်းတွေမှာ ဒေါသ ထွက်လိုက်ရတာ ဆိုပြီး အာသာပြေတောင် ပြန်ပြောဦးမယ်)

      ရန်ဖြစ်ခြင်းကျတော့ အစကထဲက
      အနုပညာပစ္စည်း အနုပညာလက်ရာအဖြစ် ဖန်တီးမှုမှ မဟုတ်တာ

      ဘယ်လောက် ပညာပါတဲ့ ရန်ဖြစ်ခြင်းဖြစ်ပါစေ
      .သေလောက်အောင် လှတဲ့ ရန်ပွဲ ဖြစ်ပါစေဦး
      အနုပညာအရေ လာမခြုံနဲ့။

      .မြဝူးကွ

      :buu:

      • kai

        April 9, 2015 at 4:53 pm

        ဒီနေရာမှာဆိုလိုတဲ့..ဒေါသက.. ကဗျာစပ်ရင်သင့်တဲ့ဒေါသမျိုးပါကိုရင်ရယ်..။
        ရန်ဖြစ်ဆိုတဲ့.. အဓိပ္ပါယ်ကြမ်း… စာလုံးကြမ်းကြီးကို.. အနုပညာဆိုတဲ့စာလုံးလှတဲ့တွဲလို့… သင့်တဲ့.. ဒေါသပါ..။ :k:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 9, 2015 at 5:29 pm

        လာဗြန်​ဘီ ​ဒေါသဂိုဏ်​းသင်​့တဲ့အ​ကြောင်​း
        ငြုပ်​သီးမရှိရင်​ သကြား​ဈေးကျလိမ်​့မယ်​
        ဗီလိန်​မရှိရင်​ မင်​းသားကိုပရိတ်​သတ်​က
        သည်​​လောက်​ချစ်​မှာမဟုတ်​
        ​ဒေါသဂိုဏ်​းမရှိရင်​လည်​း သိမ်​ဂါရ က​ပေါ့ပျက်​ပျက်​ဖြစ်​​နေမှာရယ်​
        ​ပြောဖူးပါတယ်​ ကျုပ်​တို့လူမျိုးက မခံစားတတ်​​သေးတဲ့အနုပညာမူကွဲ​တွေ
        တပုံကြီးကျန်​​သေးတာပါဆို

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 9, 2015 at 5:21 pm

    အနုပညာအ​ကြောင်​း​တော့မ​ဆွေး​နွေးလိုဘူးရယ်​
    ကိုယ်​​တွေက အနုပညာ​ရေခံ​မြေခံ​ကောင်​းခဲ့လွန်​း​တော့
    ဘီယာမူးပြီး လမ်​း​ဘေး​သေးပန်​းမိတာ​တောင်​
    ထန်​းပင်​ပုံ​ရေးထားပါတယ်​ဆိုပြီး အတင်​းလာဝယ်​​နေကြတာရယ်​

    အားဟိ

  • ဝင့်ပြုံးမြင့်

    April 9, 2015 at 9:51 pm

    အလင်းဆက် says: အနုပညာရဲ့ သဘောသဘာဝမှာကိုက… ဘယ်အရာနဲ့မှ ရောနှောသတ်မှတ်မှု မရှိတဲ့ သီးသန့် တန်ဖိုးတည်ရှိလာပြီးသား…
    .အနုပညာ ဖန်တီးမှု/ခံစားမှုဆိုင်ရာ ကိစ္စရပ်တွေဟာ…
    ဘယ်အကြောင်းကြောင့် ဘယ်အကျိုးကို လိုလားပြီး ဘယ်စနစ်နဲ့ ဘယ်ပုံဘယ်နည်း ဖော်ပြတယ်ဆိုတဲ့
    သတ်မှတ်ချက်တွေ…စည်း / မျဉ်း / ဘောင် / ခွင် တွေ….တဝုန်းဝုန်းလဲပြိုသွားပါပြီ။

