မှော်ဆရာ လေးစားမိသော မိန်းမလျှာ တစ်ဦး

ေမွာ္ဆရာNovember 16, 20111min15818

ဒီပိုစ့်ကိုရေးရတဲ့ အကြောင်းမှာ ဒီမိုကရေစီ တို့ လူ့အခွင့်အရေးတို အော်သံတွေ သောသောညံနေတဲ့ မန္တလေးဂဇက်မှာ လိင်တူချစ်သူများအား ကန့်ကွက်သောသူများဟာ လူ့အခွင့်အရေး ပိတ်ပင်မှုနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသောကြောင့် ဖြစ်ပေသည်။
ဒီလိုကိစ္စတွေကြောင့် ကျွန်တော် လေးစားခဲ့ရတဲ့ မိန်းမလျှာတစ်ဦးအကြောင်း တင်ပြချင်မိသည် ။ သူ့နာမည်က ဆိုပါတော့ ရာရား လို့ပဲမှတ်ထားကြပါ။သူတကယ်ရှိတယ်လို့လဲ သိထားကြပါ။ဖြစ်ရပ်မှန် လေးပေါ့ ..
သိကြတဲ့အတိုင်း မှော်ဆရာက ဓါတ်ပုံဆရာပါ ။ ဓါတ်ပုံဆရာ ရဲ့ ပါတနာက မိတ်ကပ်ဆရာပါ။ဓါတ်ပုံဆရာ နာမည်တက်ဖို့ မိတ်ကပ်ဆရာကို အားကိုးရသလို မိတ်ကပ်ဆရာနာမည်တက်ဖို့ ဓါတ်ပုံဆရာက အရေးပါပြန်ပါတယ်။ မိတ်ကပ်မကောင်းရင် ဘယ်လိုရိုက်ရိုက် မလှနှိုင်သလို ကင်မရာဆရာညံ့ရင်လဲ မိတ်ကပ်ဆရာ နာမည်ကောင်းမရပြန်၊ ဓါတ်ပုံထဲမှာ သူတို့သမီးက လှမှမလှတာကိုး..။ဒါကြောင့် မိတ်ကပ်ဆရာနဲ့ ဓါတ်ပုံဆရာဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပါပဲ…။
အဲ ရာရားက မိတ်ကပ်ဆရာပါ။ သူ့က ပွင့်ပွင့်လင်းလင်းပြောရရင် အခြောက်ပေါ့။လိင်တူချစ်သူလို့တော့ မသုံးချင်ဘူး။ဘာလို့ဆိုတာ နောက်ကျသိလာပါလိမ့်မယ်။မိန်းမစိတ်ပေါက်နေသောယောကျင်္ား သို့ မိန်းမလျှာလို့ပဲသုံးချင်ပါတယ်…။သူက ကျွန်တော်တို့မြို့က မဟုတ်ပေမယ့် ကျွန်တော်တို့မြို့ရဲ့ ဒိတ်ဒိတ်ကျဲမင်္ဂလာဆောင်ဆို သူ့မပါ မပြီးပါပဲ ။ နောက်ဆုံး တောကျိုအုံကြားအထိ သူ့ကို အားပေးကြတယ် ။ အားပေးလောက်အောင်လဲ သူ့ပညာက တော်တယ်။ စေတနာပါတယ်။ ပစ္စည်းကောင်းသုံးတယ်။ နောက် လူတစ်ယောက်ချင်းကို လိုက်ဖက်အောင် လိမ်းပေးနှိုင်တယ်။ ဘယ်ပွဲဖြစ်ဖြစ် ရာရားလက်ရာဆိုရင် ထင်းခနဲနေအောင်ကို သူ့လက်ရာက ထူးခြားပါတယ်။
