natureJune 3, 20121min1475
N+030612 သဘာဝစွမ်းအားရေအားလျှပ်စစ် ကျနော့်အမြင်တော့ သဘာဝအရင်းအမြစ်ဖြစ်တဲ့ရေအားက လျှပ်စစ်ထုတ်တာဟာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုအနည်းဆုံးဖြစ်လို့ ရေရှည်မှာ အိုဇုန်းလွှာ ပေါက်ပြီး ရာသီဥတု ပူပြင်းလာမှုကိုလည်း အကာအကွယ်ပေးနိုင်မယ်လို့ထင်ပါတယ်။ ရာသီဥတုပူပြင်းလာရင်ရေတွေလည်းခမ်းခြောက်လာစေနိုင်ပါတယ်။ လောင်စာဆီ မဝယ်ရတဲ့အတွက်ကြောင့် စရိပ်စကလည်းသက်သာပြီး ရေရှည် ကောင်းတဲ့လုပ်ငန်းတခုလို့မြင်ပါတယ်။ အီရန်နဲ့အမေရိကန်စစ်ပွဲဖြစ်လို့ရေနံဈေးတက်ရင်လည်း မှုစရာမလိုပါဘူး။ ဒါပေမဲ့ရေနည်းတဲ့အခါတွေမှာတော့ အခက်အခဲဖြစ်နိုင်ပါတယ်။ ရေကာတာရေလျှံရင်လည်း ပတ်ဝန်းကျင်ရွာတွေကို ရေလွှမ်းနိုင်တယ်လို့ဆိုကြပါတယ်။ အဲဒါကိုကာကွယ်ဖို့အတွက်က ရေလွှဲမြောင်းတွေကို အပိုဖောက်တာ၊ရေမြောင်းကိုပိုကြီးကြီးဖောက်တာတို့လုပ်ရင် အဆင်များပြေနိုင်မလားမသိ။ မိုးရာသီမှာ မိုးရေချိန် ဘယ်နှစ်လက်မရွာရင် ရေကာတာမှာရေမှတ် ဘယ်လောက်တက်တယ်ဆိုတာကို ဒေတာကောက်ပြီး မိုးများချိန်မှာ အထူးသတိထားကြည့်ဖို့တော့လိုမယ်ထင်ပါတယ်။ ရေကာတာတည်ဆောက်တဲ့အတွက် ၁၅ပေရှိတဲ့မြစ်တခုဟာ ၁ဝ ပေလောက်သာရှိတော့မဲ့အတွက် ပြောင်းလဲမှုတချို့တော့ဖြစ်နိုင်ပါတယ်။ ေရေသယံဇာတဖြစ်တဲ့ငါးတွေရဲ့ နေထိုင်သွားလာမှုကတော့ ပြောင်းလွဲသွားမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောင်စာဆီနဲ့စက်လည်ပြီးလျှပ်စစ်ထုတ်လုပ်တာထက် ရေအားကထုတ်လုပ်တာကတော့ ရေရှည်မှာစရိပ်ပိုသက်သာပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓါက်ငွေ့ထုတ်လုပ်မှုကတော့ပိုလျှော့နည်းမယ်ဆိုတာကတော့ […]