မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်။ မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်…………….. ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။ သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။ လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ.. သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။ တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။ “ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။ ……………………………………… တကယ်တော့………………………. သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။ …………………………………………… (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ “အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။ …………………………………………………… ရင်နှင့်ရင်း၍ အောင်မိုးသူ