ကျွန်တော် သူမိတ်ကပ်လိမ်းတဲ့ ပွဲတော်တော်များများကို ရိုက်ပေးခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ အေးအေးဆေးဆေး စကားမပြောဖြစ်ခဲ့ပါ။ ဘာကြောင့်ဆိုတော့ သူအလုပ်လုပ်တဲ့အချိန်မှာ တခြားသူကို သူက စကားမပြောတာတစ်ကြောင်း ၊ ကျွန်တော်ကိုယ်တိုင်ကလဲ ကိုယ့်အလုပ်ပဲကိုယ်လုပ်တဲ့လူဖြစ်နေတာတကြောင်း ပါပါတယ် ။
လွန်ခဲ့တဲ့ လမှာရိုက်ခဲ့ရတဲ့ မင်္ဂလာဆောင်မှာတော့ သူနဲ့ စကားပြောခွင့်ကြုံခဲ့တယ်။ဒါကြောင့် သူ့အကြောင်းကိုလဲ စုံလင်အောင်သိခဲ့ရတယ်…။
ရာရားက မွေးချင်းလေးယောက်ထဲမှာ အငယ်ဆုံးပါ။သူ့အထက်က အမတွေကြီးပဲ။အမတွေက ထဲက သနပ်ခါးလိမ်းပေး ၊ ဂါဝန်လေးဝတ်ပေးနဲ့ ငယ်ငယ်ထဲက သူ့ကို မိန်းကလေးလိုဆင်ခဲ့တော့ သူူ မိန်းကလေးစိတ်ပေါက်သွားတာ မဆန်းပါဘူး ။ဒါပေမယ့် တကယ်ကို ကိန္ဒြေသိက္ခာရှိရှိ မိန်းကလေးလို သူနေပါတယ်။သူမသိတဲ့ ယောကျင်္ားလေးဆို သူစကားမပြောဘူး။သူအလုပ်လုပ်ရင်လဲ တည်တည်ငြိမ်ငြိမ်နဲ့ ။ နေထိုင်တာ ပိပိပြားပြား ၊ နောက်ဆုံး ဟေးလားဝါးလားတောင် မနေပါဘူး။ဒါကြောင့် ယောကျင်္ားလေးတွေကလဲ သူ့ဆို မနောက်ရဲကြဘူး။ဟိုဟာ ဒီဟာ ဇတ်လမ်းစဖို့ ဆိုတာ ဝေလာဝေးပေါ့။ ကုန်ကုန်ပြောမယ်ဗျာ … သူက မိန်းကလေးနဲ့ မတူတာကတော့ ဟိုနေရာ တစ်နေရာထဲပဲ ကျန်တော့တယ်ထင်တယ်။မိန်းကလေးတစ်ယောက်အတိုင်း ဝတ်စားဆင်ယင်တယ်။ မိန်းကလေးတစ်ယောက်ရှိရမယ့် ယဉ်ကျေးမှုမျိုးရှိတယ်။စောင့်စည်းမှုမျိုး ရှိတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် မိန်းကလေးတစ်ယောက်နဲ့ စကားပြောသလိုမျိုးပဲ လေးလေးစားစား စကားပြောခဲ့ပါတယ်။
နောက် သူ့ကို လေးစားမိတာ တစ်နေရာ ရှိပါသေးတယ်။ သူမိတ်ကပ်လိမ်းတဲ့ပွဲတစ်ပွဲမှာ ကျွန်တော် ဗီဒီယို ရိုက်တော့ ရိုက်ရင်းတန်းလန်း ဓါတ်ခဲကုန်လို့ ကျွန်တော် အိမ်ပေါ်တက်ယူတော့ ရာရား ဘာလုပ်နေတယ် ထင်ပါသနည်း ။ တဘက်ကလေး ပခုံးပေါ်တင်ပြိးတော့ ရိုရိုသေသေ ဘုရားရှိခိုးနေပါသည် ခင်ဗျား…။မနက်အစောကြီးသူထပြီးတော့ မိတ်ကပ်လိမ်းတာ ငါးနာရီကျော်မှ ပြီးသည်။ နောက် သူတို့သမီး ဓါတ်ပုံရိုက်တော့ လက်ကိုင်ပန်း လဲပေး ၊ ချွေးထွက်တာ တို့ပေးနဲ့ သူ မနက်ရှစ်နာရီလောက်မှ အနားရဟန်တူသည်။ ဆူညံသော မင်္ဂလာဆောင်အိမ်မှ ဆောင်းဘောက်သံကို မသိဟန်ဆောင်၍ အိမ်ပေါ်ထပ်မှာ သူတစ်ယောက်ထဲ ဘုရားရှိခိုးနေသည်။ လူတွေများတဲ့ မင်္ဂလာဆောင်အိမ်အောက်ထပ်မှာ သူဆင်းမနေ ။ သူလုပ်နေကြ ဘုရားဝတ်ပြုခြင်းကို အချိန်လေးရခိုက် သူလုပ်ဟန်တူသည်။ထိုကဲ့သို့လဲ ဘုရားတရားကို လေးစားသည့် ရားရားပါ..။
နောက်ပိုင်းသူ့ကို မေးမိသည်။ ရသမျှပိုက်ဆံ ဘာလုပ်ပါသလဲဆိုတော့ အမေ့ကို အကုန်အပ်ပါသည်တဲ့ ။ ဟုတ်လဲဟုတ်သည်။ရာရာအမေကိုယ်တိုင်က ပြောသည်။သူ့လိုသမီးမျိုး မွေးရတာ တန်သည်တဲ့။ဂုဏ်လဲ ယူသည်တဲ့။ရာရားရဲ့ မိတ်ကပ်ပြင်ခက တစ်ပွဲကို ရှစ်သောင်းယူသည်..ရာသီတစ်ရာသီဆိုလျှင် အနဲဆုံး ရားရားတို့ အနဲဆုံး သိန်းလေးဆယ်ကျော် ပိုက်မိသည်။ထိုပိုက်ဆံဖြင့် အလှူကြီးသည်မှာပင် နှစ်ခါရှိခဲ့လေပြီ …။ရားရား၏ လုပ်အားခ ချွေးနဲစာဖြင့် လှူဒါန်းသော အလှူပွဲကြီးမှာ ပန်းရောင် ချိတ်ထမီဖြင့် ရိုးရိုးယဉ်ယဉ်လှနေသော အခြောက်မလေး ရားရားကို ယခုထက်တိုင် မြင်ယောင်မိနေသေးသည်။သူ့အမေ မွေးရကျိုးနပ်လေစွ …
ဒီလောက်ဆို သဘောပေါက်လောက်ပေပြီ။လူလေးစားခံရခြင်း မလေးစားခံရခြင်းသည် မူနဲ့မဆိုင် လူနဲ့သာ ဆိုင်ပေသည်။လူလေးစားအောင်နေလျှင် လူလေးစားပေလိမ့်မည်။ လူလေးစားအောင် မနေသမျှ မည်မျှပင်လေးစားကြပါ၊တန်းတူထားပါ ဟုဆိုဆို၊ဥပဒေတွေ ဘယ်လိုထုတ်ထုတ် လေးစားကြမည်မဟုတ် …။လိင်တူချစ်သူမဆိုထားနှင့် မိန်းမစစ်စစ်များပင်လျှင် အကျင့်စာရိတ္တမကောင်းသူ၊ယောကျင်္ားတစ်ကာနှင့် ခေါ်တိုင်းလိုက်မယ့် မိန်းမဟုဆိုပါက မည်သူ လေးစားပါမည်နည်း။
ရေးသာ ရေးရသည် .. ဒါတွေလဲ ရွာထဲက ဆရာ့ဆရာကြီးများ သိထားပြီး ဖြစ်ကြပါလိမ့်မည်။သို့သော် မှတ်တမ်းမှတ်ရာ ကျန်ခဲ့ရန် အလိုငှာ စာတစ်စောင် ပေတစ်ဖွဲ့ ရေးသားလိုက်ရပေသည်။
>>> ဂုဏ်သိက္ခာသည် မူ နှင့် မဆိုင်။ လူနှင့်သာ ဆိုင်ပေသည်။<<<<

