လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကျွန်တော်ဟာ လုပ်ငန်းပြောင်းရွှေ့ခဲ့ရမှုတွေကြောင့် ကျွန်တော်ချစ်တဲ့ ဂေးဇက်နဲ့ ဝေးနေခဲ့ရပါတယ် အခုဆိုရင် ကျွန်တော်ဟာ မြန်မာပြည်ရဲ့ အစွန်အဖျားက နယ်မြို့လေးတစ်မြို့ အနီးမှာ ရောက်နေခဲ့ရပါတယ် မြို့ကလေးပေါ်မှာ မဟုတ်ပါဘူး မြို့ကလေးအနီးမှာပါ အဲဒီတော့ ကျွန်တော့်မှာ ဂေးဇက်နဲ့ ဝေးကွာနေခဲ့ရပြီပေါ့ ယုတ်စွအဆုံး တီဗွီတောင်မှ မကြည့်ရပါဘူးဗျာ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဟိုလူ့မေး ဒီလူ့မေးနဲ့ ၃ ရက်လောက်နောက်ကျပြီးမှ သိခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲကို အဝေးတစ်နေရာကနေပဲ ဝမ်းသာခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျွန်တော်ထင်ထားတာထက် ပိုပြီးအောင်မြင်ခဲ့လို့ အံ့ဩ ဝမ်းသာ ဖြစ်မိရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ နေရာကို မရော်ခင် ယခင်အလုပ်မှာတုန်းက ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်လောက်ပဲ လိုတော့ချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ […]