Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Ma MaJuly 18, 20156min68316
တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက် ၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ …………………….   အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။   ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။ <><><><><><><><><><><><><><><><><><><><><><><> တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ…. ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။   ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။   ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။   အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ […]


Ma MaJune 27, 20158min73917
မိုးအေးအေးနဲ့ ကွေးလို့ကောင်းတဲ့ရာသီမို့ တက်တက်ကြွကြွမရှိပဲ ပျင်းရိလေးတွဲ့နေမိတယ်။ ဂျူလိုင်လအတွက် ကာတွန်းတွေကို ဇွန်လဆန်းကတည်းက ရေးမယ်လို့ တွေးထားခဲ့ပေမယ့်…. မူလအပျင်းဓာတ်ခံကို သဘာဝကြီးကပါ ပံ့ပိုးပေးလိုက်တော့ လကုန်ခါနီးမှပဲ မဖြစ်မနေ ရေးရပါတော့တယ်။ :kwi: အခုရေးမယ့် တစ်နေ့ပြီးတစ်နေ့ (၁၄)ကတော့ ဂျူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။   ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အရာရာတိုင်းမှာ မျက်စိနဲ့ သေသေချာချာကြည့် နားစိုက်ထောင်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လိုကြောင်း အသိပေးခြင်းဖြစ်ပါလိမ့်မယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   စိတ်ပျိုတော့ ကိုယ်နု လို့ သဘောပေါက်မိပါတယ်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++   အနာဂတ်ဆိုတာ ကိုယ်မပိုင်သေးတဲ့ မရေရာမှုသာဖြစ်တယ်။ ပြီးခဲ့တဲ့ မရနိုင်တော့တဲ့ အတိတ်ကို လွမ်းနေလို့ကလည်း အပိုပဲပေ့ါ။ လက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်။ 🙂 ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ဒေသကောလိပ်မြန်မာစာက တိုင်းရင်းသားစကားပုံတွေမှာ […]


Ma MaJune 18, 20152min70816
မလတ်ရေးတဲ့ ချစ်ညီမ သို့ ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး ဝင်လားတဲ့အတွေးလေးပါ။   patriotism နဲ့ chauvinism အကြောင်းကို မလတ်ပိုစ့် https://myanmargazette.net/215855/comment-page-1#comment-404029 မှာ ရှင်းပြထားတာမို့ အထူးမပြောလိုပါဘူး။   patriotism အမျိုးသားရေးစိတ်ဓာတ်နဲ့ chauvinism မျိုးချစ်စိတ်ဓာတ်ဆိုတာကိုဖတ်ပြီး…….. ကြုံခဲ့ဖူးတဲ့ မြင်ကွင်းတစ်ခုကို သွားသတိရမိတယ်။   တစ်ခါတုန်းက လမ်းသွားရင်း ကလေး၂ယောက် ရန်ဖြစ်နေကြတာကို တွေ့လိုက်ရတယ်။ ပြောရလွယ်အောင် မောင်ဖြူနဲ့ မောင်နီလို့ နာမည်ပေးလိုက်မယ်။   မောင်နီက မောင်ဖြူကို ရိုက်ပုတ်ကုတ်ခြစ်တယ်။ မောင်ဖြူက ပြန်ခုခံပေမယ့် မနိုင်တော့ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ ငိုယိုပြီး ပြန်သွားတယ်။   မောင်ဖြူ့မိဘတွေက လမ်းဘေးဈေးသည်တွေ။ သားဖြစ်သူ ငိုယိုပြီးရောက်လာတော့ အဖေဖြစ်သူက မေးတယ်။   အကျိုးအကြောင်းသိတော့ ဒေါသတကြီးနဲ့  မောင်နီဆီကိုသွားတယ်။ ကလေးကို  […]