18 comments

  • မှော်ဆရာ

    November 16, 2011 at 6:08 pm

    အရင်ပိုစ့်က စကိုင်းနက် ကောင်းမှုဖြင့် အစနှစ်လုံးပဲပါသဖြင့် ထပ်တင်လိုက်ပါသည် …။
    ထင်မိထင်ရာ ရေးလိုက်ပါသည်။
    လိင်တူချစ်သူများ ဆဲနှိုင်ကြပါသည်။
    လိင်မတူ ချစ်သူများလဲ ဆဲနှိုင်ကြပါသည်။
    နောက်ဆုံး ဟိုဘက်ကော ဒီဘက်ကော မလွတ်သူများလဲ ဆဲနှိုင်ကြပါစေသတည်း….

  • nozomi

    November 16, 2011 at 6:23 pm

    အမှန်အတိုင်းပြောရရင် အခြောက် ဆိုတာကို မကြိုက်ပါ၊ သိပ် လက်မခံချင်ပါ

    သို့သော် ဆရာမှော်ရဲ့ ရာရား ကိုတော့ လေးစားပါသည် ၊ ဘဝ က အထုံပါလာလို့ အခြောက်ဖြစ်နေကြသူများလဲ ရာရားလို့ လူလေးစားအောင် နေတတ်ကျစေချင်ပါသည်

    • inz@ghi

      November 16, 2011 at 6:28 pm

      အဲ့လူရီးက သိပ်ယုံရတာဟုတ်ဝူးရယ်နော်…..
      သူ့နာမယ်နောက်ဆုံး အလုံးကို ၂လုံး ဆင့်ပီး ဝစ်စပေါက်ထည့်ပီး
      ကိုယ့်အကြောင်းကိုယ် ရေးထားတာလား မသိ ခွိခွိ…

      • nozomi

        November 16, 2011 at 6:38 pm

        အင်ကြီး ပြောတာ ဖြစ်နိုင်တယ် ဗျ ၊ ပြန်စဉ်းစားကြည့်တော့ ဟုတ်နေသလိုလို 🙂

  • ချစ်ရင်ထူး

    November 16, 2011 at 6:35 pm

    ကို ဂီ ပြောတာဟုတ်နိုင်ခြေများတယ်နော် ကိုမှော် ..
    နာမည်ကလည်း ခပ်တင်းတင်း ကိုဆင်လိုက်တာဗျာ…
    ကိုမှော်ရေ မှော်ဆရာ သိက္ခာ ကျနေပါဦးမယ် “မှော်စရာ ထင်ရာမြင်ရာ” တဲ့လား..

  • မှော်ဆရာ

    November 16, 2011 at 6:45 pm

    နာထင်တယ် နာထင်တယ်
    အဲဒီ့ အင်ဇာဂီဆိုတဲ့ကောင် ရောက်ရင်တော့ ငါ့ပိုစ်ပျက်တော့မယ်လို့
    မြင်လဲမြင်တတ်ပါ့ မှော်ဆရာ့ကိုတောင် ရာရား မဖြစ်ဖြစ်အောင် လုပ်သွားသေး၏…
    နာကိုက အနေအထိုင်မတတ်တာပါလေ ….

  • windtalker

    November 16, 2011 at 6:55 pm

    အားလုံးမှားတယ်
    အမှန်က ကိုမှော့် ကတော်အကြောင်းပါခင်ဗျား
    အခုတော့ သူလေးက ယိုးဒယားကပြန်လာခဲ့ဘီတဲ့ ။ မှန်မှန်ကန်ကန် ရွှေအလီနမ်း ဖြစ်သွားဘီပေါ့ဗျာ
    လာမယ့်နှစ်မှာ စင်ကာပူကိုသွားပြီး ၊ မိန်းမတစ်ယောက်ကိုငှားလို ့အငှားကိုယ်ဝန်နဲ ့ကလေးယူကြမှာတဲ့ဗျာ
    ကိုမှော် တစ်ယောက်ဟာ ဆိုရင် ဓါတ်ပုံတွေအဆက်မပြတ် ရိုက်ရင်း အာကေရွှင်သလို
    မဒမ်မှော်ဟာ ဆိုရင်လဲ တစ်နှစ်ကို သိန်းလေးဆယ်ကျော် ဝင်ငွေရှိတာမို ့
    လင်မယားနှစ်ယောက်စလုံး ဂေဇက်မှာပျော်ပျော်ပါးပါး နေ ့စဉ် စာဖတ်၊စာရေးလေ့ ရှိကြပါသတဲ့
    ကဲကဲကဲ
    ကိုမှော် တို ့လင်မယား အိုကေစိုပြေသာစေမာစေကြောင်းပါနော်
    ပုံ ။ ။ စုံထောက်ကြီးဦးလန်ဘား

