ေမွာ္ဆရာNovember 16, 20111min22418
ဒီပိုစ့်ကိုရေးရတဲ့ အကြောင်းမှာ ဒီမိုကရေစီ တို့ လူ့အခွင့်အရေးတို အော်သံတွေ သောသောညံနေတဲ့ မန္တလေးဂဇက်မှာ လိင်တူချစ်သူများအား ကန့်ကွက်သောသူများဟာ လူ့အခွင့်အရေး ပိတ်ပင်မှုနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသောကြောင့် ဖြစ်ပေသည်။ ဒီလိုကိစ္စတွေကြောင့် ကျွန်တော် လေးစားခဲ့ရတဲ့ မိန်းမလျှာတစ်ဦးအကြောင်း တင်ပြချင်မိသည် ။ သူ့နာမည်က ဆိုပါတော့ ရာရား လို့ပဲမှတ်ထားကြပါ။သူတကယ်ရှိတယ်လို့လဲ သိထားကြပါ။ဖြစ်ရပ်မှန် လေးပေါ့ .. သိကြတဲ့အတိုင်း မှော်ဆရာက ဓါတ်ပုံဆရာပါ ။ ဓါတ်ပုံဆရာ ရဲ့ ပါတနာက မိတ်ကပ်ဆရာပါ။ဓါတ်ပုံဆရာ နာမည်တက်ဖို့ မိတ်ကပ်ဆရာကို အားကိုးရသလို မိတ်ကပ်ဆရာနာမည်တက်ဖို့ ဓါတ်ပုံဆရာက အရေးပါပြန်ပါတယ်။ မိတ်ကပ်မကောင်းရင် ဘယ်လိုရိုက်ရိုက် မလှနှိုင်သလို ကင်မရာဆရာညံ့ရင်လဲ မိတ်ကပ်ဆရာ နာမည်ကောင်းမရပြန်၊ ဓါတ်ပုံထဲမှာ သူတို့သမီးက လှမှမလှတာကိုး..။ဒါကြောင့် မိတ်ကပ်ဆရာနဲ့ ဓါတ်ပုံဆရာဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ […]