kaiFebruary 22, 20111min35711
ဖြစ်ပုံက ဤသို့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသို့ (၂၀၀၇) နှစ်ဦးပိုင်းကစပြီး တဖွဲဖွဲရောက်လာကြသော မြန်မာတိုင်းရင်းသားပြောင်းခိုသူများ ထဲတွင် “နွမ်” (“နွမ်” လို့ဘဲအမည်တပ်ပါရစေ။) တယောက်လဲသူ့မိသားစု နှင့်အတူအပါအဝင်ဖြစ်သည်။ တနေ့ “နွမ်” ၏ခေါင်းတွင်ဖူးယောင်နေသောညိုမဲဒါဏ်ရာကို ဆရာမလုပ်သူကမေးမြန်းရာ ကလေးကသူ့အဖေခေါင်းခေါက်၍ဟု ပြီးစလွယ်ဘဲအဖြေပေးလိုက်သည်။ ဆရာမက ကလေးကိုလက်ဆွဲပြီး ရုံးခမ်းရှိသူနာပြုထံပြရုံမက သက်ဆိုင်ရာ ကလေးသူငယ်ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနသို့ အကြောင်းကြားရတော့သည်၊ နေ့ချင်းပင်အဆိုပါဌာနမှ အရာရှိများသာမက၊ နောက်ရဲဌာနကပါ ပါလာသည်။ အဖေလုပ်သူကလဲ စိတ်လိုက်မာန်ပါလုပ်လိုက်သည်ကားအမှန်ဖြစ်သည်။ သည်လိုဘဲလက်လွယ်လွယ်နှင့်ထိပ်ခေါက်တင်ပါးကိုရိုက်သည့်စရိုက်က မြန်မာမိဘတွေမှာအနဲနှင့်အများ ရှိကြသည်ကားအများအသိပင်။ မိဘကလည်းငိုမတတ်ဖြစ်ကြရုံမက၊ မပြောဆိုတတ်၊ ဘာသာပြန်ပေးမည့်သူ မရှိဖြစ်တော့၊ နောက်ဆုံးမောင်မိုးညိုကိုခေါ်သဖြင့် သွားဖြေရှင်းရပါတော့သည်။ အမှိုက်ကစပြဿာဒ ်မီး လောင်ချေပြီ။ ကျွမ်းကျင်သူရှုထောင့်ကကြည့်လျင် တမင်လုပ်သောလက်ချက်ဆိုသည်ကားပြေးမလွတ်တော့။ အမှန်ပြောရလျင် ကလေးနှင့်မိဘကြား ရှိခဲ့သောပြသနာကား ခုမှမဟုတ်။ ငယ်စဉ်ကတည်းကဟု နီးစပ်သူတို့ကဆိုကြသည်။ လက်မြန်သောမိဘ နှင့် မဟုတ်မခံပြန်ပြောတတ်သော […]