  • ရာဇဝင်လူဆိုး

    November 16, 2011 at 7:21 pm

    အင်း..ခက်တော့ခက်ပြီနော် ..မောင်ရင်တို့။ လန်ဘားကြီးရော ကိုဇာကြီးကရော ဖော်သဟ။

  • ကိုရင်စည်သူ

    November 16, 2011 at 7:27 pm

    အထာမပေးတဲ့
    ရာရာလေး
    ဂီဂီ့ကို
    ချစ်ရင်
    မွှားမွှားပေး 😀 😀 😀 😀
    တကယ်ပြောမယ်ဗျာ.. အခြောက်တွေပဲ တောက်ကျင့်တန်တာမဟုတ်ဘူး..
    အခြောက်ကပ်ပြီး စားနေတဲ့ အခြောက်လင်တွေက
    ပို တောက်ကျင့်တန်တယ်… ဒီကောင်တွေလည်း မကြာပါဘူး..
    တောက်ခြောက်ဖြစ်သွားတာပါပဲ…

  • ပေါက်ဖော်

    November 16, 2011 at 7:29 pm

    ၄စားပါဒယ်…ဘိုရီး…အဲ..အဲ….
    လေးစားပါတယ် ရာရား..

    အိမ်ထောင်ပြုရင်လဲ….ကမှော်ချာကို ထည့်စဉ်းစားဖို ့မမေ့ပါနှင့်
    ဘာကြောင့်လဲ ဆိုတော့ ကျွန်းကိုင်းမှီ..ကိုင်းကျွန်းမှီ တွေမိုလို ့…စီးပွားတက်လိုက်မဲ့ ဖြစ်ခြင်း ကြောင့်ပါပဲ

    ဒီလင်..ဒီယောက်ျား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေလို ့..ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..

    😆

  • blackchaw

    November 16, 2011 at 9:10 pm

    “လူလေးစားခံရခြင်း မလေးစားခံရခြင်းသည် မူနဲ့မဆိုင် လူနဲ့သာ ဆိုင်ပေသည်။လူလေးစားအောင်နေလျှင် လူလေးစားပေလိမ့်မည်။ လူလေးစားအောင် မနေသမျှ မည်မျှပင်လေးစားကြပါ၊တန်းတူထားပါ ဟုဆိုဆို၊ဥပဒေတွေ ဘယ်လိုထုတ်ထုတ် လေးစားကြမည်မဟုတ် …။လိင်တူချစ်သူမဆိုထားနှင့် မိန်းမစစ်စစ်များပင်လျှင် အကျင့်စာရိတ္တမကောင်းသူ၊ယောကျင်္ားတစ်ကာနှင့် ခေါ်တိုင်းလိုက်မယ့် မိန်းမဟုဆိုပါက မည်သူ လေးစားပါမည်နည်း။”