    —-
    .အဲဒါတွေ အမ သိတယ်နော် အလင်းဆက်။ အခု အလင်းဆက် ပြောတာက ပို့စ်မော်ဒန် သဘောတရားဖြစ်နေတယ်။ အမက သာမန် common sense လောက်ကိုပဲ ပြောတာပါ။
    လူ့ဘဝဟာ ပုံသဏ္ဍာန်မဲ့တယ်။ အဲဒါကို အနုပညာသမားက ပုံသဏ္ဍာန် ဖွဲ့တည်ပေးလိုက်တယ်။ အဲဒီအခါ စားစားသွားသွား၊ ဒေါသထွက် ရန်ဖြစ် ငြင်းခုန် လို နိစ္စဓူဝ ကိစ္စတွေကို အနုပညာစာရင်းသွင်းတော့ အနုပညာသည်စစ်စစ်တွေ တန်ဖိုးကျကုန်တာပေါ့ကွယ်။ တကယ်တော့ အနုပညာဆိုတာ ပါရမီပါမှ ဖြစ်တာပါ။ ဒေါက်တာဘွဲ့ရထားတဲ့လူကလည်း စာတစ်ပုဒ်ကို မျက်ရည်ကျအောင် မရေးတတ်ပါဘူး။ လေးတန်းအောင်သမားတစ်ယောက်ကလည်း အသည်းတဖိုဖို ရင်တဖိုဖို သိုင်းဝတ္တု တွေ ရေးတတ်ပါတယ်။ ဒါကြောင့် အနုပညာသမားဆိုတာ ပါရမီပါမှ ဖြစ်တာ။ ဒါကိုပဲ ခပ်ဆန်းဆန်းလေး ပြောလိုက်တော့
    အနုပညာရဲ့ သဘောသဘာဝမှာကိုက… ဘယ်အရာနဲ့မှ ရောနှောသတ်မှတ်မှု မရှိတဲ့ သီးသန့် တန်ဖိုးတည်ရှိလာပြီးသား… လို့ အဖြေထွက်သွားတာပေါ့။
    .ချ ု ပ်ပြောရရင် အလင်းဆက်နဲ့ ဒီနေရာမှာ သဘောချင်းတူပါတယ်။ ရန်ဖြစ်တာ၊ ငြင်းခုန်တာကို အနုပညာ စာရင်းထဲ သွင်းကိုမသွင်း၊ အဲလေ…. မသွင်းရေးချ မသွင်း ။

  • မြစပဲရိုး

    April 13, 2015 at 1:57 pm

    “ရန်ဖြစ်ခြင်း အနုပညာ” မှာ ငြင်း နေတာ အားရ စရာဘဲ။
    “ရန်ဖြစ်ခြင်း”ရဲ့ အဓိပ္ပါယ် နဲ့ “အနုပညာ” ရဲ့ အဓိပ္ပါယ် ကို ဖွင့်တာ ခြင်း မတူ ကြလို့ လို့ ဘဲ ထင်ရဲ့။
    အဓိပ္ပါယ် ကို ဖွင့်တာ ခြင်း မတူဘဲ ငြင်း နေမိရင်တော့ ဝင်္ကဘာထဲ က ထွက်တော့ မှာ မဟုတ် တာတော့ သေချာတယ်။
    ပုံ
    အငြဉ်း ကဝိ ထိပ်ခေါင်
    lol:-)))))))))))

    • lu lu

      April 15, 2015 at 10:11 am

      :mrgreen:
      တခါတလေ ငြင်းခုန်နေရတာလည်း စိတ်ဝင်စားဖို ့ကောင်းတယ်

  • uncle gyi

    April 14, 2015 at 10:07 pm

    ရန်ဖြစ်ပါတယ်ဆိုမှဒေါသနဲ့အတ္တမပါပဲရန်ဖြစ်ဖို့သိပ်မရှိ
    ဒေါသနဲ့အတ္တလျော့ပြီးရန်ဖြစ်နိုင်ပြီဆိုကတည်းက
    ကိုယ့်စိတ်က်ိုယ်နိုင်တဲ့သူဖြစ်ဖို့များနေပြီ
    အဲလိုလူကလဲရန်ဖြစ်ဖို့ဆိုတာအတော်နည်းနေပြီ
    အတော်တော့ဆန့်ကျင်ဖက်ဖြစ်နေတဲ့အရာ

    • lu lu

      April 15, 2015 at 10:17 am

      ပြောရမယ်ဆိုရင် ခုတလော
      ဆန် ့ကျင်ဖက် တွေကို စိတ်ဝင်စားနေမိတာအမှန်
      ဆန် ့ကျင်ဖက် အရောင် တွဲကိုတွဲဝတ်တာ
      ဆန် ့ကျင်ဖက်စကားလုံးကိုတွဲသုံးတာ
      ဆန် ့ကျင်ဖက် အတွေးတွေ ကို ဖွင့် ပြရတာ
      . . . 😆

      • kai

        April 15, 2015 at 3:05 pm

        ကောင်လေးတွေကို စိတ်ဝင်စားနေပါတယ်လို့.. တန်းပြောလည်း..ရပါတယ်ကွယ်..။
        ကဲ.. ကောင်လေးတွေ.. :kwi:

        • lu lu

          April 17, 2015 at 8:18 pm

          တိန်! !
          အဲ့ ဆန် ့ကျင်ဖက်တော့ စိတ်မဝင်စားသေးတာအမှန်
          :kwi:

  • ဦးကြောင်ကြီး

    April 17, 2015 at 11:25 am

    ၄မဂလု တွေးဆပြု ဖေးမခရု ဝေးစွရှု..