Ma MaJune 14, 20151min163045
ငါးပုပ်ပြားဆိုတာ ငါးကိုအပုပ်ခံမှ အနံ့လည်းမွှေး အသားလည်းပွပြီး နူးညံ့တာမို့ အရင်ဆုံး စားရဲသူတွေအတွက်လို့ ပြောချင်ပါတယ်။ :i:   ငါးပုပ်ပြားထမင်းကြော်တဲ့အခါမှာ …… အရသာရဖို့နဲ့ အနံ့ရဖို့အတွက် ငါးကို ၂မျိုးခွဲထည့်ပါတယ်။   အရသာအတွက် အသားများတဲ့အပိုင်းကို ပါးပါးလှီးထားပါတယ်။   ငါးအနံ့ရဖို့အတွက် အရိုးနဲ့ကပ်နေတဲ့ငါးကို ပြုတ်ပြီး အသားထွင်ပါတယ်။ အသားထွင်တဲ့အခါမှာ အရေခွံကိုသပ်သပ်ဖယ်ပြီး ပါးပါးလှီးထားတဲ့ ငါးအသားနဲ့ရောထားပါတယ်။   ငါးပြုတ်ရည်ကို သွန်မပစ်ပဲ ထမင်းထဲထည့်ပြီး ထမင်းကို ဖွထားပါတယ်။ ငါးပြုတ်လိုက်လို့ ထွက်သွားတဲ့ အငံအရသာကို ပြန်ယူတာဖြစ်တဲ့အပြင် ဆီနည်းနည်းပဲသုံးချင်လို့လည်း ဖြစ်ပါတယ်။   ကြက်ဥကို ခေါက်ထားပါတယ်။ ပြုတ်ပြီး အသားထွင်ထားတဲ့ငါးတွေကို ဆီများများနဲ့ ရွှေဝါရောင်သမ်းတဲ့အထိ ကြွပ်နေအောင် ကြော်ပြီး ဆီစစ်ထားပါတယ်။   ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ပါးပါးလှီးထားတဲ့ငါးအသားနဲ့ […]


Ma MaJune 12, 20151min102144
စည်းကမ်းသည် လူ၏တန်ဖိုး။ စည်းကမ်းရှိမှ တိုးတက်မယ် ဆိုတဲ့ စကားတွေကို ကြားဖူးသင်ဖူးခဲ့ပါတယ်။   နိုင်ငံကြီးသားပီပီ စည်းကမ်းရှိဖို့လိုတယ်လု့ိလည်း သိနားလည်ခဲ့ပါတယ်။   သို့သော်…. စနစ်တကျ တန်းစီတဲ့အလေ့အကျင့် မြန်မာတွေမှာ အားနည်းတာ လူတိုင်းအသိဖြစ်ပါတယ်။ (ကိုယ်မပါဘူးလို့ မဆိုလိုပါ။)   နိုင်ငံခြားသားတစ်ယောက် မြန်မာပြည်ကို အလည်ရောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းကြယ်မှုတစ်ခုအနေနဲ့ ဗိုလ်ချုပ်ဈေးရှေ့ လူကူးတံတားပေါ်ကနေ ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု တင်ထားတာ  ဖဘမှာ တွေ့ခဲ့ဖူးပါတယ်။   အပေါ်စီးမြင်ကွင်းကနေ ကားလမ်းပေါ်က ကားတွေကို ရိုက်ပြထားတာမှာ…. ကားတွေက လမ်းကြောအတိုင်း မမောင်းပဲ တိုးလိုက်ဝှေ့လိုက် ကျော်တက်လိုက် လုပ်နေကြတဲ့ပြကွက်ဖြစ်ပါတယ်။ :cryy: ရွှေပြည်သူားများအနေနဲ့ မထူးဆန်းတဲ့ပြကွက်ဟာ အများသူငါအလယ်မှာ အင်မတန်ရှက်စရာပါပဲ။   အဲဒါကို ကြည့်ပြီး နို်င်ငံတကာအလယ်မှာ ကိုယ့်လူမျိုးတွေ မသိမ်ငယ်ရလေအောင် […]