    မှော်ဆရာက လူငယ်ပေမယ့် ရေးတဲ့စာကို လေးစားမိပါတယ်။
    အာဖရိကက လူမည်းတွေ အနှိမ်ခံရတော့ သူတို့ မခံချင်စိတ်နဲ့
    အားကစားမှာ ထူးချွန်အောင်လုပ်ကြပါတယ်။
    မြန်မာပြည် လူ့အသိုင်းအဝိုင်းမှာလည်း အခြောက်တွေ အနှိမ်ခံရတော့
    သူတို့ လူရာဝင်အောင်ကြိုးစားကြပါတယ်။
    ထိတ်တန်းအလှဖန်တည်းရှင်တွေဟာ အခြောက်တွေချည်းပဲဆိုတာကို
    ကြည့်ရင် သူတို့ရဲ့ မခံချင်စိတ်ကိုတွေ့ရမှာပါ။
    သာမန်ယောင်္ကျားမိန်းမတွေလိုပါပဲ။ သာမန် အခြောက်တွေလည်းရှိကြမှာပါ။
    ဒီမိုကရေစီ ကို တောင်းဆိုနေတဲ့ တိုင်းပြည်တစ်ခုမှာ
    အခြောက်တွေကို လူရာမသွင်းကြရင်တောင်
    နှိမ့်ချ မဆက်ဆံသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
    သူ့ ခန္ဓာကိုယ်က အလိုလို ဖြစ်လာတဲ့ ဆန္ဒကို သောက်တလွဲပါလို့
    နှိမ်ဘို့ ကျွန်တော့်မှာ သတ္တိမရှိပါဘူး။
    သိတ်လွန်လွန်ကဲကဲ ရိုင်းရိုင်းစိုင်းစိုင်းတွေမပါရင်
    သူတို့လည်း ဂဇက်မှာ စာရေးခွင့်ရသင့်ပါတယ်။
    ကဲ သူကြီးရေ။
    သူကြီးခွင့်ပြုပါမည်လား။ သူကြီးခွင့်မပြုပါလျျှင်
    ကျွန်တော်တို့ကော ဘာများတတ်နိုင်ပါဦးမည်နည်း ပေါ့ဗျာ။
    ဘလက်တစ်ယောက် အရက်သောက်ပြီး
    အပျက်ဘက်က လျျှောက်ရေးသွားသည်ဟုသာ သဘောထားကြပါ ခင်ဗျား။

  • koyinmaung

    November 16, 2011 at 9:20 pm

    ဒါလောက်ဝိုင်းပြောနေမှတော့
    မထူးတော့ပါဘူးဆရာမှော်ရေ..
    တယောက်အကြောင်းလဲတယောက်သိနေကြပြီဘဲ
    ဟုတ်တယ်မို့လား….
    အဆင်ပြေသွားယင်ရွာထဲလဲအသိပေးအုံးနော်…
    ဟိုကဗိုင်းကောင်းကျောက်ဖိလေး
    အမယ်..တော်တော်လိုက်ယူရမှာနော်….ဟေဟေ့

    • မှော်ဆရာ

      November 16, 2011 at 9:47 pm

      အင်း ကိုဝိုင်းတော်ကာ ပြောသလို ယိုးဒယားပြန်ဆိုရင်တော့ အဟေဟေးဟေး
      ကိုယ်တို့ရိုက်စားဆရာတွေက ( ဓါတ်ပုံရိုက်မှ စားရတာမို့ ရိုက်စားလို့ပြောတာပါ။ရိုက်စားတွေထဲမှာတော့ ဓါတ်ပုံဆရာတွေ အညံ့ဆုံး -ဤကား စကားချပ်) နဖူးကချွေးခြေမကျအောင် နှစ်ရက်လောက် ဗီဒီယိုရိုက်ရကာမှ တစ်သိန်း ၊ ရာရားတို့များ ကောင်မလေး နဖူးလေးကိုင်လိုက် ပါးလေးကိုင်လိုက် ၃နာရီလောက်ဆို ၈သောင်း။
      မှော်ရာရားဆိုပြီး ဆိုင်ဖွင့်လိုက်လို့ကတော့ ဟေဟေ့ သပိတ်ဝင်အိတ်ဝင်ပေါ့…
      ပြောသာပြောရ သူ့ခမျာလဲ စီးပွားရေးလုံးပန်းနေရတာနဲ့ အင်ဂျင်ချိန်းဖို့တောင် အချိန်ရှိရဲ့လားမသိ …
      အင်ဂျင်မချိန်းရသေးရင်တော့ ….
      အင်း သီချင်း လေးပဲ ထိုင်ဆိုနေမှပဲ..
      ချစ်သဲဘယ်ခါရှိပါ့မယ် .. ချစ်သဲဘယ်ခါ ရှိပါ့မယ် …… 🙂

      • windtalker

        November 16, 2011 at 10:00 pm

        ချစ်သဲ က အိပ်ပြီ
        ကိုယ်ကသာ သိတယ်မို ့လား
        ဂေဇက် မဖတ်ရရင် အိပ်မပျော်တာမို ့
        သူ မသိအောင် ခိုးလာဖတ်နေရတာ
        ဟီဟိ