  • padonmar

    April 18, 2015 at 9:45 am

    ကြောက်တတ်တယ်။ ရန်မဖြစ်ရဲဘူး။

  • kai

    April 19, 2015 at 3:34 am

    တောင်းပန်ကျေအေး… ဆိုတာကို… ဖွင့်ပြတဲ့… ဗီဒီယိုလေးပါ..။
    အဲဒီမှာ.. ဥပဒေကဘယ်လိုသက်ရောက်နေသလည်း… ကလေးတွေကိုဘယ်လိုဆုံးမရသလည်း.. မြင်ရမယ်…။
    အနုပညာနဲ့.. ပညာပေးထားတာပါလို့…။

    အရမ်းကောင်းတဲ့ Video လေးပါကလေးတွေ ကိုဘယ်လို ပုံစံနဲ့ဆုံးမ သွန်သင်ရလည်း ၊ရိုက်ပြီးဆုံးမ လိုက်ယုံနဲ့ သူ့စိတ်ထဲမှာ အဲ့လိုအသိစိတ်ဓါတ် ဝင်သွားမှာမဟုတ်ပါဘူး ၊ နောက်တစ်ခုက မိဘတွေ ဆုံးမနေတဲ့အချိန် မှာ တစ်ယောက်ယောက်က ချစ်လို့ ဘဲဖြစ်စေ ဝင် ပြောလိုက်မယ်ဆိုရင် လည်း မဖြစ်သေးပါဘူး။မိဘတွေကိုယ်တိုင်ကလည်း ကိုယ်ဖြစ်စေချင်တာကို လုပ်ယူပေးဖို့လိုပါတယ်။ပတ်ဝန်းကျင် ကလည်း ကလေးတွေကို သူတို့မိဘတွေဆုံးမတာ ကိုလက်ခံပေးဖို့ပါ ၊ကြည့်ဖြစ်အောင်တော့ ကြည့်လိုက်ပါအုံးဗျာ…..(မိတ်ဆွေ တစ်ယောက်ဆီက ပြန် Share တာပါ)

    Posted by Zaw Latt on Tuesday, May 20, 2014

    https://www.facebook.com/mzawzawlatt/videos/681829098519097/

  • Mr. MarGa

    April 20, 2015 at 9:00 am

    ရန်ဖြစ်​တတ်​တယ် (ပါးစပ်​နဲ့ စာသားနဲ့)
    ခုနောက်​ပိုင်း လိုင်းပေါ်​မှာ ပျင်းရင် ခြေကန်ငြင်းတယ်
    တစ်​ရက်​တစ်လေ ပျင်းရင် ကွန်​မန့်လေးဘာလေး လာပေးပေါ့
    ရန်ဖြစ်ကြရ​အောင်လေ :k:

  • မြစပဲရိုး

    June 19, 2016 at 7:44 pm

    martial arts ဆိုတာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ ပညာ (kickboxing၊ ဂျူဒို၊ ကရာတေး စသဖြင့်) ကို လက်တင် စကားယူပြီး တင်စားခေါ်တာပြောတာဘဲ။
    တစ်ချို့ က fighting arts လို့ ခေါ်သင့်တယ်တဲ့။
    ဒီတော့ ဒီ အနုပညာ လို သဘော အကြောင်း ကို နားလည်ပြီး ပြောဆိုခဲ့ဘူးတဲ့ လုလု က တစ်ခုခု ဆို အလွယ်စိတ်ပျက်လွယ် သူ မဟုတ်မှန်း သိပါတယ်ကွယ်။
    မှန်တာ ကို ပြောဆိုခဲ့တာလို့ ကိုယ့်ကိုယ်ကို ယုံကြည်နေမျှ ရှေ့ဆက်တိုးဖို့ သာလုပ်ပါလေ။
    ဘာလို့ နောက်ပြန်ဆုတ်ရမတဲ့တုန်း သမီးရယ်။

  • Thint Aye Yeik

    June 20, 2016 at 8:42 am

    ဗျို့ သူကြီး
    ဒီပိုစ့် ဖျက်ပေးတော့မယ်ဆိုရင် ပို့စ်ထဲက စာသားတွေရယ်။ ပိုစ့်ရေးသူရဲ့ ကွန်မန့်တွေရယ်ကိုပဲ ဖျက်နော့
    အဲ ကွန်မန့်တွေထဲက ဦးကြောင်ရဲ့ကွန်မန့်လည်း ဖျက်ပေါ့။ သူလည်း ဖျက်ခိုင်းနေတာကိုးးး
    :k:

    ကျန်တဲ့ ကွန်မန့်တွေကိုတော့ မဖျက်ပါနဲ့။
    အဲ့အချိန်တုန်းက အဲ့အယူအဆကို ကိုင်စွဲပြီး
    အနုပညာဘက်က အဲ့လို ရပ်တည် ဆွေးနွေး ငြင်းခုန်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းးးး
    ဒီရွာထဲတစ်နေရာမှာ မှတ်တမ်းချန်ထားတာ
    တမင်

    😆

Leave a Reply