True FaithJune 10, 20101min2272
ရေးသူ – မင်းဟန် အပိုင်း (၁) ကို ဒိနေရာတွင် ဖတ်ရှုနိုင်ပါသည်။ အခန်း (၄) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှင်သန် နေထိုင်ခဲ့ရသည့်ကာလက …. တိုတိုကျဉ်းကျဉ်းလေးသာဖြစ်သည်။တိတိပပ တွက်စစ်ပါမူ ….. စုစုပေါင်း ၂၅ လမျှသာ….။ ဤမျှတိုတောင်းသော အချိန်လေးများကိုပင် ပြည့်ပြည့်ဝဝ အတူနေခဲ့ကြရခြင်း မဟုတ်ခဲ့…။ ဗမာ့တပ်မတော်အား အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် ဗိုလ်ချုပ်ကြီးမောင့်ဘတ်တန်နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်သည် သီရီလင်္ကာနိုင်ငံသို့ သွားရ၏။ ရန်ကုန်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်၏။ ဗိုလ်ချုပ်၏ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော ပါကြ၏။ နိုင်ငံရေးခေါင်းဆောင်များမှ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးညိုထွန်းနှင့် စောဘဦးကြီး […]