Maung YuGhan SDYJuly 7, 20121min1697
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်လို့ အမည်တတ်ခေါ်ရခြင်းကို ဦးစွာရှင်းပါမယ် ဒါကဂုဏ်ယူလေးစားစွာခေါ်တာပါ ဘာကိုဂုဏ်ပြုတာလဲဆိုတော့အောင်ဆန်း ဒီလိုပုဂ္ဂိုလ် ကျွန်တော်တို့တိုင်းပြည်မှာ တခေတ်တယောက်မပြောနဲ့နောင်ခေတ်အဆက်ဆက်မှာလဲ ကျွန်တော်တို့ရှာပါ သံကိုထမင်းလုပ်ပြီးရှာရင်တောင် သံထမင်းသိုးပါမယ် ရှာလို့မတွေ့နိုင်ပါဘူးဒါကြောင့် ပြည်ချစ်ခေါင်းဆောင်ဦးအောင်ဆန်း၏ အမည်မို့လို့ဂုဏ်ယူလေးစားစွာခေါ်ပါတယ်။ စု ဒါလဲရှင်းပါတယ် အာဇာနည်သားကောင်းကိူမွေးဖွားခဲ့တဲ့မိခင်ကြီးဒေါ်စုကိုဂုဏ်ပြုပြီးတော့ခေါ်ပါတယ် ကြည်ဆိုတာကလဲ အာဇာနည်ယောကျင်္ားရဲ့ပါရမီဖြည့်ဖက်ဇနီးကောင်းတဦးဖြစ်တဲ့ဒေါ်ခင်ကြည်ကိုဂုဏ်ပြုပြီးခေါ်ပါတယ် အခု ဒေါ်အောင်ဆန်းစုကြည်ကို 7julyအမှတ်တရ ကဗျာတပုဒ်လက်ဆောင်ပါးချင်ပါတယ် ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး ကျွန်တော်အလွန်နှစ်ခြိုက်လို့သိမ်းတားတဲ့ ကဗျာပါ ဒီကဗျာရဲ့ ကဗျာရှင်ကတော့ မောင်လူလှ(ဥပဒေ)ပါ ဒီကဗျာရဲ့စိတ်ဓါတ်မျိုးဟာ 1930ခုနှစ်ကစလို့ ဒီကနေ့ချိန်ထိ ဘယ်အာဏာရဲ့ မတရားမှုကိုမဆို တွန်းလှန်တဲ့နေရာမှာ ခိုင်ခံ့တည်မြဲတဲ့စိတ်ဓါတ်နဲ့မူကို ဆုပ်ကိုင်ထားပြီးတိုင်းပြည်နဲ့လူမျိုးအတွက်စွန့်လွှတ်စွန့်စားတဲ့စိတ်မျိုးဟာ အာဇာနည်ဦးအောင်ဆန်း နဲ့ကျောင်းသားအာဇာနည်အပေါင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်မှာလဲတွေ့ရတဲ့အတွက် ဤကဗျာလေးကို လက်ဆောင်အဖြစ်ဝေမျှခြင်းဖြစ်ပါတယ် ကဗျာလေးက “မူနှင့်လူ” ကျွမ်းကျင် ကြိုးစား ရိုးသား ဖြောင့်မတ် မပြတ် လုံ့လ ဝီရိယ ဇွဲ စဉ်ခိုင်မြဲသူ […]


fattyAugust 19, 20111min37822
သတင်းကြေငြာချိန် ခန့်မှန်းချေ စက္ကန့် ၃ဝ လောက်ဘဲဆိုတော့ ကဗျာကယာ ဘိုသီဘတ်သီ ဂျွန်းပစ်ပြီးရိုက်လိုက်ရပါတယ်။ မှတ်တမ်းလေးပါ။ ပုံကိုလည်းချုံ့ပြီး ထည့်ရတာဆိုတော့ ပြတ်တဲ့နေရာပြတ်ကျန်ခဲ့ပါတယ် ..။