ကို သာSeptember 11, 20121min1474
အင်တာနက်စနစ်ကိုယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှအပ်နှံသည့် outsourcing လုပ်ငန်းများကို ပြည်တွင်းမှလုပ်ကိုင်ကြရန်လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းကပြောသည်။ယခုလ ရ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ခြင်း ဖြစ်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီး၌ လုပ်ကိုင်ဆောင်ရွက်နေသူများကို အင်တာနက်စနစ်နှင့်ပတ်သက်၍တာဝန်ယူမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ““ကျွန်တော်တို့ဘက်က အင်တာနက်ကိုတာဝန်ယူရမှာပါ။ ထို့အတူ ခင်ဗျားတို့ကလည်း အင်တာနက်ပေါ်ကနေ outsourcing ကို ယုံကြည်စိတ်ချစွာ နဲ့ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားမှအပ်တဲ့လုပ်ငန်းများကိုလုပ်ကြ။ ကျွန်တော်တို့ဘက်က ချို့ယွင်းရင်လျော်မယ်။ စာချုပ်ပါ။ ဒါကလုပ်ငန်းသဘောပေါ့။ ဒီဘက် ကချို့ယွင်းတဲ့လူက လျော်ကြေးပဲ။ ကျွန်တော်တို့ဘက်က ခင်ဗျားတို့ဆီက အင်တာနက်ငှားရမ်းခဆိုပြီး ပိုက်ဆံယူထားပြီးပြီ။ ပိုက်ဆံယူထားတာ ကို Good Service ပေးရမှာပေါ့။ […]


မောင် ပေNovember 17, 20111min28720
မင်းထိုက်စိုး တစ်ယောက် အဆောင်ရှိ သူ ့အခန်းထဲတွင် ထိုင်ကာ ဝတ္ထုစာအုပ်များကို သည်းကြီး မဲကြီး ဖတ်နေလေသည် ။ သူဖတ်နေသည့် စာအုပ်များကို ကြည့်လိုက်မည် ဆိုလျှင် ၊ “ မူကြို အေမင်းအောင် ” ၏ “တီနိုင်ဓါးနှင့် စုံလုံးကန်းဖိုးချစ်” ၊ တိဘက်ပြန်တင်စိန် ၏ “ နှစ်တစ်သောင်းအတွင်းအားသိုင်း ” စသည့် သိုင်းဝတ္ထုများ ဖြစ်နေသည်ကို တွေ ့မြင်ရမည် ဖြစ်သည် ။ စာဖတ်ရမှာ ဝါသနာမပါသော ၊ စာဖတ်ပျင်းသော မင်းထိုက်စိုး အား စာဖတ်ချင်စိတ်ဖြစ်အောင် ပေါ်ပေါက်စေသော အကြောင်းအရင်းကို ပြန်ဆန်းစစ်သော်..မင်းထိုက်စိုး ၏ ရည်းစား ဝေဝေတင်မြင့် ပေါ်တွင် မြစ်ဖျားခံလာသည် ။ ဟုတ်သည် ။ မနေ […]