Ma MaJune 9, 20151min117629
ငယ်ငယ်တုန်းက ကိုယ်နဲ့မတိမ်းမယိမ်းတွေက (အရင်းရော၊ ဝမ်းကွဲတွေရော) ယောကျင်္ားလေးတွေချည်းပဲများလို့ သစ်ပင်တက်တာ၊ ငှက်ပစ်ခဲ့တာလေးက လွဲရင်တော့……….. ကိုယ့်ကိုကိုယ်တော့ မိန်းမပီသတယ်လို့ ထင်တာပဲ။   ဇာထိုးပန်းထိုး စိတ်ဝင်စားတယ်။ ဖြစ်မြောက်အောင် လုပ်နိုင်တယ်လို့ပြောတာ မဟုတ်ဘူးနော်။   အချက်အပြုတ်ဝါသနာပါတယ်။ စားကောင်းတာမကောင်းတာတော့ မသိဘူး။   ဒါပေမယ့် ခုတလောကြုံနေရတာတွေကြောင့် ဇဝေဇဝါဖြစ်လာတယ်။   လူချင်းမသိပဲ ဖုံးပြောရင် အစ်ကို အစ်ကိုနဲ့ ပြန်ပြောလို့ အစကတော့ ဒီလူတွေ တော်တော်ညံ့တာပဲ။ မိန်းမအသံလား၊ ယောကျင်္ားအသံလားတောင် ခွဲခြားမသိဘူးလို့ ထင်မိတယ်။   အဲ… နောက်ပိုင်း တစ်ယောက်ပြီး တစ်ယောက် အစ်ကို လို့ ခေါ်လာတော့ ငါတော့ ပြုပြင်ဖို့လိုလာပြီဆိုပြီး မမြင်ဖူးတဲ့လူနဲ့ စကားပြောတဲ့အခါ အသံကို ဂရုစိုက်ပြီး ပြောလိုက်တယ်။   အဲဒီအခါကျမှ […]


Ma MaJune 8, 20152min40505
ဖဘက 7 DAY DAILY မှာ ဖတ်လိုက်ရတဲ့ သတင်းပါ။ အခွန်ထမ်း ၅၀ဝအား သင်တန်းပေးပြီး ကိုယ်တိုင်စည်းကြပ်စေသည့်စနစ် စတင် By မောင်တာ On   Mon, 2015-06-08 13:18 Location မန္တလေး Issue No. No.758 Monday, June 8, 2015     အခွန်ငွေပေးဆောင်မှု ပမာဏများပြားသည့် ရန်ကုန်မြို့ မှ လုပ်ငန်းရှင်အခွန်ထမ်း ၅၀ဝ ဦးအား ရွေးချယ်ကာ လိုအပ်သည့် သင်တန်းနှင့် ပညာပေးခြင်းများ ပြုလုပ်ပြီးနောက် ကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (STS) ကို ယခုဘဏ္ဍာနှစ်မှစတင်ကာ မြန်မာနိုင်ငံ၌ စမ်းသပ်ကျင့်သုံးနေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်တွင်းအခွန်များဦးစီး ဌာနမှ သတင်းရရှိသည်။ လက်ရှိမြန်မာနိုင်ငံတွင် […]


Ma MaMay 26, 20154min73014
တစ်နေ့ပြီးတစ်နေ့ (၁၃) ကတော့ ဇွန်လရဲ့ ဒုတိယပိုင်း ၁၆ရက်နေ့ကနေ ၃ဝရက်နေ့အထိ ကာတွန်းတွေရဲ့ ဒဿ န တွေ ဖြစ်ပါတယ်။   အရင်ပိုစ့်တွေကိုပြန်ဖတ်တဲ့အခါ ဘယ်လပိုင်းကကာတွန်းဆိုတာ သိအောင် မနည်းပြန်ရှာဖတ်ရလို့ ကာတွန်းတွေရဲ့ ရက်အပိုင်းအခြားကို အခုလို ပိုစ့်ရဲ့နိဒါန်းမှာ ထည့်ရေးသွားပါမယ်။     ကဲ…… စကြရအောင်။   လူတစ်ယောက်ချင်းစီရဲ့စွမ်းအင်ကို ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမယ်လို့ စနစ်တကျ စီမံတတ်ရင်၊ သူ့နေရာနဲ့သူ သင်တော်မယ့်တာဝန်ကို ခွဲဝေပေးတတ်ရင် လုပ်ငန်းကိုလွယ်ကူစွာ ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။   ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တဲ့အထဲ စီမံခန့်ခွဲမှုကို ထည့်သွင်းချင်ပါတယ်။ :s: ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြောသူ မရဲ၊  ရဲသူ မပြော တဲ့။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် တဲ့။   ကြားဖူးတဲ့ […]


Ma MaMay 24, 20155min91318
တစ်နေ့ပြီးတစ်နေ့ရေးလာတာ အခုဆိုရင် အပိုင်း (၁၂)  ဇွန်လကာတွန်း ၁ရက်နေ့ကနေ ၁၅ ရက်နေ့  အလှည့်ကို ရောက်လာပါပြီ။ 🙂   ပိုစ့်ကိုစပြီးရေးတုန်းက ပြက္ခဒိန်နေ့စွဲအတိုင်း ရေးသွားမှာမို့ ခေါင်းစဉ်ကို တစ်နေ့ပြီးတစ်နေ့ လို့ ပေးလိုက်မိတယ်။   ရေးရင်းရေးရင်းနဲ့ စဉ်းစားမိတာက….. တစ်နေ့ပြီးတစ်နေ့ ဆိုတာထက် တစ်ရက်ပြီးတစ်ရက် ဆိုရင် ပိုမှန်လေမလားလို့။ 🙄   ရုံးစာရေးတဲ့အခါ (Date) ရေးရင် နေ့စွဲလို့ ခေါင်းစဉ်မတပ်ပဲ၊ ရက်စွဲလို့ပဲ ခေါင်းစဉ်တပ်ရတယ်လို့ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရမိသွားလို့။   တနင်္လာနေ့၊ အင်္ဂ ါနေ့စတဲ့ နေ့တွေကို အစွဲပြုပြီးရေးတာကိုမှ နေ့စွဲ။ ၁ရက်၊ ၂ရက်၊ စသဖြင့် ရက်ကို အစွဲပြုပြီးရေးတဲ့ (Date) ကိုတော့ ရက်စွဲ လို့ […]


Ma MaMay 16, 20151min147728
မြန်မာစာမှာ “လည်းကောင်း” ရဲ့ အသံထွက်က “၎င်း” နဲ့ ဆင်တူပါတယ်။ အဲဒါကြောင့်  “၎င်း” နဲ့ “လည်းကောင်း”  ကို အသုံးလွဲတတ်ကြပါတယ်။   ကိုယ်တိုင်တော့ ၈တန်းရောက်မှ မြန်မာစာဆရာမရဲ့ ကျေးဇူးကြောင့် “၎င်း” နဲ့ “လည်းကောင်း” ကို ကွဲကွဲပြားပြား သိလာခဲ့ရပါတယ်။   ပါမောက္ခချုပ်ဆရာတော်ကြီးက တရားဟောတဲ့အခါ အင်္ဂလိပ်စကားလုံးလေးတွေနဲ့ ဖြည့်စွက်ပြီး ဟောလေ့ရှိပါတယ်။   ဘာသာစကားတစ်ခုကို နောက်ဘာသာစကားတစ်ခုနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့အခါ ပိုမိုရှင်းလင်းပြီး နားလည်လွယ်တယ်လို့ ထင်မိပါတယ်။   အတုခိုးပြီးပြောရရင် ……………. “၎င်း” ကို “That, This” “လည်းကောင်း” ကို “also” လို့ ပြောရမလား။ တခြားဘယ်လိုပြောနိုင်သေးလဲ မသိဘူး။   မြန်မာစာမှာ “၎င်း” ကိုတော့ ရှေ့ကပြပြီးတဲ့ ပုဒ်အစုကိုအစားထိုးပြီး သုံးပါတယ်။ […]


Ma MaMay 13, 20154min74217
ပြီးခဲ့တဲ့ရက်ပိုင်းက ကလောရောက်တော့ အဲဒီကရာသီဥတုနဲ့ ပန်းတွေ အရောင်စုံ အမျိုးစုံ (မမြင်ဖူးတာတွေအများကြီး) တွေ့လို့ ရိုက်လာခဲ့တယ်။   အရင်ကဆို ပုံဆိုဒ်တွေကို ချုံ့ပြီးမှတင်ပေမယ့် ပန်းပုံလေးတွေဆိုတော့ လှတပတခံစားရအောင် မူရင်းအတိုင်းပဲ တင်လိုက်ပါတယ်။ 🙂   ခိုင်ဇာ ရဲ့ Fuchsia ပန်းကိုကြည့်ပြီး ………….   ပန်းက ၁၁ ကျပ်ပေးရတယ်လို့ မထင်လိုက်ပါနဲ့။ စိတ်ဓာတ်ကျနေတဲ့ပုံ ဇောက်ထိုးပွင့်နေလို့ ၁၁ကျပ် ကျတဲ့ပန်းလို့ ကို်ယ့်ဖာသာကိုယ်   နာမည်ပေးထားလိုက်တာ။ :k:       ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။ သွေးသောက်ညီအမရဲ့ နည်းနဲ့ နာမည်ပေးရရင်တော့ ပန်းဝါ ပေ့ါ။  :chit:   နှင်းဆီနီနီ မလှဘူးလား။ ရန်ကုန်မှာမြင်ဖူးတဲ့ အပွင့်တွေထက် ၂ဆလောက်ကြီးတယ်။ 🙂 […]


Ma MaMay 11, 20152min323042
မူလတန်းတက်တုန်းက “ဘယ်” ဘက်နဲ့ ” ညာ” ဘက် ကို သင်တဲ့အခါ ဆရာ/မတွေ လူကြီးမိဘတွေက စာရေးတဲ့ဘက်၊ ထမင်းစားတဲ့ဘက်က “ညာ” ဘက်လို့ မှတ်မိအောင် သင်ပေးကြပါတယ်။ သူ့ရဲ့ပြောင်းပြန်ကတော့ “ဘယ်” ဘက်ပေ့ါ။ (ဘယ်သန်များအတွက်မပါ) :mrgreenn:   အဲဒီကတဆင့်တက်လို့ “လက်ဝဲ” “လက်ယာ” ရယ်လို့ သင်ကြားရတဲ့အခါ အလွယ်တကူဖြစ်အောင် ဝဲ          ယာ ဘယ်    ညာ … လို့ အသံထွက်နဲ့ အစဉ်လိုက် မှတ်သားထားလိုက်တယ်။   အင်္ဂလိပ်စာ သင်ရတဲ့အခါ Left နဲ့ Right ကို “ဘယ်” နဲ့“ညာ” မမှတ်မိပဲ မှားမှားနေလို့ စစ်ရေးပြတဲ့အခါမှာ ဘယ် ညာ ….. ဘယ် ညာ Left […]


Ma MaApril 1, 20156min70414
တနေ့ပြီးတနေ့ ကနေ……… တလပြီးတလ လျှောက်လှမ်းလာတာ…. မေလကို အလှည့်ကျလို့လာပါပြီ။   ဧပြီလက ပိတ်ရက်တွေများလို့ အွန်လိုင်းမတက်ဖြစ်ပဲ ကြွေးကျန်မှာစိုးလို့ မေလကို ကြိုရေးမယ်လို့ တွေးမိတယ်။   ကံကောင်းချင်တော့………. တနေ့ပြီးတနေ့ ပိုစ့်တွေ စတင်ရေးစဉ်က အကုန်မရေးဖြစ်/နိုင်မှာ စိုးလို့ ကိုယ်ကြိုက်တဲ့ ကာတွန်းလေးတွေချည်းပဲ ရွေးပြီးရေးခဲ့တာ မေလထဲက ကာတွန်းတွေဖြစ်နေတယ်။   အဲဒီတော့ မေလအတွက် ရေးစရာနည်းသွားလို့ ဒီပိုစ့်နဲ့တင် အကြွေးရှင်းနို်င်ပါပြီ။ :kwi:    နိုင်သင့်သူ ဆိုတဲ့ စကားလုံးကို အလေးထားပြီး ဖတ်ဖြစ်တယ်။   အနိုင်ပေးဖို့အတွက် သင့်တော်သူ မဟုတ်ပဲ အနိုင်ပေးလိုက်ရရင် မနိုင်၍သည်းခံရခြင်း …… ဆိုတဲ့ မကောင်းတဲ့ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မယ်။ :b:     ဒီနေရာမှာ ဦးဆောင်နိုင်သူကို ဦးဆောင်ခွင့်ပေးပါ […]