  • Diamond Key

    November 17, 2011 at 2:42 pm

    ဩော………..ဆြာမှော်က လျှာလေးအကြောင်း သိသကိုး။ ယားယား (အဲဟုတ်ပေါက်) ရာရားလေး

  • etone

    November 17, 2011 at 4:10 pm

    မှော်ဆရာရေ …. မိန်းမလျာတိုင်း သူလို့ ဆိုလျှင်တော့ … ကျွန်မတို့တွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ လူသားချင်းခွဲခြားဆက်ဆံမှုတွေဖြစ်လာမှာမဟုတ်တော့ဘူးနော် … ။ မိန်းမလျာလို့ဆိုလိုက်တာနဲ့ … လူတွေက စပ်စလူး ပြာလူးတဲ့အသွင် ၊ ချောကလက်မှိုတက်တဲ့ မျက်နှာမှာ ဆေးရောင်စုံနဲ့ ….. လင်လိုချင်နေတဲ့ မပဒါတွေကိုပဲ မြင်နေမိတော့ … ဘယ်အမြင်ကြည်ပါမလဲနော် … ။
    နောက်ပြီး ဖုံးမရ ဖိမရ သူတို့ သွင်ပြင်ကို ဒက်ပိုတွေထိုးပြီး အဖုထစ်တွေဖြစ်အောင်လုပ်လည်း … လူမှန်နေရာမှန်မဟုတ်တာမြင်ရတဲ့အခါ … အခြောက်ဆို ကြည့်မရတာတွေ ဖြစ်ကုန်တော့တာပေါ့ … ။ 🙂

    သူဘယ်လောက် လိမ္မာပါစေ … မိဘတွေကလည်း ဒီလိုနေပြီးရှာကျွေးတာထက်စာလျှင် … အမေကို အိမ်ပေါ်တင် …မိန်းမယူကလေးမွေးပြီး မြေးထိန်းခိုင်းတဲ့ သားမျိုးရှာကျွေးတာကို ပိုစားချင်ကြတာပါပဲ … ။

    • မှော်ဆရာ

      November 17, 2011 at 5:46 pm

      မှန်ပါ မအိတုန်ရေ … မှန်တာပြောရင် လူ့အခွင့်အရေးနဲ့ ကိုင် ကိုင် အပေါက်ခံရလွန်းလို့ပါဗျာ ..
      လေးစားခံရအောင် နေမှ လေးစားခံရမယ်ဆိုတာ သိစေချင်တာပါ ..
      ဒါပေမယ့် ရားရားလိုလူက အခြောက် ၁၀ဝ မှာ တစ်ယောက်လောက်ပဲ ရှိမှာပါ ..။
      ကျန်တာတွေကတော့ အိတုန်ပြောသလိုပဲ ဟိုလိုင်းကိုပဲ အားသန်ကြတယ်..။
      ကိုအားသန်တာကိုယ် လုပ်ပြီး သူများကို လူ့အခွင့်အရေး နဲ့ကိုင်ပေါက် လေးစားခိုင်းနေကြတဲ့သူတွေကို ပြောပြချင်တာ အဓိကပါ … လူနဲ့ပဲ ဆိုင်ပါတယ်လို့ ….

  • pasi

    November 23, 2011 at 10:56 pm

    အင်း….. ကိုယ်ယူမယ့်သူဆိုတော့လည်း ကိုယ်မှ ကိုယ်ရည်မသွေးရင် ဘယ်သူကသွေးမှာလဲ ဟုတ်ဘူးလား အင်း….. ရာရာ နဲ့ ရားရား ဇာတ်လမ်း ဒါရိုက်တာမောင်မျိုးမင်း(အတွင်းဖြစ်)ကို ပြောပြဦးမှပဲ (အချစ်စစ် အ ချစ်မှန်တို့မည်သည် လေးစားအထင်ကြီးချင်းမှ ပေါက်ဖွါးလာတတ်သည် တဲ့ ပညာရှိကြီး ပေစိ ပြောလိုက်သည်)

Leave a Reply