တစ်ခါတုန်းက မြို့ပေါ်က လူငယ်နှစ်ယောက်ဟာ အားလပ်ရက်မှာ တောရွာလေးတစ်ရွာကို သွားလည်ကြတယ်။ မြစ်ကမ်းဘေးမှာ ရှိတဲ့ အဲဒီရွာလေးမှာ အေးအေးဆေးဆေး ၂ရက် ၃ရက် နေထိုင်ကြတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ အဲဒီရွာလေးမှာ မြို့သားနှစ်ယောက်ဟာ ပေါ်ပြူလာပေ့ါ။ သူတို့နှစ်ယောက်ဘေးမှာ မြို့အကြောင်း၊ အဝတ်အစား၊ အနေအထိုင်အကြောင်း သူတို့သိချင်တာတွေ လာပြီးမေးမြန်းပြောဆိုကြတဲ့ ရွာသူရွာသားတွေ ဝိုင်းဝိုင်းလည်နေတာပဲ။ ဒီလိုနဲ့ ရက်နဲနဲကြာလာတော့ သူတို့နှစ်ယောက်ဟာ ပျင်းပျင်းရှိတာနဲ့ ငါးမျှားချင်စိတ်ပေါက်လာတယ်။ အဲဒါနဲ့ နှစ်ယောက်သား ငါးမျှားတံတွေယူပြီး မြစ်ကမ်းရှိရာဖက်ကို ငါးမျှားဖို့ ထွက်လာကြတယ်။ သူတို့နှစ်ယောက်ဟာ ငါးမျှားနေလိုက်ကြတာ အချိန်တော်တော်ကြာတဲ့အထိ ငါးတစ်ကောင်မှ မရဘူးတဲ့။ အဲဒီအချိန်မှာ ရွာသားတွေကတော့ ငါးတွေရပြီး ရွာထဲပြန်ပြန်သွားကြတာကို တွေ့ရတယ်။ အဲဒီတော့ မြို့သားနှစ်ယောက် စဉ်းစားမိတာက ငါတို့ဟာ မြို့သားတွေဖြစ်ပြီး တောသားတွေလောက်တောင် အဖြစ်မရှိရင် သိက္ခာကျတယ်ဆိုပြီး ငါးရလာတဲ့ […]