ကုိ ထြဋ္July 29, 20142min32116
အခုလို မိုးရာသီလေးမှာဆို.. ပုဇွန်တို့.. ကဏန်းတို့က… ပေါမှပေါရယ်… ချက်ရလွယ် စားလို့ကောင်း… ဈေးလည်းနည်းပါတယ်… နည်းနည်းဆိုပေမဲ့.. ထမင်းလေးနဲ့ မြုပ်စားတာလေ… မိန်းမလဲ ကြိုက်တယ်.. ကျွန်တော်လဲ ကြိုက်တယ် ပုဇွန်ဆီဟင်း… ဆိမ့်တယ်ဗျ… နောက်များမှ မြိတ်ကော်ပြန့်လုပ်စားရင် ပုဇွန်ဆီသုံးနည်း ထပ်ပြပေးမယ်… ဒီအစီအစဉ်လေးက ဘယ်လို ရှိမယ်တော့ မသိတော့ဘူး.. ဇီဇီတို့နဲ့ ထမင်းဆိုင်ဖွင့်ဖို့ ပြောထားတော့… အဲအတွက် လုံးပန်းရဦးမယ်… ဟဲ.. ကြားဖြတ်အနေနဲ့တော့ လာချင်လာဦးမှာပါ… ဒါလေးက စကားချီးပေါ့… စချက်မယ် ဆိုတော့ လိုတာလေးတွေ ပြောရမယ်… ပုဇွန်ဆီက     ၂ဝ သားလောက်ဆို ရပြီ… ၁၅၀ဝ လောက်ပဲ ကျတယ်… ကြက်သွန်ဖြူက     အမွှာကြီး ၃ မွှာလောက်…. ကြက်သွန်နီ         အလုံးကြီး ၃ လုံး… အောက်က […]


ကုိ ထြဋ္July 24, 20141min31416
ဒီတခေါက်ကတော့ အစီအစဉ်သစ်လေး… မိန်းမရယ် ကျွန်တော်ရယ် ချက်စားတဲ့ထဲက မထူးတထူး… မဆန်းတဆန်းပေါ့… ဘာလို့ဆိုတော့ နေ့စဉ်စားနေကျပဲလေ… အိမ်မှာက ဟင်းချက်တော့စားတယ်… အမေချက်တာကို စားတာ ပိုများတယ်… ကိုယ့်ဘာသာချက်မယ်ဆိုရင်တော့လဲ စိတ်ကြိုက် ကောင်းကောင်းလေးချက်စားကြတယ်… ကဲ.. လေဖောတာများပြီ… စချက်ကြမယ်…   ကြက်သားငါးပိချက် ပါဝင်ပစ္စည်းများ ကြက်သား         ၂၅ ကျပ်သားလောက် အရောင်တင်မှုန့် ထမင်းစားဇွန်း မပြည့်တပြည့် တဇွန်း ကြက်သွန်နီ        ဥကြီး ၂ ဥ ကြက်သွန်ဖြူ       အမြွာကြီး ၄ မွှာ ဂျင်း                     လက်ညှိုးတဆစ်စာလောက် ပဲပုပ်                   ၃ ပြား ဆီ                      ရ ကျပ်ခွဲသား ဆား၊ အချိုမှုန့်  တိုင်းတဲ့ထည့်ရန် ငါးပိ                   ထမင်းစားဇွန်း ၂ ဇွန်း (ငရုတ်သီးစိမ်း ၊ […]