.မှော်ဆရာရေ… .စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ .ဝိညာဉ်ကို ကော်နဲ့ ကပ်ပြီး .လူဖြစ်အောင်… ငါ အသက်သွင်းဖူးတယ်။ .မီးခြစ်ကျောက်ကို .လက်သည်းနဲ့ ပွင့်ထွက်အောင် တောက် .မီးတောက်ကို ခါးကလိမ်ချိုး .စီးကရက် သောက်ရင်း… သူ ချောင်းဆိုးဖူးတယ်။ .သူ့ခြေထောက်အတွက် .သူ့ဖိနပ်အတွက် .မြေပြင် သက်ခင်းပေးစရာမလို။ .“ကြယ်ကို ကြယ်နဲ့ ရံမတဲ့” .သံအိပ်မက်ကြီးနဲ့ .ပင်လယ်ရေပွက်ထဲက …ည… .အားလုံးကို သူ …အပိုင်ရတယ်…။ .ပထမတော့… .“လ”ကို ခိုစီး .ကောင်းကင်ကြီးနဲ့ တွဲက .စက္ကူဂစ်တာတစ်လက်ပိုက်ပြီး .ပျော်လိုက်ရတာ … ။ […]